Premier League Transfer News

ကွန်ဒေးကို မရလို့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းကစားသမားကို ပစ်မှတ်ထားလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒုတိယမြောက် ဗဟိုခံစစ်ကစားသမား ရှာပုံတော်ဖွင့်ရာမှာ လက်စတာစီးတီး နောက်ခံကစားသမား ဖိုဖာနာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဆီဗီလာနောက်ခံလူ ဂျူးစ် ကွန်ဒေးက ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ခြေ ပိုများနေတာကြောင့် လက်စတာစီးတီးအနေနဲ့ ၎င်းတို့ရဲ့ အရည်အချင်းရှိတဲ့ လူငယ်ဗဟိုခံစစ်ကစားသမားကို ဘယ်လို ကိုင်တွယ်နိုင်မလဲဆိုတာကို စမ်းသပ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ကို ဆုံးရှုံးခဲ့ရပြီးနောက် ၎င်းတို့ရဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ ဖိုဖာနာက နောက်ဆုံးနာမည်ထွက်နေတဲ့ ကစားသမားတွေထဲကတစ်ဦးအဖြစ် ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နာပိုလီ နောက်ခံကစားသမား ကူလီဘေလီကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့် ဒုတိယမြောက် နောက်ခံလူခေါ်ယူဖို့ ကြိုးပမ်းရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးပစ်မှတ် ဒီလစ်ချ်ကို ခေါ်ယူသွားတာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းဟာ မန်ချက်စတာစီးတီးနောက်ခံလူ နေသန် အာကီကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ စိတ်ပျက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနောက်ခံလူ ကင်ပန်ဘီနဲ့ အင်တာနောက်ခံလူ စခရီနီရာတို့ကလည်း ချဲလ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေဖြစ်ပြီး လိုက်ပ်ဇစ် နောက်ခံလူ ယို့စ်ကို ဂွါဒီယိုကလည်း နောက်ထပ်ပစ်မှတ်ဖြစ်ပေမယ့် ဂျာမန်ကလပ်အသင်းက ၎င်းကို ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

ဖိုဖာနာဟာ ၂၀၂၀ ခုနှစ်မှာ လက်စတာစီးတီးကို ပေါင် ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်စတာစီးတီးရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် အလွန်ကောင်းမွန်တဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဖိုဖာနာဟာ ပြီးခဲ့တဲ့မတ်လကမှ လက်စတာစီးတီးနဲ့ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုထားတဲ့ ကစားသးမားဖြစ်တာကြောင့် လက်စတာစီးတီးအသင်းဘက်က အားပိုသာနေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဒုတိယေျမာက္ ဗဟိုခံစစ္ကစားသမား ရွာပုံေတာ္ဖြင့္ရာမွာ လက္စတာစီးတီး ေနာက္ခံကစားသမား ဖိုဖာနာကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဆီဗီလာေနာက္ခံလူ ဂ်ဴးစ္ ကြန္ေဒးက ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ႏိုင္ေျခ ပိုမ်ားေနတာေၾကာင့္ လက္စတာစီးတီးအေနနဲ႔ ၎တို႔ရဲ႕ အရည္အခ်င္းရွိတဲ့ လူငယ္ဗဟိုခံစစ္ကစားသမားကို ဘယ္လို ကိုင္တြယ္ႏိုင္မလဲဆိုတာကို စမ္းသပ္ဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ကို ဆုံးရႈံးခဲ့ရၿပီးေနာက္ ၎တို႔ရဲ႕ ခံစစ္ကို အင္အားျဖည့္တင္းဖို႔ ပစ္မွတ္ထားေနတဲ့ ကစားသမားေတြထဲမွာ ဖိုဖာနာက ေနာက္ဆုံးနာမည္ထြက္ေနတဲ့ ကစားသမားေတြထဲကတစ္ဦးအျဖစ္ ေပၚထြက္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ နာပိုလီ ေနာက္ခံကစားသမား ကူလီေဘလီကို ေပါင္ ၃၄ သန္းနဲ႔ ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္ ဒုတိယေျမာက္ ေနာက္ခံလူေခၚယူဖို႔ ႀကိဳးပမ္းရာမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်ဲလ္ဆီးပစ္မွတ္ ဒီလစ္ခ်္ကို ေခၚယူသြားတာျဖစ္ၿပီး အေနာက္လန္ဒန္ကလပ္အသင္းဟာ မန္ခ်က္စတာစီးတီးေနာက္ခံလူ ေနသန္ အာကီကို ေခၚယူဖို႔ ႀကိဳးပမ္းရာမွာ စိတ္ပ်က္စရာ အေျခအေနေတြနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီေနာက္ခံလူ ကင္ပန္ဘီနဲ႔ အင္တာေနာက္ခံလူ စခရီနီရာတို႔ကလည္း ခ်ဲလ္ဆီးရဲ႕ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနတဲ့ ကစားသမားေတြျဖစ္ၿပီး လိုက္ပ္ဇစ္ ေနာက္ခံလူ ယို႔စ္ကို ဂြါဒီယိုကလည္း ေနာက္ထပ္ပစ္မွတ္ျဖစ္ေပမယ့္ ဂ်ာမန္ကလပ္အသင္းက ၎ကို ထိန္းသိမ္းထားဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္ပါတယ္။

ဖိုဖာနာဟာ ၂၀၂၀ ခုႏွစ္မွာ လက္စတာစီးတီးကို ေပါင္ ၃၆.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး လက္စတာစီးတီးရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး လူငယ္ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရတာေၾကာင့္ အလြန္ေကာင္းမြန္တဲ့ ပြဲဦးထြက္ရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဖိုဖာနာဟာ ၿပီးခဲ့တဲ့မတ္လကမွ လက္စတာစီးတီးနဲ႔ ၅ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားတဲ့ ကစားသးမားျဖစ္တာေၾကာင့္ လက္စတာစီးတီးအသင္းဘက္က အားပိုသာေနတဲ့ အေနအထားမွာ ရွိေနတယ္လို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.