International Match Report

ဆွီဒင်ကို ဂိုးပြတ်သွင်းပြီး ခြင်္သေ့စိတ်ထားနဲ့ အမျိုးသမီးယူရိုဖိုင်နယ်တက်တဲ့ အင်္ဂလန်

နည်းပြ ဆာရီနာ ဗီးဂ်မန်း ဦးဆောင်နေတဲ့ ယူရိုဖေးဘရိတ် အိမ်ရှင်အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာလည်း အပြောင်းအလဲမရှိတဲ့ လူစာရင်းနဲ့ပဲ ကစားခဲ့ပြီး ဂိုးသမား မေရီ အာ့ပ်စ်၊ ခံစစ်မှာ လူစီ ဘရွန့်ဇ်၊ မီလီ ဘရိုက်၊ လီယာ ဝီလီယမ်ဆန်နဲ့ ရေချယ် ဒေလီတို့ ပွဲထွက်ခဲ့ကြသလို ကွင်းလယ်မှာတော့ ကီရာ ဝဲ့လ်ရှ်၊ ဂျော်ဂျာ စတန်ဝေး၊ ဖရန် ကာဘီတို့နဲ့ စုဖွဲ့ခဲ့သလို တိုက်စစ်မှာတော့ အယ်လင် ဝှိုက်၊ လော်ရင် ဟမ့်ပ်နဲ့ ဂိုးသွင်းဘုရင်မ ဘက်သ် မိဒ်တို့ကို ခင်းကျင်းလာခဲ့ပါတယ်။

ရှက်ဖီးလ်ဒ်ယူနိုက်တက်အိမ်ကွင်း ဘရမ်းမောလ်လိန်းမှာ ကစားခဲ့ရတဲ့ ဒီနေ့ပွဲမှာ ဆွီဒင်အသင်းကတော့ ဂိုးသမား လင်ဒါးလ်၊ ခံစစ်မှာ ဆမ်ဘရန့်၊ လီလ်စတက်ဒ်၊ အဲရစ်ဆန်၊ ဂလာ့စ်တို့ ပွဲထွက်လာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဘယွန်း၊ အန်ဂယ်လ်ဒါးလ်နဲ့ ရော်လ်ဖိုတို့ ကစားခဲ့ကြချိန်မှာ တိုက်စစ်ကိုတော့ ဘလက်ခ်စတန်းနီးယပ်စ်၊ ယာကော့ဘ်ဆန်နဲ့ အက်စ်လာနီတို့ကို အသုံးပြုလာခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပွဲကို ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ပြီး ဝဲ့လ်ရှ်ရဲ့ အထိန်းအသိမ်းကောင်းမွန်ပြီး အကွက်မြင်တဲ့ Deep Lying Playmaker နေရာက အစွမ်းပြမှုနဲ့ ခြေသွက်တဲ့ စတန်ဝေး၊ ဝါရင့် ကာဘီတို့ရဲ့ ကွင်းလယ်က ဆွီဒင်ကို ပညာပြနိုင်ခဲ့ပေမယ့် တိုက်စစ်မှာ ကောင်းသလောက် ခံစစ်နေရာယူပုံ ချာနေတဲ့ ညာနောက်ခံလူ ဘရွန့်ဇ်ကြောင့် ဂိုးပေးရဖို့ နှစ်ကြိမ်သုံးကြိမ်လောက် ကြုံခဲ့ရတာပါ။

ပွဲဆက်များလာချိန်မှာ ကုန်နေပုံရတဲ့ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူး ဝှိုက်ကတော့ ရှေ့တန်းမှာ ရုန်းကန်ခဲ့ရပြီး လေးလံပါတယ်ဆိုတဲ့ ဆွီဒင် ဗဟိုခံစစ်ကိုတောင် ထိုးဖောက်ဖို့ ခက်နေခဲ့သလို ဘယ်ညာတောင်ပံတွေက ဟမ့်ပ်နဲ့ မိဒ်တို့ကလည်း Attacking Midfielder ကာဘီရဲ့ သက်လုံချွေကစားမှုနဲ့ တိုက်စစ်သိပ်မလိုက်တဲ့ ဘယ်နောက်ခံလူ ဒေလီကြောင့် အလုပ်သိပ်မဖြစ်ဘဲနေခဲ့ပါတယ်။

အင်္ဂလန်တို့ တန်ပြန်တိုက်စစ်တွေကပဲ အဓိက ထိုးဖောက်ခဲ့ရသလို ပွဲချိန် ၃၄ မိနစ်မှာတော့ ဂိုးစရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘယ်တောင်ပံ ကစားသမား ဟမ့်ပ်ရဲ့ ဖြတ်တင်မှုကို တိုက်စစ်မှူး ဝှိုက်က မပိတ်နိုင်ဘဲ နောက်ကျခဲ့ပေမယ့် ညာတောင်ပံက ဘောလုံးပြန်ရခဲ့တဲ့ ဘရွန့်ဇ် ချိုးပေးတာကို ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင် မိဒ်က တစ်ချက်ထိန်းပြီး နောက်ခံလူနှစ်ဦးကြားက ကန်သွင်းခဲ့လို့ ခြင်္သေ့မတွေ စတင်ဦးဆောင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ အင်္ဂလန်တို့ အရပ်အမောင်း မြင့်မားတဲ့ ဆွီဒင်တိုက်စစ်ရဲ့ ဖြတ်တင်ဘောတွေနဲ့ တည်ကန်ဘောတွေကို ထိန်းသိမ်းဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး ဂိုးသမား အာ့ပ်စ်ရဲ့ တည်ငြိမ်လွန်းပြီး ချီးကျူးဖို့ ထိုက်တန်တဲ့ လက်စွမ်းကြောင့်သာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ အင်္ဂလန်တို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ မိဒ်က သူ့ကြောင့်ရတဲ့ ထောင့်ကန်ဘောကို သူကိုယ်တိုင်ပဲ ကန်ပို့ပေးရာမှာ ဆွီဒင်နောက်ခံလူတွေကို ကျော်ပြီး ကျလာခဲ့တဲ့ ဘောလုံးကို မာကင်လွတ်နေတဲ့ နောက်ခံလူ ဘရွန့်ဇ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ခြေကျနေတဲ့ အယ်လင် ဝှိုက်အစား ကွင်းထဲ ဝင်လာတာနဲ့ တစ်ခုခုတော့ လုပ်ပြနိုင်တယ်လို့ နာမည်ကြီးနေတဲ့ အီတလီနွယ်ဖွား တိုက်စစ်မှူး အလက်ဆီယာ ရူဆို ဝင်ကစားလာခဲ့ပြီး ဝင်ဝင်ချင်းမှာပဲ သူ့ရဲ့ တန်ပြန်တိုက်စစ်ကနေ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဘယ်ခြမ်းက ဟမ့်ပ် ပိတ်ရာမှာ ဘားထိထွက်သွားခဲ့လို့ အင်္ဂလန်တို့ တစ်ဂိုးနစ်နာခဲ့ရတာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ အင်္ဂလန်တို့ တတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဝဲ့လ်ရှ်ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကနေ ဆွီဒင်ခံစစ်ကြားက ပြေးထွက်သွားတဲ့ ကာဘီ ချိုးပေးရာမှာ ရူဆိုရဲ့ ပိတ်သွင်းချက်ကို ဂိုးသမား လင်ဒါးလ် တားဆီးနိုင်ခဲ့ပေမယ့် ရူဆိုကပဲ ပြန်ထွက်လာတဲ့ ဘောလုံးနောက်ကို ပြေးလိုက်ပြီး နောက်ပေါက်နဲ့ သွင်းယူခဲ့ရာမှာ ဂိုးသမား ပေါင်ကြားထဲက ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ လူစားလဲပြီး ချေပဂိုးရှာဖို့ ကြိုးစားနေတဲ့ ဆွီဒင်တို့ကို အပြီးတိုင် ပြိုလဲစေမယ့် စတုတ္ထဂိုးကို အင်္ဂလန်တို့ သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ လက်ပစ်ဘောကနေ ပျက်လာတဲ့ ဘောလုံးကို မိဒ်က ခင်းပေးခဲ့ရာမှာ ချဲလ်ဆီးရဲ့ ဆရာမကြီး ကာဘီက ဂိုးသမား လင်ဒါးလ်ရဲ့ ခေါင်းပေါ်က ကျော်ပြီး ကန်သွင်းယူနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဖိုင်နယ်တက်ဖို့ သေချာသွားတဲ့ အင်္ဂလန်တို့ ပွဲထွက်ကစားသမားတွေကို အနားပေးသွားခဲ့ပြီး ကာဘီ၊ မိဒ်၊ စတန်ဝေးနဲ့ ဒေလီတို့အစား အယ်လာ တွန်းန်၊ ခလိုဝီ ကယ်လီ၊ ဂျီးလ် စကော့တ်နဲ့ အဲလက်စ် ဂရင်းဝုဒ်တို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းသိမ်းကစားသွားခဲ့သလို မိနစ် ၉၀ အပြည့်မှာတော့ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် အင်္ဂလန်တို့အနေနဲ့ တစ်ဖက်က ဂျာမနီနဲ့ ပြင်သစ်တို့ရဲ့ ဆီမီးဖိုင်နယ်က တက်လာမယ့်အသင်းကို ဝင်ဘလီကွင်းကြီးမှာ ကျင်းပမယ့် ဗိုလ်လုပွဲကနေ စောင့်ဆိုင်းနိုင်ခဲ့သလို ၂၀၀၉ ခုနှစ်နောက်ပိုင်း ယူရိုပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ် ဖိုင်နယ် ပြန်ရောက်နိုင်ခဲ့သလို နည်းပြသစ် ဗီးဂ်မန်းရဲ့ ကိုင်တွယ်မှုနဲ့ ကိုယ့်မြေကိုယ့်ရေမှာ အောင်ပွဲခံနိုင်ဖို့ လက်တစ်ကမ်းအနေအထားကို ရောက်ရှိသွားခဲ့ကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နည္းျပ ဆာရီနာ ဗီးဂ္မန္း ဦးေဆာင္ေနတဲ့ ယူ႐ိုေဖးဘရိတ္ အိမ္ရွင္အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာလည္း အေျပာင္းအလဲမရွိတဲ့ လူစာရင္းနဲ႔ပဲ ကစားခဲ့ၿပီး ဂိုးသမား ေမရီ အာ့ပ္စ္၊ ခံစစ္မွာ လူစီ ဘ႐ြန႔္ဇ္၊ မီလီ ဘ႐ိုက္၊ လီယာ ဝီလီယမ္ဆန္နဲ႔ ေရခ်ယ္ ေဒလီတို႔ ပြဲထြက္ခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ကီရာ ဝဲ့လ္ရွ္၊ ေဂ်ာ္ဂ်ာ စတန္ေဝး၊ ဖရန္ ကာဘီတို႔နဲ႔ စုဖြဲ႕ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လင္ ဝႈိက္၊ ေလာ္ရင္ ဟမ့္ပ္နဲ႔ ဂိုးသြင္းဘုရင္မ ဘက္သ္ မိဒ္တို႔ကို ခင္းက်င္းလာခဲ့ပါတယ္။

ရွက္ဖီးလ္ဒ္ယူႏိုက္တက္အိမ္ကြင္း ဘရမ္းေမာလ္လိန္းမွာ ကစားခဲ့ရတဲ့ ဒီေန႔ပြဲမွာ ဆြီဒင္အသင္းကေတာ့ ဂိုးသမား လင္ဒါးလ္၊ ခံစစ္မွာ ဆမ္ဘရန႔္၊ လီလ္စတက္ဒ္၊ အဲရစ္ဆန္၊ ဂလာ့စ္တို႔ ပြဲထြက္လာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဘယြန္း၊ အန္ဂယ္လ္ဒါးလ္နဲ႔ ေရာ္လ္ဖိုတို႔ ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္ကိုေတာ့ ဘလက္ခ္စတန္းနီးယပ္စ္၊ ယာေကာ့ဘ္ဆန္နဲ႔ အက္စ္လာနီတို႔ကို အသုံးျပဳလာခဲ့ပါတယ္။

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပြဲကို ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားလာခဲ့ၿပီး ဝဲ့လ္ရွ္ရဲ႕ အထိန္းအသိမ္းေကာင္းမြန္ၿပီး အကြက္ျမင္တဲ့ Deep Lying Playmaker ေနရာက အစြမ္းျပမႈနဲ႔ ေျခသြက္တဲ့ စတန္ေဝး၊ ဝါရင့္ ကာဘီတို႔ရဲ႕ ကြင္းလယ္က ဆြီဒင္ကို ပညာျပႏိုင္ခဲ့ေပမယ့္ တိုက္စစ္မွာ ေကာင္းသေလာက္ ခံစစ္ေနရာယူပုံ ခ်ာေနတဲ့ ညာေနာက္ခံလူ ဘ႐ြန႔္ဇ္ေၾကာင့္ ဂိုးေပးရဖို႔ ႏွစ္ႀကိမ္သုံးႀကိမ္ေလာက္ ႀကဳံခဲ့ရတာပါ။

ပြဲဆက္မ်ားလာခ်ိန္မွာ ကုန္ေနပုံရတဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ဝႈိက္ကေတာ့ ေရွ႕တန္းမွာ ႐ုန္းကန္ခဲ့ရၿပီး ေလးလံပါတယ္ဆိုတဲ့ ဆြီဒင္ ဗဟိုခံစစ္ကိုေတာင္ ထိုးေဖာက္ဖို႔ ခက္ေနခဲ့သလို ဘယ္ညာေတာင္ပံေတြက ဟမ့္ပ္နဲ႔ မိဒ္တို႔ကလည္း Attacking Midfielder ကာဘီရဲ႕ သက္လုံေခြၽကစားမႈနဲ႔ တိုက္စစ္သိပ္မလိုက္တဲ့ ဘယ္ေနာက္ခံလူ ေဒလီေၾကာင့္ အလုပ္သိပ္မျဖစ္ဘဲေနခဲ့ပါတယ္။

အဂၤလန္တို႔ တန္ျပန္တိုက္စစ္ေတြကပဲ အဓိက ထိုးေဖာက္ခဲ့ရသလို ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဂိုးစရခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဘယ္ေတာင္ပံ ကစားသမား ဟမ့္ပ္ရဲ႕ ျဖတ္တင္မႈကို တိုက္စစ္မႉး ဝႈိက္က မပိတ္ႏိုင္ဘဲ ေနာက္က်ခဲ့ေပမယ့္ ညာေတာင္ပံက ေဘာလုံးျပန္ရခဲ့တဲ့ ဘ႐ြန႔္ဇ္ ခ်ိဳးေပးတာကို ဒီၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္ မိဒ္က တစ္ခ်က္ထိန္းၿပီး ေနာက္ခံလူႏွစ္ဦးၾကားက ကန္သြင္းခဲ့လို႔ ျခေသၤ့မေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ အဂၤလန္တို႔ အရပ္အေမာင္း ျမင့္မားတဲ့ ဆြီဒင္တိုက္စစ္ရဲ႕ ျဖတ္တင္ေဘာေတြနဲ႔ တည္ကန္ေဘာေတြကို ထိန္းသိမ္းဖို႔ ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရၿပီး ဂိုးသမား အာ့ပ္စ္ရဲ႕ တည္ၿငိမ္လြန္းၿပီး ခ်ီးက်ဴးဖို႔ ထိုက္တန္တဲ့ လက္စြမ္းေၾကာင့္သာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ အဂၤလန္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ မိဒ္က သူ႔ေၾကာင့္ရတဲ့ ေထာင့္ကန္ေဘာကို သူကိုယ္တိုင္ပဲ ကန္ပို႔ေပးရာမွာ ဆြီဒင္ေနာက္ခံလူေတြကို ေက်ာ္ၿပီး က်လာခဲ့တဲ့ ေဘာလုံးကို မာကင္လြတ္ေနတဲ့ ေနာက္ခံလူ ဘ႐ြန႔္ဇ္က ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ေျခက်ေနတဲ့ အယ္လင္ ဝႈိက္အစား ကြင္းထဲ ဝင္လာတာနဲ႔ တစ္ခုခုေတာ့ လုပ္ျပႏိုင္တယ္လို႔ နာမည္ႀကီးေနတဲ့ အီတလီႏြယ္ဖြား တိုက္စစ္မႉး အလက္ဆီယာ ႐ူဆို ဝင္ကစားလာခဲ့ၿပီး ဝင္ဝင္ခ်င္းမွာပဲ သူ႔ရဲ႕ တန္ျပန္တိုက္စစ္ကေန ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ဘယ္ျခမ္းက ဟမ့္ပ္ ပိတ္ရာမွာ ဘားထိထြက္သြားခဲ့လို႔ အဂၤလန္တို႔ တစ္ဂိုးနစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ အဂၤလန္တို႔ တတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဝဲ့လ္ရွ္ရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကေန ဆြီဒင္ခံစစ္ၾကားက ေျပးထြက္သြားတဲ့ ကာဘီ ခ်ိဳးေပးရာမွာ ႐ူဆိုရဲ႕ ပိတ္သြင္းခ်က္ကို ဂိုးသမား လင္ဒါးလ္ တားဆီးႏိုင္ခဲ့ေပမယ့္ ႐ူဆိုကပဲ ျပန္ထြက္လာတဲ့ ေဘာလုံးေနာက္ကို ေျပးလိုက္ၿပီး ေနာက္ေပါက္နဲ႔ သြင္းယူခဲ့ရာမွာ ဂိုးသမား ေပါင္ၾကားထဲက ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ လူစားလဲၿပီး ေခ်ပဂိုးရွာဖို႔ ႀကိဳးစားေနတဲ့ ဆြီဒင္တို႔ကို အၿပီးတိုင္ ၿပိဳလဲေစမယ့္ စတုတၳဂိုးကို အဂၤလန္တို႔ သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ လက္ပစ္ေဘာကေန ပ်က္လာတဲ့ ေဘာလုံးကို မိဒ္က ခင္းေပးခဲ့ရာမွာ ခ်ဲလ္ဆီးရဲ႕ ဆရာမႀကီး ကာဘီက ဂိုးသမား လင္ဒါးလ္ရဲ႕ ေခါင္းေပၚက ေက်ာ္ၿပီး ကန္သြင္းယူႏိုင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဖိုင္နယ္တက္ဖို႔ ေသခ်ာသြားတဲ့ အဂၤလန္တို႔ ပြဲထြက္ကစားသမားေတြကို အနားေပးသြားခဲ့ၿပီး ကာဘီ၊ မိဒ္၊ စတန္ေဝးနဲ႔ ေဒလီတို႔အစား အယ္လာ တြန္းန္၊ ခလိုဝီ ကယ္လီ၊ ဂ်ီးလ္ စေကာ့တ္နဲ႔ အဲလက္စ္ ဂရင္းဝုဒ္တို႔ကို ထည့္သြင္းၿပီး ပြဲကို ထိန္းသိမ္းကစားသြားခဲ့သလို မိနစ္ ၉၀ အျပည့္မွာေတာ့ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အဂၤလန္တို႔အေနနဲ႔ တစ္ဖက္က ဂ်ာမနီနဲ႔ ျပင္သစ္တို႔ရဲ႕ ဆီမီးဖိုင္နယ္က တက္လာမယ့္အသင္းကို ဝင္ဘလီကြင္းႀကီးမွာ က်င္းပမယ့္ ဗိုလ္လုပြဲကေန ေစာင့္ဆိုင္းႏိုင္ခဲ့သလို ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ယူ႐ိုၿပိဳင္ပြဲေတြမွာ ပထမဆုံးအႀကိမ္ ဖိုင္နယ္ ျပန္ေရာက္ႏိုင္ခဲ့သလို နည္းျပသစ္ ဗီးဂ္မန္းရဲ႕ ကိုင္တြယ္မႈနဲ႔ ကိုယ့္ေျမကိုယ့္ေရမွာ ေအာင္ပြဲခံႏိုင္ဖို႔ လက္တစ္ကမ္းအေနအထားကို ေရာက္ရွိသြားခဲ့ၾကေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.