Premier League Serie A

အိုးထရက်ဖို့ဒ်က အကျင့်မပျောက်သေးဘဲ ဂျူဗင်တပ်ကို ဒုက္ခပေးဦးမယ့် ပေ့ါဂ်ဘာ

ပေါ့ဂ်ဘာဟာ ၎င်းရဲ့ ဒူးဒဏ်ရာကို ဓာတ်မှန်ရိုက်ထားတဲ့ ရလဒ်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပြီး ပြင်သစ်ကွင်းလယ်ကြယ်ပွင့်အနေနဲ့ ၃ လလောက်အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟာ ယခုနွေရာသီအစောပိုင်းမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီးနောက် ဂျူဗင်တပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့သူဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ စီးရီးအေထိပ်သီးအသင်းကြီးရဲ့ ရာသီကြိုခရီးစဉ်မှာ တစ်ပွဲသာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဂ်ဘာဟာ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့ပြီးနောက် ဘာစီလိုနာနဲ့ ခြေစမ်းပွဲစဉ်အတွက် လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဒဏ်ရာပြဿနာကို စမ်းသပ်ရှာဖွေဖို့ အထူးကုတွေဆီ ပြသသွားမှာဖြစ်တယ်လို့ ဂျူဗင်တပ်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဂ်ဘာဟာ စီးရီးအေရာသီအစကို လွဲချော်ဖို့ ကျိန်းသေသလောက် ရှိနေပြီဖြစ်ပြီး အနည်းဆုံး ၂ လကနေ ၃ လအထိ အနားယူရနိုင်တဲ့ အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာ ဒဏ်ရာရရှိသွားမှုက ဂျူဗင်တပ်ကို ၎င်းတို့ရဲ့ အပြောင်းအရွှေ့အစီအစဉ်နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားစရာ ဖြစ်လာကောင်း ဖြစ်လာနိုင်ပြီး စီးရီးအေထိပ်သီးအသင်းကြီးဟာ အက်ဒရီယန် ဟာဗျိုနဲ့ အာသာ မယ်လိုတို့နဲ့ ယခုနွေရာသီမှာ လမ်းခွဲချင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဂ်ဘာရဲ့ ဒဏ်ရာအခြေအနေဟာ လပေါင်းများစွာ အနားယူရမယ့် အရိပ်အယောင်မျိုး ပြသခဲ့ရင်တော့ ဂျူဗင်တပ်အသင်းအနေနဲ့ ၎င်းတို့ရဲ့ ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးကို ထိန်းသိမ်းထားဖို့ မဖြစ်မနေ ရွေးချယ်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ကာလအတွင်း ဒဏ်ရာပြဿနာတွေ မကြာခဏ ရရှိခဲ့သူဖြစ်ပြီး ဒဏ်ရာရရှိတဲ့အချိန်တိုင်း ပြန်လည်ထူထောင်ရေးခေါင်းစဉ်နဲ့ ဒူဘိုင်းကို အပန်းဖြေခရီးထွက်ခဲ့သူ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပါ့ဂ္ဘာဟာ ၎ရဲ႕ ဒူးဒဏ္ရာကို ဓာတ္မွန္႐ိုက္ထားတဲ့ ရလဒ္ကို စိတ္လႈပ္ရွားစြာ ေစာင့္ေမွ်ာ္ေနၿပီး ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္အေနနဲ႔ ၃ လေလာက္အထိ အနားယူရႏိုင္တယ္လို႔ သိရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ယခုေႏြရာသီအေစာပိုင္းမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာၿပီးေနာက္ ဂ်ဴဗင္တပ္အသင္းနဲ႔ ျပန္လည္ပူးေပါင္းခဲ့သူျဖစ္ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ကစားသမားဟာ စီးရီးေအထိပ္သီးအသင္းႀကီးရဲ႕ ရာသီႀကိဳခရီးစဥ္မွာ တစ္ပြဲသာ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပါ့ဂ္ဘာဟာ ဒူးေခါင္းဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ ဘာစီလိုနာနဲ႔ ေျခစမ္းပြဲစဥ္အတြက္ လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ျပင္သစ္ကြင္းလယ္ကစားသမားဟာ ဒဏ္ရာျပႆနာကို စမ္းသပ္ရွာေဖြဖို႔ အထူးကုေတြဆီ ျပသသြားမွာျဖစ္တယ္လို႔ ဂ်ဴဗင္တပ္က ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေပါ့ဂ္ဘာဟာ စီးရီးေအရာသီအစကို လြဲေခ်ာ္ဖို႔ က်ိန္းေသသေလာက္ ရွိေနၿပီျဖစ္ၿပီး အနည္းဆုံး ၂ လကေန ၃ လအထိ အနားယူရႏိုင္တဲ့ အႏၲရာယ္ရွိေနတာ ျဖစ္ပါတယ္။

ေပါ့ဂ္ဘာ ဒဏ္ရာရရွိသြားမႈက ဂ်ဴဗင္တပ္ကို ၎တို႔ရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္နဲ႔ပတ္သက္ၿပီး ျပန္လည္စဥ္းစားစရာ ျဖစ္လာေကာင္း ျဖစ္လာႏိုင္ၿပီး စီးရီးေအထိပ္သီးအသင္းႀကီးဟာ အက္ဒရီယန္ ဟာဗ်ိဳနဲ႔ အာသာ မယ္လိုတို႔နဲ႔ ယခုေႏြရာသီမွာ လမ္းခြဲခ်င္ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပါ့ဂ္ဘာရဲ႕ ဒဏ္ရာအေျခအေနဟာ လေပါင္းမ်ားစြာ အနားယူရမယ့္ အရိပ္အေယာင္မ်ိဳး ျပသခဲ့ရင္ေတာ့ ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ၎တို႔ရဲ႕ ကြင္းလယ္ကစားသမားေတြထဲက တစ္ဦးကို ထိန္းသိမ္းထားဖို႔ မျဖစ္မေန ေ႐ြးခ်ယ္သြားဖြယ္ ရွိေနတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ကြင္းလယ္ၾကယ္ပြင့္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားခဲ့တဲ့ ကာလအတြင္း ဒဏ္ရာျပႆနာေတြ မၾကာခဏ ရရွိခဲ့သူျဖစ္ၿပီး ဒဏ္ရာရရွိတဲ့အခ်ိန္တိုင္း ျပန္လည္ထူေထာင္ေရးေခါင္းစဥ္နဲ႔ ဒူဘိုင္းကို အပန္းေျဖခရီးထြက္ခဲ့သူ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.