La Liga

ဟာဇက်ပြီးတော့ နောက်ထပ်အဓိကကစားသမားတစ်ဦးကို ထပ်ချိုးလိုက်ပြန်တဲ့ ရူဒီဂါ

အန်တိုနီယို ရူဒီဂါဟာ ခပ်ကြမ်းကြမ်း ကစားတတ်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကစားခဲ့သမျှ အသင်းတိုင်းမှာ ခံစစ်ပိုင်းရဲ့ ခေါင်းဆောင် ဖြစ်ခဲ့သူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်နောက်ခံကစားသမားဟာ နည်းပြ သောမတ်စ် တူဟယ်ရဲ့ လက်အောက်မှာ ကမ္ဘာ့ထိပ်တန်းနောက်ခံကစားသမားအဖြစ် တိုးတက်လာခဲ့သူဖြစ်ပြီး ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ရူဒီဂါက ၎င်းဟာ ဘယ်လောက်တောင် အကြမ်းပတမ်းနိုင်တဲ့ ကစားသမားလဲဆိုတာကို လေ့ကျင့်ရေးမှာတောင် ဟာဇက်နဲ့ မိုဒရစ်တို့ကို ဖျက်ထုတ်ပြီး ပြသခဲ့တာဖြစ်ပါတယ်။

ရူဒီဂါဟာ အယ်လ်ကလက်စီကို ပွဲစဉ်အတွင်းမှာလည်း ဗင်နစ်ရှပ် ဂျူနီယာကို ဂါဗီက ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုပြုလုပ်ခဲ့ပြီးနောက် ဘာစီလိုနာကွင်းလယ်ကစားသမားကို ထိပ်တိုက်ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမန်လူမျိုး နောက်ခံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်ချင်တာကြောင့် ချစ်ကြည်ရေး ခြေစမ်းပွဲပဲဖြစ်ဖြစ်၊ လေ့ကျင့်ရေးမှာပဲဖြစ်ဖြစ် အင်တိုက်အားတိုက် ကစားနေတာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ရူဒီဂါရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကို ခံစားလိုက်ရတဲ့ အသင်းဖော်ကတော့ ဝါရင့် ကွင်းလယ်ကစားသမား လူကာ မိုဒရစ်ဖြစ်ပြီး ဂျာမန် နောက်ခံကစားသမားရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် လေပေါ်မှာပါ ဝဲပျံသွားခဲ့ရတဲ့အထိ ဖြစ်ခဲ့တာဖြစ်ပါတယ်။

လူကာ မိုဒရစ်ဟာ ဘောလုံးကို ဂိုးရှေ့အထိ အရှိန်နဲ့ ဆွဲပြေးလာတဲ့အချိန်မှာ ရူဒီဂါက ခန္ဓာကိုယ်ကို တစောင်းထားပြီး ဘောလုံးကို ခြေထောက်နဲ့ အသာလေး ထောက်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္တိုနီယို ႐ူဒီဂါဟာ ခပ္ၾကမ္းၾကမ္း ကစားတတ္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ကစားခဲ့သမွ် အသင္းတိုင္းမွာ ခံစစ္ပိုင္းရဲ႕ ေခါင္းေဆာင္ ျဖစ္ခဲ့သူျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံကစားသမားဟာ နည္းျပ ေသာမတ္စ္ တူဟယ္ရဲ႕ လက္ေအာက္မွာ ကမာၻ႔ထိပ္တန္းေနာက္ခံကစားသမားအျဖစ္ တိုးတက္လာခဲ့သူျဖစ္ၿပီး ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

႐ူဒီဂါက ၎ဟာ ဘယ္ေလာက္ေတာင္ အၾကမ္းပတမ္းႏိုင္တဲ့ ကစားသမားလဲဆိုတာကို ေလ့က်င့္ေရးမွာေတာင္ ဟာဇက္နဲ႔ မိုဒရစ္တို႔ကို ဖ်က္ထုတ္ၿပီး ျပသခဲ့တာျဖစ္ပါတယ္။

႐ူဒီဂါဟာ အယ္လ္ကလက္စီကို ပြဲစဥ္အတြင္းမွာလည္း ဗင္နစ္ရွပ္ ဂ်ဴနီယာကို ဂါဗီက ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈျပဳလုပ္ခဲ့ၿပီးေနာက္ ဘာစီလိုနာကြင္းလယ္ကစားသမားကို ထိပ္တိုက္ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳး ေနာက္ခံကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားျဖစ္ခ်င္တာေၾကာင့္ ခ်စ္ၾကည္ေရး ေျခစမ္းပြဲပဲျဖစ္ျဖစ္၊ ေလ့က်င့္ေရးမွာပဲျဖစ္ျဖစ္ အင္တိုက္အားတိုက္ ကစားေနတာျဖစ္ပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့ ႐ူဒီဂါရဲ႕ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈကို ခံစားလိုက္ရတဲ့ အသင္းေဖာ္ကေတာ့ ဝါရင့္ ကြင္းလယ္ကစားသမား လူကာ မိုဒရစ္ျဖစ္ၿပီး ဂ်ာမန္ ေနာက္ခံကစားသမားရဲ႕ ျပင္းထန္တဲ့ ဖ်က္ထုတ္မႈေၾကာင့္ ေလေပၚမွာပါ ဝဲပ်ံသြားခဲ့ရတဲ့အထိ ျဖစ္ခဲ့တာျဖစ္ပါတယ္။

လူကာ မိုဒရစ္ဟာ ေဘာလုံးကို ဂိုးေရွ႕အထိ အရွိန္နဲ႔ ဆြဲေျပးလာတဲ့အခ်ိန္မွာ ႐ူဒီဂါက ခႏၶာကိုယ္ကို တေစာင္းထားၿပီး ေဘာလုံးကို ေျခေထာက္နဲ႔ အသာေလး ေထာက္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.