Premier League

အိုေဇးလ္နဲ႔ ေႏြရာသီမွာ လမ္းခြဲဖြယ္ရွိေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ပုိင္းရာသီေတြမွာ ေတာက္ေလွ်ာက္ေျခစြမ္းက်ဆင္းလာခဲ့တဲ့ ကြင္းလယ္လူ မီဆတ္ အိုေဇးလ္ကို လာမယ့္ ေႏြရာသီမွာ အထြက္တံခါးေပါက္ကို ျပသဖြယ္ရွိေနတယ္လို႔ လမ္းခြဲႏိုင္တဲ့အေၾကာင္း ေဒးလီးေမးလ္က ေရးသားလုိက္ပါတယ္။

နည္းျပသစ္ မိုက္ကယ္ အာတီတာအေနနဲ႔ လာမယ့္ရာသီမွာ အသင္းကို ေျခစြမ္းပုံမွန္မရွိတဲ့ နာမည္ႀကီးေတြထက္ လူငယ္ေျခတက္ေတြကို အေျခခံၿပီး တည္ေဆာက္သြားဖြယ္ရွိေနသလို အုိေဇးလ္နဲ႔ လာကာဇက္စတဲ့ ကစားသမားမ်ဳိးေတြကိုေတာ့ ေရာင္းထုတ္သြားဖြယ္ရွိေနပါတယ္။

ေနာက္ဆုံးရာသီက ေျခစြမ္းနဲ႔ အခ်က္အလက္ေတြကို ေလ့လာထားရသမွ်ေတာ့ အာဆင္နယ္အသင္းဟာ အိုေဇးလ္မပါဝင္တဲ့ ပြဲေတြမွာ ႏုိင္ပြဲ ရာခိုင္ႏွဳန္းက ပုိမ်ားေနခဲ့တာျဖစ္ၿပီး ဒီမွတ္တမ္းက သူ႕ကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္ေတာ့ မခံခ်င္စရာလည္းျဖစ္ေနခဲ့ပါတယ္။

အသင္းကို ၂၀၁၃ ေႏြရာသီအေျပာင္းအေရႊ႕မပိတ္ခင္မွာ ေရာက္ရွိလာခဲ့ၿပီး ဒီရာသီကုန္မွာ ေျမာက္လန္ဒန္အသင္းနဲ႔ ၇ ရာသီ ျပည့္ေျမာက္မယ့္ တူရကီႏြယ္ဖြား ဂ်ာမန္သားဟာ အမ္းမရိတ္မွာ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲနဲ႔ လစာအမ်ားဆုံး ရရွိေနသူလည္းျဖစ္ၿပီး ၂၀၂၁ ေႏြရာသီအထိ စာခ်ဳပ္ သက္တမ္းရွိေနတာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ေပၚလစီအရေတာ့ စာခ်ဳပ္ႏွစ္ႏွစ္နဲ႔ေအာက္ ကစားသမားေတြကို စာခ်ဳပ္သက္တမ္းမတုိးႏုိင္ရင္ ေရာင္းခ်သြားဖို႔ပဲ ရွိေနသလို အိုေဇးလ္ရဲ႕ လစာေငြမ်ဳိးကို ေလွ်ာ့ခ်သြားခ်င္ေနတဲ့ ဘုတ္အဖြဲ႕အေနနဲ႔ ေရာင္းထုတ္ဖို႔ကသာ တစ္ခုတည္းေသာ ေျဖရွင္းမွဳျဖစ္ေနႏိုင္တဲ့အတြက္ ခ်န္ပီယံလိဂ္ မဝင္ခဲ့ရင္ေတာ့ အသုံးစရိတ္ကို ထပ္မံေလွ်ာ့ခ်ရာမွာ အသက္ ၃၁ ႏွစ္သား ကြင္းလယ္ဖန္တီးရွင္ ပါဝင္သြားေလာက္တယ္လုိ႔လည္း ေဒးလီးေမးလ္က သုံးသပ္သြားခဲ့ေၾကင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ နောက်ပိုင်းရာသီတွေမှာ တောက်လျှောက်ခြေစွမ်းကျဆင်းလာခဲ့တဲ့ ကွင်းလယ်လူ မီဆတ် အိုဇေးလ်ကို လာမယ့် နွေရာသီမှာ အထွက်တံခါးပေါက်ကို ပြသဖွယ်ရှိနေတယ်လို့ လမ်းခွဲနိုင်တဲ့အကြောင်း ဒေးလီးမေးလ်က ရေးသားလိုက်ပါတယ်။

နည်းပြသစ် မိုက်ကယ် အာတီတာအနေနဲ့ လာမယ့်ရာသီမှာ အသင်းကို ခြေစွမ်းပုံမှန်မရှိတဲ့ နာမည်ကြီးတွေထက် လူငယ်ခြေတက်တွေကို အခြေခံပြီး တည်ဆောက်သွားဖွယ်ရှိနေသလို အိုဇေးလ်နဲ့ လာကာဇက်စတဲ့ ကစားသမားမျိုးတွေကိုတော့ ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။

နောက်ဆုံးရာသီက ခြေစွမ်းနဲ့ အချက်အလက်တွေကို လေ့လာထားရသမျှတော့ အာဆင်နယ်အသင်းဟာ အိုဇေးလ်မပါဝင်တဲ့ ပွဲတွေမှာ နိုင်ပွဲ ရာခိုင်နှုန်းက ပိုများနေခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းက သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက်တော့ မခံချင်စရာလည်းဖြစ်နေခဲ့ပါတယ်။

အသင်းကို ၂၀၁၃ နွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာ ရောက်ရှိလာခဲ့ပြီး ဒီရာသီကုန်မှာ မြောက်လန်ဒန်အသင်းနဲ့ ၇ ရာသီ ပြည့်မြောက်မယ့် တူရကီနွယ်ဖွား ဂျာမန်သားဟာ အမ်းမရိတ်မှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲနဲ့ လစာအများဆုံး ရရှိနေသူလည်းဖြစ်ပြီး ၂၀၂၁ နွေရာသီအထိ စာချုပ် သက်တမ်းရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပေါ်လစီအရတော့ စာချုပ်နှစ်နှစ်နဲ့အောက် ကစားသမားတွေကို စာချုပ်သက်တမ်းမတိုးနိုင်ရင် ရောင်းချသွားဖို့ပဲ ရှိနေသလို အိုဇေးလ်ရဲ့ လစာငွေမျိုးကို လျှော့ချသွားချင်နေတဲ့ ဘုတ်အဖွဲ့အနေနဲ့ ရောင်းထုတ်ဖို့ကသာ တစ်ခုတည်းသော ဖြေရှင်းမှုဖြစ်နေနိုင်တဲ့အတွက် ချန်ပီယံလိဂ် မဝင်ခဲ့ရင်တော့ အသုံးစရိတ်ကို ထပ်မံလျှော့ချရာမှာ အသက် ၃၁ နှစ်သား ကွင်းလယ်ဖန်တီးရှင် ပါဝင်သွားလောက်တယ်လို့လည်း ဒေးလီးမေးလ်က သုံးသပ်သွားခဲ့ကြေင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.