Match Report Serie A UCL&UEL

ကြန္တီရဲ႕ က်စ္လ်စ္တဲ့ ခံစစ္နဲ႔ ရွက္ခ္တာကို ငါးဂိုးျပတ္သြင္းၿပီး ဖိုင္နယ္တက္တဲ့ အင္တာ

အသင္းနဲ႔ အဆင္မေျပဘူးလို႔ အသံထြက္ေနတဲ့ နည္းျပ အန္တိုနီယို ကြန္တီရဲ႕ အင္တာမီလန္အသင္းကေတာ့ ကစားသမားအင္အားမွာ ကြာျခားတဲ့ ရွက္ခ္တာဒိုးနက္စ္အသင္းကို ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္မွာ က်စ္လ်စ္တဲ့ ကစားပုံနဲ႔အတူ ခံစစ္မွာ အေကာင္းဆုံးကာကြယ္သြားၿပီး အဆုံးသတ္ ေသခ်ာတဲ့ တုိက္စစ္ေၾကာင့္ ငါးဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရရွိသြားခဲ့ပါတယ္။

လူကာကူး၊ ေလာ္တာ႐ို မာတီနက္ဇ္တို႔ကို တုိက္စစ္မွာ တင္ကစားၿပီး ေနာက္က ဘာရဲလား၊ ဘ႐ိုဇိုဗစ္ခ်္တုိ႔ရဲ႕ ကြင္းလယ္က အဲရစ္ဆင္မပါေပမယ့္လည္း ပုံစံေကာင္းရခဲ့ၿပီး ရွက္ခ္တာရဲ႕ ဘရာဇီးလ္သားေတြရဲ႕ Passing Lane ေတြကို အေကာင္းဆုံး ပိတ္ဆုိ႔သြားႏုိင္ခဲ့သလို တန္ျပန္တုိက္စစ္ေတြနဲ႔ အျမင့္ေဘာေတြကလည္း ထိေရာက္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ရွက္ခ္တာဂိုးသမား ပုိင္ယာေတာ့ဗ္ရဲ႕ ခပ္လြယ္လြယ္ ကန္တင္မွဳကို ကြင္းလယ္က ဘာရဲလားရရွိသြားၿပီး သူ႕ကို တားဆီးတက္ ေနာက္ခံလူကို ေက်ာ္ၿပီး ျဖတ္တင္ေပးခဲ့တာကို လူကာကူးေခါင္းတုိက္မယ္ထင္ၿပီး လုိက္ေမ်ာေနခဲ့တဲ့ ေနာက္ခံလူေတြၾကားကေန မာတီနက္ဇ္က ေခါင္းခုန္တုိက္ၿပီး အဖြင့္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

ရွက္ခ္တာတုိ႔ ေဘာလုံးကိုင္ကစားၿပီး ေခ်ပဂိုးျပန္ရဖို႔ ႀကဳိးစားေနေပမယ့္ အင္တာတုိ႔ကေတာ့ ေဘာလုံးဆုံးရွဳံးခ်ိန္ေတြမွာ တစ္သင္းလုံးနီးပါး ဆင္းၿပီး ပိတ္ဆုိ႔ခဲ့သလို Pressing ေကာင္းေကာင္းနဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ၿပီး ပထမပုိင္းကိုေတာ့ ေရပန္းစားေနတဲ့ အီတလီသားေတြကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္သြားခဲ့ပါတယ္။

ဒုတိယပုိင္းမွာလည္း ရွက္ခ္တာတုိ႔ ကစားအား မတင္ႏုိင္ခဲ့သလို ထိုးေဖာက္မွဳေတြလည္း မထိေရာက္ခဲ့တာေၾကာင့္ တစ္ခ်ိန္လုံး ဒုကၡေပးေနတဲ့ အင္တာမီလန္ရဲ႕ ေကာင္တာေတြကို ခံခဲ့ရၿပီး ဂိုးသမား ပုိင္ယာေတာ့ဗ္ ကာကြယ္ေနခဲ့ေပမယ့္ ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဘ႐ိုဇိုဗစ္ခ်္ ကန္တင္ေပးတာကို ဒမ္ဘ႐ိုဆီယိုက ေခါင္းတုိက္ၿပီး ဒုတိယဂိုးရယူခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ရွက္ခ္တာေနာက္တန္းရဲ႕ ေပါ့ေလ်ာ့မွဳကေန ဘ႐ိုဇိုဗစ္ခ်္ လုယူသြားခဲ့ၿပီး ေရွ႕ကို ေမွ်ာထိုးေပးတာကို လူကာကူးက ေနာက္က ေျပးလုိက္လာတဲ့ မာတီနက္ဇ္ရဲ႕ လမ္းေၾကာင္းထဲ ထည့္ေပးခဲ့တာကို အာဂ်င္တီးနားသားက ညာဘက္ေအာက္ေထာင့္ကို ကန္သြင္းခဲ့ရာမွာ လက္ပ်က္ေနတဲ့ ပုိင္ယာေတာ့ဗ္ မကာကြယ္ႏုိင္ခဲ့လုိ႔ တတိယဂိုးရခဲ့ပါတယ္။

ဒီဂိုးေနာက္ပုိင္းမွာေတာ့ ရွက္ခ္တာတုိ႔ ပုိအမွားမ်ားလာခဲ့ၿပီး ခံစစ္ဇုန္မွာ အႏၲရာယ္မ်ားတဲ့ ပုံစံမ်ဳိး ကစားေနခဲ့သလို ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ လူစားဝင္ကစားသမား ကိုႏိုပယ္လ္ယန္ကာရဲ႕ ေပးပုိ႔မွဳအမွားကေန ေဘာလုံးရသြားခဲ့တဲ့ မာတီနက္ဇ္ ပုိ႔ေပးတာကို လူကာကူးက ဂိုးဧရိယာထဲကေန ဘယ္ေျခနဲ႔ စိတ္ႀကဳိက္ကန္သြင္းႏုိင္ခဲ့ရာမွာ စတုတၳဂိုးနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဂိုးရအၿပီးမွာေတာ့ အဲရစ္ဆင္နဲ႔ ဗစ္တာ မုိးဆက္စ္တုိ႔ ဝင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ခံစစ္ဇုန္မွာ ေဘာလုံးလုယူႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဒီဗရီးရဲ႕ ေပးပုိ႔မွဳကေန လူကာကူးက ေနာက္ခံလူ ခိုခ်ဳိလာဗာကုိ တစ္ဦးခ်င္း ေက်ာ္ေျပးၿပီး အနိမ့္ေဘာကန္သြင္းခဲ့ရာမွာ ပုိင္ယာေတာ့ဗ္ မကာကြယ္ႏုိင္ခဲ့လို႔ အင္တာမီလန္တုိ႔ ပဥၥမဂိုး ရယူႏုိင္ခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ နည္းျပ ကြန္တီနဲ႔ အင္တာမီလန္တုိ႔ ဆီမီးဖိုင္နယ္အဆင့္မွာ ဂိုးျပတ္ႏုိင္ပြဲနဲ႔အတူ ဂုဏ္ယူႏုိင္ခဲ့ၿပီး လူကာကူနဲ႔ မာတီနက္ဇ္တုိ႔ရဲ႕ ႏွစ္ဂိုးစီ သြင္းယူႏုိင္ခဲ့မွဳနဲ႔အတူ ဗိုလ္လုပြဲမွာ ေစာင့္ႀကဳိေနခဲ့တဲ့ ဒီၿပဳိင္ပြဲရဲ႕ အေအာင္ျမင္ဆုံးျဖစ္တဲ့ ဆီဗီလာတုိ႔နဲ႔ ရင္ဆုိင္ရေတာ့မွာျဖစ္ၿပီး ကြန္တီအေနနဲ႔ ေအာင္ျမင္မွဳ ရယူၿပီး အသင္းနဲ႔ ဆက္ဆံေရးကို ရင္ၾကားေစ့ႏုိင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အသင်းနဲ့ အဆင်မပြေဘူးလို့ အသံထွက်နေတဲ့ နည်းပြ အန်တိုနီယို ကွန်တီရဲ့ အင်တာမီလန်အသင်းကတော့ ကစားသမားအင်အားမှာ ကွာခြားတဲ့ ရှက်ခ်တာဒိုးနက်စ်အသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ကျစ်လျစ်တဲ့ ကစားပုံနဲ့အတူ ခံစစ်မှာ အကောင်းဆုံးကာကွယ်သွားပြီး အဆုံးသတ် သေချာတဲ့ တိုက်စစ်ကြောင့် ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

လူကာကူး၊ လော်တာရို မာတီနက်ဇ်တို့ကို တိုက်စစ်မှာ တင်ကစားပြီး နောက်က ဘာရဲလား၊ ဘရိုဇိုဗစ်ချ်တို့ရဲ့ ကွင်းလယ်က အဲရစ်ဆင်မပါပေမယ့်လည်း ပုံစံကောင်းရခဲ့ပြီး ရှက်ခ်တာရဲ့ ဘရာဇီးလ်သားတွေရဲ့ Passing Lane တွေကို အကောင်းဆုံး ပိတ်ဆို့သွားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့ အမြင့်ဘောတွေကလည်း ထိရောက်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ရှက်ခ်တာဂိုးသမား ပိုင်ယာတော့ဗ်ရဲ့ ခပ်လွယ်လွယ် ကန်တင်မှုကို ကွင်းလယ်က ဘာရဲလားရရှိသွားပြီး သူ့ကို တားဆီးတက် နောက်ခံလူကို ကျော်ပြီး ဖြတ်တင်ပေးခဲ့တာကို လူကာကူးခေါင်းတိုက်မယ်ထင်ပြီး လိုက်မျောနေခဲ့တဲ့ နောက်ခံလူတွေကြားကနေ မာတီနက်ဇ်က ခေါင်းခုန်တိုက်ပြီး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရှက်ခ်တာတို့ ဘောလုံးကိုင်ကစားပြီး ချေပဂိုးပြန်ရဖို့ ကြိုးစားနေပေမယ့် အင်တာတို့ကတော့ ဘောလုံးဆုံးရှုံးချိန်တွေမှာ တစ်သင်းလုံးနီးပါး ဆင်းပြီး ပိတ်ဆို့ခဲ့သလို Pressing ကောင်းကောင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ပြီး ပထမပိုင်းကိုတော့ ရေပန်းစားနေတဲ့ အီတလီသားတွေကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ရှက်ခ်တာတို့ ကစားအား မတင်နိုင်ခဲ့သလို ထိုးဖောက်မှုတွေလည်း မထိရောက်ခဲ့တာကြောင့် တစ်ချိန်လုံး ဒုက္ခပေးနေတဲ့ အင်တာမီလန်ရဲ့ ကောင်တာတွေကို ခံခဲ့ရပြီး ဂိုးသမား ပိုင်ယာတော့ဗ် ကာကွယ်နေခဲ့ပေမယ့် ပွဲချိန် ၆၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဘရိုဇိုဗစ်ချ် ကန်တင်ပေးတာကို ဒမ်ဘရိုဆီယိုက ခေါင်းတိုက်ပြီး ဒုတိယဂိုးရယူခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ရှက်ခ်တာနောက်တန်းရဲ့ ပေါ့လျော့မှုကနေ ဘရိုဇိုဗစ်ချ် လုယူသွားခဲ့ပြီး ရှေ့ကို မျှောထိုးပေးတာကို လူကာကူးက နောက်က ပြေးလိုက်လာတဲ့ မာတီနက်ဇ်ရဲ့ လမ်းကြောင်းထဲ ထည့်ပေးခဲ့တာကို အာဂျင်တီးနားသားက ညာဘက်အောက်ထောင့်ကို ကန်သွင်းခဲ့ရာမှာ လက်ပျက်နေတဲ့ ပိုင်ယာတော့ဗ် မကာကွယ်နိုင်ခဲ့လို့ တတိယဂိုးရခဲ့ပါတယ်။

ဒီဂိုးနောက်ပိုင်းမှာတော့ ရှက်ခ်တာတို့ ပိုအမှားများလာခဲ့ပြီး ခံစစ်ဇုန်မှာ အန္တရာယ်များတဲ့ ပုံစံမျိုး ကစားနေခဲ့သလို ပွဲချိန် ၇၈ မိနစ်မှာတော့ လူစားဝင်ကစားသမား ကိုနိုပယ်လ်ယန်ကာရဲ့ ပေးပို့မှုအမှားကနေ ဘောလုံးရသွားခဲ့တဲ့ မာတီနက်ဇ် ပို့ပေးတာကို လူကာကူးက ဂိုးဧရိယာထဲကနေ ဘယ်ခြေနဲ့ စိတ်ကြိုက်ကန်သွင်းနိုင်ခဲ့ရာမှာ စတုတ္ထဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဂိုးရအပြီးမှာတော့ အဲရစ်ဆင်နဲ့ ဗစ်တာ မိုးဆက်စ်တို့ ဝင်ကစားခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ ခံစစ်ဇုန်မှာ ဘောလုံးလုယူနိုင်ခဲ့တဲ့ နောက်ခံလူ ဒီဗရီးရဲ့ ပေးပို့မှုကနေ လူကာကူးက နောက်ခံလူ ခိုချိုလာဗာကို တစ်ဦးချင်း ကျော်ပြေးပြီး အနိမ့်ဘောကန်သွင်းခဲ့ရာမှာ ပိုင်ယာတော့ဗ် မကာကွယ်နိုင်ခဲ့လို့ အင်တာမီလန်တို့ ပဉ္စမဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ ကွန်တီနဲ့ အင်တာမီလန်တို့ ဆီမီးဖိုင်နယ်အဆင့်မှာ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဂုဏ်ယူနိုင်ခဲ့ပြီး လူကာကူနဲ့ မာတီနက်ဇ်တို့ရဲ့ နှစ်ဂိုးစီ သွင်းယူနိုင်ခဲ့မှုနဲ့အတူ ဗိုလ်လုပွဲမှာ စောင့်ကြိုနေခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ဆီဗီလာတို့နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ကွန်တီအနေနဲ့ အောင်မြင်မှု ရယူပြီး အသင်းနဲ့ ဆက်ဆံရေးကို ရင်ကြားစေ့နိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.