International Match Report

ဗိုလ်လုပွဲမှာ ခြင်္သေ့မတွေနဲ့‌ တွေ့ဖို့ လင်းယုန်မတွေ ပျံသန်းလာခဲ့တဲ့ ဂျာမနီရဲ့ နိုင်ပွဲ

ဂျာမနီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖရုမ်းစ်၊ ခံစစ်မှာ ဂဗင်းန်၊ ဟင်းဒရစ်ချ်၊ ဟယ်ဂါရင်း၊ ရောက်ချ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ အိုဘာဒေါ့ဖ်၊ မက်ဂါးလ်၊ ဒဲဘရစ်ဇ်တို့နဲ့ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ သူတို့ရဲ့ ဂိုးသွင်းဘုရင်နဲ့ အသင်းခေါင်းဆောင် ပေါ့ပ်၊ ဘရန်းဒ်နဲ့ ဟုထ်တို့ကို သုံးပြုလာခဲ့တာဖြစ်ပါတယ်။

အဖွင့်ပွဲမှာ ခြေစွမ်းကောင်းခဲ့ပေမယ့် ဒုတိယပွဲကစပြီး စိန်အိုးစည်ဖြစ်သွားခဲ့တဲ့ ပြင်သစ်ကတော့ ဂိုးသမား ပေရို-မဂ္ဂနင်၊ အသင်းခေါင်းဆောင် ရေးနာ့ဒ်၊ အမ်ဘော့ဘာသီ၊ ပယ်ရီဆေး၊ ကာချာဝီတို့နဲ့ ခံစစ်မှာ အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဂယ်ယိုရို၊ တိုလက်တီနဲ့ ဘီလ်ဘိုတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ မာလာ့ဒ်၊ ကက်စ်ကာရီနိုနဲ့ ဒီယာနီတို့ ကစားလာခဲ့ကြပါတယ်။

ထာဝရ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး လူဆွမ်းမား၊ ဝါရင့်ကွင်းလယ်လူ အွန်နရီ၊ တောင်ပံသမား ဂိုဗင်တို့လို ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ အဓိက ကစားသမားတွေကို ချန်လှပ်ထားခဲ့တာက ပြင်သစ်တို့ကို အသင်းကြီးတစ်သင်းရဲ့ စိုးမိုးနိုင်မှုမျိုးကနေ လျော့ကျစေပြီး ပြိုင်ပွဲတိုင်းမှာ ခြေမှန်တတ်တဲ့ ဂျာမနီတို့ကတော့ ဒီနေ့ပွဲကို ပိုပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့ကြတာပါ။

ပွဲချိန် မိနစ် ၄၀ မှာ ဂျာမနီတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ အမျိုးသမီး ယူရို ၂၀၂၂ ပြိုင်ပွဲရဲ့ ပွဲစဉ်တိုင်းမှာ အနည်းဆုံးတစ်ဂိုး ရယူပေးထားတဲ့ တိုက်စစ်မှူး အလက်ဇန်ဒရာ ပေါ့ပ်က တောင်ပံကစားသမား ဟုထ်ရဲ့ ဖြတ်တင်ဘောကို အမ်ဘော့ဘာသီ ခေါင်းတိုက်ရှင်းထုတ်ပုံ ညံ့ခဲ့လို့ လွဲချော်သွားရာကနေ ကျော်ကျလာတဲ့ ဘောလုံးကို ပြေးပိတ်ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမန်တွေရဲ့ အပျော်ကတော့ သိပ်ကြာကြာ မခံလိုက်ဘဲ လေးမိနစ်အကြာမှာ ဂိုးပြန်ပေးခဲ့ရပြီး ဒီဂိုးကိုတော့ ပွဲချိန် ၄၄ မိနစ်မှာ တိုလက်တီ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို တိုက်စစ်မှူး ဒီယာနီက တစ်ချက်ထိန်းပြီး ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့ရာမှာ တိုင်ထိပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးက ဒိုက်ပစ်ကာကွယ်ဖို့ ကြိုးစားတဲ့ ဂိုးသမား ဖရုမ်းစ်ရဲ့ ကျောကို ပြန်မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ပထမပိုင်းမှာ အရှုံးအနိုင် မပေါ်ဘဲ တစ်ဂိုးစီ သရေကျနေခဲ့အပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ပြင်သစ်တို့ရဲ့ ခြေစွမ်းက တက်မလာခဲ့ဘဲ အစေးသိပ်မကပ်သလို ပုံစံကိုပဲ ပြသနေခဲ့သလို ဂျာမန်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖြတ်တင်ဘောတွေကို ပိုမိုအသုံးပြုပြီး တိုက်စစ်ဆင်နေခဲ့တာပါ။

ပြင်သစ်တို့ရဲ့ လျော့ရဲရဲ ကစားဟန်ကို ဂျာမန်ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်း ကစားဟန်က ပိုမိုဖျက်ဆီးသွားခဲ့ပြီး ပွဲကြီးတွေမှာ ဦးဆောင်လေ့ရှိတဲ့ ဝါရင့်နောက်ခံလူ အမျိုးသမီး ဗန်ဒိုက်လို့ ကျော်ကြားတဲ့ အသင်းခေါင်းဆောင် ဝင်ဒီ ရေးနာ့ဒ်လည်း မောင်းနှင်နိုင်ခြင်း မရှိတာက သူတို့အတွက်တော့ ကြမ္မာငင်မှုလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဂျာမနီတို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုလည်း ပေါ့ပ်ကပဲ သွင်းယူခဲ့သလို ညာခြမ်းက ဟုထ်ရဲ့ ဖြတ်တင်ဘောကို ရေးနာ့ဒ်ရော သူ့ရဲ့ လီယွန်အသင်းဖော် အမ်ဘော့ဘာသီပါ ရှင်းမထုတ်နိုင်ခဲ့တာကို ဂိုးသွင်းဘုရင် ပေါ့ပ်က ပြေးဝင်ခေါင်းတိုက်ပြီး ပြင်သစ်ခံစစ်ကို အလဲထိုးသွားခဲ့ချိန်မှာ အင်္ဂလန်တိုက်စစ်မှူး ဘက်သ် မိဒ်ရဲ့ သွင်းဂိုး ၆ ဂိုးကိုပါ လိုက်မီသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာလည်း ပြင်သစ်တို့ တင်မကစားနိုင်ခဲ့ဘဲ ဂျာမန်ခံစစ်ရဲ့ ရိုက်ချိုးခြင်းကိုပဲ ခံနေခဲ့ရသလို ဂိုးလိုနေတဲ့ အသင်းတစ်သင်းရဲ့ ဆာလောင်မှုမျိုးကို သိပ်မတွေ့ရဘဲ ဖြုန်းတီးမှုတွေ များနေခဲ့ပြီး ပွဲပြီးခါနီးမှာ ဂိုးရှေ့က ဖရီးကစ်ကို ခေါင်းတိုက်ဖို့ တင်ပေးရမယ့်အစား ပွဲကြည့်စင်ပေါ်က ပရိသတ်ထဲ ကန်ထည့်တဲ့ နောက်ခံလူ ဆယ်လ်မာ ဘာချာလို ကစားသမားမျိုးတွေနဲ့ကတော့ အရှုံးနဲ့ပဲ ထိုက်တန်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂျာမနီတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံး ပါဝင်မှု ၁၁ ကြိမ်မှာ ၉ ကြိမ်မြောက် ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့သလို ဖိုင်နယ်တက်တိုင်း ဗိုလ်စွဲတဲ့ နောက်ဆုံး ၈ ကြိမ်က မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာကတော့ ၅ ပွဲဆက်တိုက်မှာ ၆ ဂိုး ရယူနိုင်ခဲ့ပြီး ဂန္ထဝင် အင်ကာ ဂရင်းစ်ရဲ့ ခြေရာနင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်ဒရာ ပေါ့ပ်နဲ့အတူ စောင့်ကြည့်ရတော့မှာပါ။

တစ်ဖက်မှာလည်း တိုက်စစ်အင်အားကို ပြသထားခဲ့တဲ့ အင်္ဂလန်တို့အနေနဲ့ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၂၀ ရရှိထားခဲ့ပြီး ဘက်သ် မိဒ်က သွင်းဂိုး ၆ ဂိုးနဲ့ ရွှေဖိနပ်ဆုအတွက် ပေါ့ပ်နဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်သလို နောက်တစ်ဂိုးရရင် ပြိုင်ပွဲရဲ့ ဂိုးသွင်းစံချိန်သစ်ကို နှစ်ယောက်စလုံး ချိုးဖျက်နိုင်မှာဖြစ်လို့ တစ်ခါမှ ဗိုလ်မစွဲဖူးသေးဘဲ ဖိုင်နယ် ၃ ကြိမ်သာ ရောက်ဖူးသေးတဲ့ အိမ်ရှင် ခြင်္သေ့မတွေရဲ့ ခြေစွမ်းကိုလည်း မျှော်လင့်ကြရမှာဖြစ်ပါတယ်။

နည်းပြ ဆာရီနာ ဗီးဂ်မန်းလက်ထဲမှာ စိတ်ဓာတ်တက်ကြွပြီး အသွင်သစ်နဲ့ဖြစ်နေတဲ့ အင်္ဂလန်တို့အနေနဲ့ ဒီပြိုင်ပွဲရဲ့ အသင်းလိုက်ဂိုးသွင်းစံချိန်ဖြစ်တဲ့ ၂၀၀၉ ခုနှစ်က ဂျာမနီရဲ့ ၂၁ ဂိုး စံချိန်ကို လိုက်မီနိုင်မလား၊ ချိုးဖျက်နိုင်မလား ဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ကျင်းပမယ့် ဝင်ဘလီကွင်းကြီးက ဗိုလ်လုပွဲမှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာမနီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဖ႐ုမ္းစ္၊ ခံစစ္မွာ ဂဗင္းန္၊ ဟင္းဒရစ္ခ်္၊ ဟယ္ဂါရင္း၊ ေရာက္ခ်္တို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အိုဘာေဒါ့ဖ္၊ မက္ဂါးလ္၊ ဒဲဘရစ္ဇ္တို႔နဲ႔ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ သူတို႔ရဲ႕ ဂိုးသြင္းဘုရင္နဲ႔ အသင္းေခါင္းေဆာင္ ေပါ့ပ္၊ ဘရန္းဒ္နဲ႔ ဟုထ္တို႔ကို သုံးျပဳလာခဲ့တာျဖစ္ပါတယ္။

အဖြင့္ပြဲမွာ ေျခစြမ္းေကာင္းခဲ့ေပမယ့္ ဒုတိယပြဲကစၿပီး စိန္အိုးစည္ျဖစ္သြားခဲ့တဲ့ ျပင္သစ္ကေတာ့ ဂိုးသမား ေပ႐ို-မဂၢနင္၊ အသင္းေခါင္းေဆာင္ ေရးနာ့ဒ္၊ အမ္ေဘာ့ဘာသီ၊ ပယ္ရီေဆး၊ ကာခ်ာဝီတို႔နဲ႔ ခံစစ္မွာ အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဂယ္ယို႐ို၊ တိုလက္တီနဲ႔ ဘီလ္ဘိုတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ မာလာ့ဒ္၊ ကက္စ္ကာရီႏိုနဲ႔ ဒီယာနီတို႔ ကစားလာခဲ့ၾကပါတယ္။

ထာဝရ ဂိုးသြင္းအမ်ားဆုံး တိုက္စစ္မႉး လူဆြမ္းမား၊ ဝါရင့္ကြင္းလယ္လူ အြန္နရီ၊ ေတာင္ပံသမား ဂိုဗင္တို႔လို ကမာၻ႔ဖလားမွာ ေျခစြမ္းျပခဲ့တဲ့ အဓိက ကစားသမားေတြကို ခ်န္လွပ္ထားခဲ့တာက ျပင္သစ္တို႔ကို အသင္းႀကီးတစ္သင္းရဲ႕ စိုးမိုးႏိုင္မႈမ်ိဳးကေန ေလ်ာ့က်ေစၿပီး ၿပိဳင္ပြဲတိုင္းမွာ ေျခမွန္တတ္တဲ့ ဂ်ာမနီတို႔ကေတာ့ ဒီေန႔ပြဲကို ပိုၿပီး ထိထိေရာက္ေရာက္ ကစားႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ ဂ်ာမနီတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ အမ်ိဳးသမီး ယူ႐ို ၂၀၂၂ ၿပိဳင္ပြဲရဲ႕ ပြဲစဥ္တိုင္းမွာ အနည္းဆုံးတစ္ဂိုး ရယူေပးထားတဲ့ တိုက္စစ္မႉး အလက္ဇန္ဒရာ ေပါ့ပ္က ေတာင္ပံကစားသမား ဟုထ္ရဲ႕ ျဖတ္တင္ေဘာကို အမ္ေဘာ့ဘာသီ ေခါင္းတိုက္ရွင္းထုတ္ပုံ ညံ့ခဲ့လို႔ လြဲေခ်ာ္သြားရာကေန ေက်ာ္က်လာတဲ့ ေဘာလုံးကို ေျပးပိတ္ၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္ေတြရဲ႕ အေပ်ာ္ကေတာ့ သိပ္ၾကာၾကာ မခံလိုက္ဘဲ ေလးမိနစ္အၾကာမွာ ဂိုးျပန္ေပးခဲ့ရၿပီး ဒီဂိုးကိုေတာ့ ပြဲခ်ိန္ ၄၄ မိနစ္မွာ တိုလက္တီ ေခါင္းတိုက္ခ်ေပးတဲ့ ေဘာလုံးကို တိုက္စစ္မႉး ဒီယာနီက တစ္ခ်က္ထိန္းၿပီး ဧရိယာထိပ္ကေန အျပင္းကန္သြင္းခဲ့ရာမွာ တိုင္ထိၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးက ဒိုက္ပစ္ကာကြယ္ဖို႔ ႀကိဳးစားတဲ့ ဂိုးသမား ဖ႐ုမ္းစ္ရဲ႕ ေက်ာကို ျပန္မွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့တာေၾကာင့္ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ပထမပိုင္းမွာ အရႈံးအႏိုင္ မေပၚဘဲ တစ္ဂိုးစီ သေရက်ေနခဲ့အၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာလည္း ျပင္သစ္တို႔ရဲ႕ ေျခစြမ္းက တက္မလာခဲ့ဘဲ အေစးသိပ္မကပ္သလို ပုံစံကိုပဲ ျပသေနခဲ့သလို ဂ်ာမန္တို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ျဖတ္တင္ေဘာေတြကို ပိုမိုအသုံးျပဳၿပီး တိုက္စစ္ဆင္ေနခဲ့တာပါ။

ျပင္သစ္တို႔ရဲ႕ ေလ်ာ့ရဲရဲ ကစားဟန္ကို ဂ်ာမန္ကစားသမားေတြရဲ႕ ခပ္ၾကမ္းၾကမ္း ကစားဟန္က ပိုမိုဖ်က္ဆီးသြားခဲ့ၿပီး ပြဲႀကီးေတြမွာ ဦးေဆာင္ေလ့ရွိတဲ့ ဝါရင့္ေနာက္ခံလူ အမ်ိဳးသမီး ဗန္ဒိုက္လို႔ ေက်ာ္ၾကားတဲ့ အသင္းေခါင္းေဆာင္ ဝင္ဒီ ေရးနာ့ဒ္လည္း ေမာင္းႏွင္ႏိုင္ျခင္း မရွိတာက သူတို႔အတြက္ေတာ့ ၾကမၼာငင္မႈလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဂ်ာမနီတို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုလည္း ေပါ့ပ္ကပဲ သြင္းယူခဲ့သလို ညာျခမ္းက ဟုထ္ရဲ႕ ျဖတ္တင္ေဘာကို ေရးနာ့ဒ္ေရာ သူ႔ရဲ႕ လီယြန္အသင္းေဖာ္ အမ္ေဘာ့ဘာသီပါ ရွင္းမထုတ္ႏိုင္ခဲ့တာကို ဂိုးသြင္းဘုရင္ ေပါ့ပ္က ေျပးဝင္ေခါင္းတိုက္ၿပီး ျပင္သစ္ခံစစ္ကို အလဲထိုးသြားခဲ့ခ်ိန္မွာ အဂၤလန္တိုက္စစ္မႉး ဘက္သ္ မိဒ္ရဲ႕ သြင္းဂိုး ၆ ဂိုးကိုပါ လိုက္မီသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာလည္း ျပင္သစ္တို႔ တင္မကစားႏိုင္ခဲ့ဘဲ ဂ်ာမန္ခံစစ္ရဲ႕ ႐ိုက္ခ်ိဳးျခင္းကိုပဲ ခံေနခဲ့ရသလို ဂိုးလိုေနတဲ့ အသင္းတစ္သင္းရဲ႕ ဆာေလာင္မႈမ်ိဳးကို သိပ္မေတြ႕ရဘဲ ျဖဳန္းတီးမႈေတြ မ်ားေနခဲ့ၿပီး ပြဲၿပီးခါနီးမွာ ဂိုးေရွ႕က ဖရီးကစ္ကို ေခါင္းတိုက္ဖို႔ တင္ေပးရမယ့္အစား ပြဲၾကည့္စင္ေပၚက ပရိသတ္ထဲ ကန္ထည့္တဲ့ ေနာက္ခံလူ ဆယ္လ္မာ ဘာခ်ာလို ကစားသမားမ်ိဳးေတြနဲ႔ကေတာ့ အရႈံးနဲ႔ပဲ ထိုက္တန္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂ်ာမနီတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲရဲ႕ ေနာက္ဆုံး ပါဝင္မႈ ၁၁ ႀကိမ္မွာ ၉ ႀကိမ္ေျမာက္ ဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့သလို ဖိုင္နယ္တက္တိုင္း ဗိုလ္စြဲတဲ့ ေနာက္ဆုံး ၈ ႀကိမ္က မွတ္တမ္းကို ဆက္လက္ထိန္းသိမ္းႏိုင္မလားဆိုတာကေတာ့ ၅ ပြဲဆက္တိုက္မွာ ၆ ဂိုး ရယူႏိုင္ခဲ့ၿပီး ဂႏၴဝင္ အင္ကာ ဂရင္းစ္ရဲ႕ ေျခရာနင္းႏိုင္ခဲ့တဲ့ တိုက္စစ္မႉး အလက္ဇန္ဒရာ ေပါ့ပ္နဲ႔အတူ ေစာင့္ၾကည့္ရေတာ့မွာပါ။

တစ္ဖက္မွာလည္း တိုက္စစ္အင္အားကို ျပသထားခဲ့တဲ့ အဂၤလန္တို႔အေနနဲ႔ ၿပိဳင္ပြဲတစ္ေလွ်ာက္ သြင္းဂိုး ၂၀ ရရွိထားခဲ့ၿပီး ဘက္သ္ မိဒ္က သြင္းဂိုး ၆ ဂိုးနဲ႔ ေ႐ႊဖိနပ္ဆုအတြက္ ေပါ့ပ္နဲ႔အတူ ယွဥ္ၿပိဳင္ရမွာျဖစ္သလို ေနာက္တစ္ဂိုးရရင္ ၿပိဳင္ပြဲရဲ႕ ဂိုးသြင္းစံခ်ိန္သစ္ကို ႏွစ္ေယာက္စလုံး ခ်ိဳးဖ်က္ႏိုင္မွာျဖစ္လို႔ တစ္ခါမွ ဗိုလ္မစြဲဖူးေသးဘဲ ဖိုင္နယ္ ၃ ႀကိမ္သာ ေရာက္ဖူးေသးတဲ့ အိမ္ရွင္ ျခေသၤ့မေတြရဲ႕ ေျခစြမ္းကိုလည္း ေမွ်ာ္လင့္ၾကရမွာျဖစ္ပါတယ္။

နည္းျပ ဆာရီနာ ဗီးဂ္မန္းလက္ထဲမွာ စိတ္ဓာတ္တက္ႂကြၿပီး အသြင္သစ္နဲ႔ျဖစ္ေနတဲ့ အဂၤလန္တို႔အေနနဲ႔ ဒီၿပိဳင္ပြဲရဲ႕ အသင္းလိုက္ဂိုးသြင္းစံခ်ိန္ျဖစ္တဲ့ ၂၀၀၉ ခုႏွစ္က ဂ်ာမနီရဲ႕ ၂၁ ဂိုး စံခ်ိန္ကို လိုက္မီႏိုင္မလား၊ ခ်ိဳးဖ်က္ႏိုင္မလား ဆိုတာလည္း ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လာမယ့္ ဇူလိုင္လ ၃၁ ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ ည ၁၀ နာရီခြဲမွာ က်င္းပမယ့္ ဝင္ဘလီကြင္းႀကီးက ဗိုလ္လုပြဲမွာ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.