La Liga

လူပါးဝနေတဲ့ ဘာစီလိုနာကို တရားစွဲဖို့ ဒီ ယုံးကို တိုက်တွန်းလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးဟာ ဖရန်ကီ ဒီ ယုံးကို တရားဥပဒေကြောင်းအရ လုပ်ဆောင်ဖို့အတွက် စဉ်းစားဖို့ အကြံပေးခဲ့ပြီး ဒတ်ချ်ကွင်းလယ်ကစားသမားဟာ အနိုင်ကျင့်ခံနေရတာလို့ ပြောကြားခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟက်ဂ်က ယခုနွေရာသီအဓိက ကစားသမားခေါ်ယူမှုအဖြစ် သတ်မှတ်ထားတာကြောင့် မန်ယူနိုက်တက်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဖရန်ကီ ဒီ ယုံးရဲ့ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးဟာ ပြဿနာဖြစ်နေတာမဟုတ်ဘဲ ၂ သင်းစလုံးဟာ ယူရို ၇၅ သန်းနဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ သတင်းတွေက ဖောြ်ပခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းကြားထဲမှာ ရှိနေဆဲဖြစ်ပြီး ဒတ်ချ်ကွင်းလယ်ကစားသမားကို နူးကမ့်မှာ ဆက်နေချင်ရင် လစာ ၅၀ ရာခိုင်နှုန်းအထိ လျှော့ယူရမယ်လို့ ပြောကြားခဲ့ကြောင်း AS က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀ ကိုဗစ်ကာလမှာ လစာလျှော့ယူဖို့ သဘောတူညီခဲ့တဲ့ ဒီ ယုံးကို ဘာစီလိုနာအသင်းက အကြွေး ယူရို ၁၇ သန်း ကျန်ရှိနေဆဲ ဖြစ်ပြီး ဘာစီလိုနာအသင်းဟာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းကို လစာလျှော့ယူဖို့ ပြောကြားခဲ့ပေမယ့် ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ဘာစီလိုနာရဲ့ ဒီ ယုံးအပေါ် ဆက်ဆံပုံကို ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး FIFPRO ကို အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ဒီ ယုံးအနေနဲ့ ဘာစီလိုနာကို တရားဥပဒေကြောင်းအရ လုပ်ဆောင်သွားဖို့ စဉ်းစားသင့်ပြီး ကစားသမားအားလုံးကလည်း သူ့နောက်မှာ ရပ်တည်သင့်ပါတယ်။ သူတို့နဲ့ စာချုပ်ရှိနေတဲ့ ကစားသမားကိုတော့ လစာမပေးဘဲ ကစားသမားသစ်တွေအတွက် ငွေကြေးအကုန်ကျခံပြီး သုံးစွဲနေတာက အကျင့်ပျက်ပြီး ချိုးဖောက်မှုတစ်ခုပါပဲ”

“FIFPRO အနေနဲ့ ဒီလိုမျိုး အနိုင်ကျင့်ဗိုလ်ကျမှုမျိုး ဘယ်နေရာမှာပဲ ဖြစ်နေပါစေ ရပ်တန့်ပေးရပါမယ်”လို့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂယ္ရီ နဗီးဟာ ဖရန္ကီ ဒီ ယုံးကို တရားဥပေဒေၾကာင္းအရ လုပ္ေဆာင္ဖို႔အတြက္ စဥ္းစားဖို႔ အႀကံေပးခဲ့ၿပီး ဒတ္ခ်္ကြင္းလယ္ကစားသမားဟာ အႏိုင္က်င့္ခံေနရတာလို႔ ေျပာၾကားခဲ့ပါတယ္။

နယ္သာလန္ လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ တန္ဟက္ဂ္က ယခုေႏြရာသီအဓိက ကစားသမားေခၚယူမႈအျဖစ္ သတ္မွတ္ထားတာေၾကာင့္ မန္ယူႏိုက္တက္ရဲ႕ ထိပ္တန္းပစ္မွတ္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဖရန္ကီ ဒီ ယုံးရဲ႕ အေျပာင္းအေ႐ႊ႕မွာ ေျပာင္းေ႐ႊ႕ေၾကးဟာ ျပႆနာျဖစ္ေနတာမဟုတ္ဘဲ ၂ သင္းစလုံးဟာ ယူ႐ို ၇၅ သန္းနဲ႔ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္တယ္လို႔ သတင္းေတြက ေဖာျ္ပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ဘ႑ာေရး အၾကပ္အတည္းၾကားထဲမွာ ရွိေနဆဲျဖစ္ၿပီး ဒတ္ခ်္ကြင္းလယ္ကစားသမားကို ႏူးကမ့္မွာ ဆက္ေနခ်င္ရင္ လစာ ၅၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ယူရမယ္လို႔ ေျပာၾကားခဲ့ေၾကာင္း AS က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ၂၀၂၀ ကိုဗစ္ကာလမွာ လစာေလွ်ာ့ယူဖို႔ သေဘာတူညီခဲ့တဲ့ ဒီ ယုံးကို ဘာစီလိုနာအသင္းက အေႂကြး ယူ႐ို ၁၇ သန္း က်န္ရွိေနဆဲ ျဖစ္ၿပီး ဘာစီလိုနာအသင္းဟာ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းကို လစာေလွ်ာ့ယူဖို႔ ေျပာၾကားခဲ့ေပမယ့္ ေငြေၾကးအမ်ားအျပားသုံးစြဲၿပီး ကစားသမားသစ္ေတြ ေခၚယူေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက ဘာစီလိုနာရဲ႕ ဒီ ယုံးအေပၚ ဆက္ဆံပုံကို ျပစ္တင္ႀကိမ္းေမာင္းလိုက္ၿပီး FIFPRO ကို အေရးယူေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

“ဒီ ယုံးအေနနဲ႔ ဘာစီလိုနာကို တရားဥပေဒေၾကာင္းအရ လုပ္ေဆာင္သြားဖို႔ စဥ္းစားသင့္ၿပီး ကစားသမားအားလုံးကလည္း သူ႔ေနာက္မွာ ရပ္တည္သင့္ပါတယ္။ သူတို႔နဲ႔ စာခ်ဳပ္ရွိေနတဲ့ ကစားသမားကိုေတာ့ လစာမေပးဘဲ ကစားသမားသစ္ေတြအတြက္ ေငြေၾကးအကုန္က်ခံၿပီး သုံးစြဲေနတာက အက်င့္ပ်က္ၿပီး ခ်ိဳးေဖာက္မႈတစ္ခုပါပဲ”

“FIFPRO အေနနဲ႔ ဒီလိုမ်ိဳး အႏိုင္က်င့္ဗိုလ္က်မႈမ်ိဳး ဘယ္ေနရာမွာပဲ ျဖစ္ေနပါေစ ရပ္တန႔္ေပးရပါမယ္”လို႔ တြစ္တာလူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.