Premier League

ဖာဂူဆန်တောင် အံ့အားသင့်လောက်အောင် ပြတ်သားနေတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့မှာ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုချိန်အတွင်း ဆာ အဲလက်စ် ဖာဂူဆန် ပါဝင်ခဲ့ပေမယ့်လည်း ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ရာသီကြိုလေ့ကျင့်ရေးကို ပြန်မလာခဲ့သူဖြစ်ပြီး ၎င်းရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်က ယခုနွေရာသီမှာ ပေါ်တူဂီကြယ်ပွင့်အတွက် အသင်းသစ် ရှာဖွေဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ရော်နယ်လ်ဒိုနဲ့ မန်းဒက်စ်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက် ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့တာဖြစ်ပြီး ယူနိုက်တက် စီအီးအို ရစ်ချက် အာနိုးလည်း ဖာဂူဆန်နဲ့အတူ ဆွေးနွေးမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ အသက် ၁၇ နှစ်အရွယ် ရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ ဖာဂူဆန်ဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမားအဖြစ် တိုးတက်လာမှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာ နီးကပ်တဲ့ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဖွင့် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီး အခြား အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးကို အသင်းကနေ ထွက်ခွာခွင့် ပေးမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပြီး ယခုရာသီ နည်းပြတန်ဟက်ဂ် လက်အောက်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားရမှာဖြစ်တယ်လို့ ကတိပေးထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဘက်ကရော၊ ရော်နယ်လ်ဒိုဘက်ကပါ ကိုယ်ပိုင်ရပ်တည်ချက်အတိုင်း နည်းနည်းလေးတောင် အထိအခိုက်မခံတာကြောင့် ရာသီသစ် စတင်ဖို့ ၁၂ ရက်သာ လိုတော့တဲ့အချိန်အထိ လိပ်ခဲတည်းလည်း အခြေအနေဖြစ်နေတာဖြစ်ပါတယ်။

အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ဟာ ရော်နယ်လ်ဒိုကို ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ စတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ၃ သင်းစလုံးက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကို ပေါ်တူဂီကြယ်ပွင့်က ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၉ နှစ်ကြာ ရှိခဲ့တဲ့ သမိုင်းကြောင်းကြောင့် အက်သလက်တီကို မက်ဒရစ်ပရိသတ်တွေရဲ့ ခါးခါးသီးသီး ငြင်းဆန်ခြင်းကို ခံနေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အဂၤါေန႔မွာ အနာဂတ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးေျပာဆိုခ်ိန္အတြင္း ဆာ အဲလက္စ္ ဖာဂူဆန္ ပါဝင္ခဲ့ေပမယ့္လည္း ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာဖို႔ စိတ္ပိုင္းျဖတ္ထားဆဲျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ရာသီႀကိဳေလ့က်င့္ေရးကို ျပန္မလာခဲ့သူျဖစ္ၿပီး ၎ရဲ႕ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္က ယခုေႏြရာသီမွာ ေပၚတူဂီၾကယ္ပြင့္အတြက္ အသင္းသစ္ ရွာေဖြဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

အဂၤါေန႔မွာ ေရာ္နယ္လ္ဒိုနဲ႔ မန္းဒက္စ္တို႔ဟာ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ဖို႔အတြက္ ကာရင္တန္ ေလ့က်င့္ေရးကြင္းကို ေရာက္လာခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ စီအီးအို ရစ္ခ်က္ အာႏိုးလည္း ဖာဂူဆန္နဲ႔အတူ ေဆြးေႏြးမႈမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

၂၀၀၃ ခုႏွစ္မွာ အသက္ ၁၇ ႏွစ္အ႐ြယ္ ေရာ္နယ္လ္ဒိုကို မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေခၚေဆာင္ခဲ့တဲ့ ဖာဂူဆန္ဟာ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ကမာၻ႔ထိပ္တန္း ကစားသမားအျဖစ္ တိုးတက္လာမႈမွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ခဲ့သူျဖစ္ၿပီး ဆယ္စုႏွစ္ ၂ ခုေက်ာ္ၾကာ နီးကပ္တဲ့ဆက္ဆံေရး ထိန္းသိမ္းထားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဖြင့္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ၿပီးေနာက္မွာ ေရာ္နယ္လ္ဒိုဟာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာၿပီး အျခား အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ပိုင္းျဖတ္ထားဆဲျဖစ္တယ္လို႔ The Telegraph က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးကို အသင္းကေန ထြက္ခြာခြင့္ ေပးမွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာၾကားခဲ့ၿပီး ယခုရာသီ နည္းျပတန္ဟက္ဂ္ လက္ေအာက္မွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးသြားရမွာျဖစ္တယ္လို႔ ကတိေပးထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဘက္ကေရာ၊ ေရာ္နယ္လ္ဒိုဘက္ကပါ ကိုယ္ပိုင္ရပ္တည္ခ်က္အတိုင္း နည္းနည္းေလးေတာင္ အထိအခိုက္မခံတာေၾကာင့္ ရာသီသစ္ စတင္ဖို႔ ၁၂ ရက္သာ လိုေတာ့တဲ့အခ်ိန္အထိ လိပ္ခဲတည္းလည္း အေျခအေနျဖစ္ေနတာျဖစ္ပါတယ္။

ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္ဟာ ေရာ္နယ္လ္ဒိုကို ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ စတဲ့ ဥေရာပထိပ္တန္းအသင္းႀကီးေတြကို ကမ္းလွမ္းခဲ့ေပမယ့္လည္း ၃ သင္းစလုံးက ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္အသင္းကို ေပၚတူဂီၾကယ္ပြင့္က ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သတင္းထြက္ေနေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ၉ ႏွစ္ၾကာ ရွိခဲ့တဲ့ သမိုင္းေၾကာင္းေၾကာင့္ အက္သလက္တီကို မက္ဒရစ္ပရိသတ္ေတြရဲ႕ ခါးခါးသီးသီး ျငင္းဆန္ျခင္းကို ခံေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.