Premier League Serie A Transfer News

ဖာမီနိုအတွက် လီဗာပူးလ်နဲ့ ဆွေးနွေးနေတဲ့ ဥရောပထိပ်သီးအသင်းကြီး

စီးရီးအေ ထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်ဟာ ယခုနွေရာသီမှာ ဖာမီနိုကို ခေါ်ယူဖို့အတွက် လီဗာပူးလ်နဲ့ နောက်တဆင့် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Corriere dello Sport က ဖော်ပြခဲ့ပါတယ်။

ဖာမီနိုဟာ ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာတဲ့ ကစားသမားဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် ဇွန်လကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား ဖြစ်ပါတယ်။

ဖာမီနိုဟာ ကလော့ပ်ရဲ့ လူစာရင်းထဲမှာ အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ကာလရှည် ကစားပေးခဲ့သူဖြစ်ပေမယ့် ယခုနွေရာသီမှာတော့ အန်းဖီးကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၀၂၀-၂၀၂၁ ရာသီတုန်းကလောက် ပွဲထွက်ပါဝင်ကစားခွင့် မရရှိခဲ့ဘဲ ယခုရာသီမှာလည်း ဒါဝင် နူးညက်ဇ် ရောက်ရှိလာမှုကြောင့် ပိုလို့တောင် ပွဲထွက်ချိန်နည်းပါးသွားတော့မှာဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားပေးနိုင်ဖို့အတွက် အပတ်တိုင်း ပုံမှန်ပွဲထွက်ပါဝင်ကစားခွင့်ရဖို့ လိုအပ်တာကြောင့် ဖာမီနိုဟာ တူရင်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ အသက် ၃၀ အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် နောက်ထပ်တစ်ဆင့်တက် ပြောဆိုဆွေးနွေးမှုတွေ လက်ရှိမှာ လုပ်ဆောင်နေပြီဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးအတွက် ပေါင် ၁၉ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်စစ်နေရာစုံ ကစားနိုင်တဲ့ ရောဘတ်တို ဖာမီနိုဟာ ဟော်ဖန်ဟိမ်းကနေ ပေါင် ၃၆.၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားအပြင် အခြား အဓိကဆုဖလားအများအပြား ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စီးရီးေအ ထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဂ်ဴဗင္တပ္ဟာ ယခုေႏြရာသီမွာ ဖာမီႏိုကို ေခၚယူဖို႔အတြက္ လီဗာပူးလ္နဲ႔ ေနာက္တဆင့္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ Corriere dello Sport က ေဖာ္ျပခဲ့ပါတယ္။

ဖာမီႏိုဟာ ၂၀၁၅ ခုႏွစ္မွာ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕လာတဲ့ ကစားသမားျဖစ္ၿပီး လာမယ့္ ၂၀၂၃ ခုႏွစ္ ဇြန္လကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ကစားသမား ျဖစ္ပါတယ္။

ဖာမီႏိုဟာ ကေလာ့ပ္ရဲ႕ လူစာရင္းထဲမွာ အေရးအပါဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ ကာလရွည္ ကစားေပးခဲ့သူျဖစ္ေပမယ့္ ယခုေႏြရာသီမွာေတာ့ အန္းဖီးကေန ထြက္ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ၂၀၂၀-၂၀၂၁ ရာသီတုန္းကေလာက္ ပြဲထြက္ပါဝင္ကစားခြင့္ မရရွိခဲ့ဘဲ ယခုရာသီမွာလည္း ဒါဝင္ ႏူးညက္ဇ္ ေရာက္ရွိလာမႈေၾကာင့္ ပိုလို႔ေတာင္ ပြဲထြက္ခ်ိန္နည္းပါးသြားေတာ့မွာျဖစ္ပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းအတြက္ ကိုယ္စားျပဳ ကစားေပးႏိုင္ဖို႔အတြက္ အပတ္တိုင္း ပုံမွန္ပြဲထြက္ပါဝင္ကစားခြင့္ရဖို႔ လိုအပ္တာေၾကာင့္ ဖာမီႏိုဟာ တူရင္ကို ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ ေနာက္ထပ္တစ္ဆင့္တက္ ေျပာဆိုေဆြးေႏြးမႈေတြ လက္ရွိမွာ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးအတြက္ ေပါင္ ၁၉ သန္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

တိုက္စစ္ေနရာစုံ ကစားႏိုင္တဲ့ ေရာဘတ္တို ဖာမီႏိုဟာ ေဟာ္ဖန္ဟိမ္းကေန ေပါင္ ၃၆.၉ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး လီဗာပူးလ္နဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလားအျပင္ အျခား အဓိကဆုဖလားအမ်ားအျပား ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.