Bundesliga La Liga Ligue1 Premier League Transfer News

ရာသီသစ္အတြက္ ဒုတိယနဲ႔ တတိယေျမာက္ ဘရာဇီးလ္သားေတြကို အာဆင္နယ္ေခၚယူႏုိင္ဖို႔ နီးစပ္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ရွဳပ္ေထြးတဲ့ အုပ္ခ်ဳပ္ေရးပုိင္းက အားကစားဒါ႐ိုက္တာ ရာအူးလ္ ဆန္ယီဟီကို ထုတ္ပယ္ခဲ့အၿပီးမွာ အသင္းရဲ႕ ကစားသမား ေခၚယူေရး အစီအစဥ္ေတြ ပုိမုိေခ်ာေမြ႕လာဖို႔ ရွိေနၿပီး ရာသီသစ္အတြက္ ဒုတိယေျမာက္နဲ႔ တတိယေျမာက္ ဘရာဇီးလ္သား ကစားသမားေတြကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနတယ္လို႔ သိရပါတယ္။

နည္းျပ မီခယ္လ္ အာတီတာနဲ႔ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးတုိ႔ ဦးေဆာင္မွာျဖစ္တဲ့ ကစားသမားေခၚယူေရး အစီအစဥ္က တိက်တဲ့ ပစ္မွတ္ေတြကို ျမန္ျမန္ဆန္ဆန္ ႀကဳိးစားသြားဖို႔ ရွိေနၿပီး လုိင္လီအသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလုိင္စ္ကို ၂၄ နာရီအတြင္းမွာ နာပုိလီနဲ႔အၿပဳိင္ ေခၚယူႏိုင္ဖို႔ ႏွာတစ္ဖ်ား အသာရေနတယ္လို႔ ဆုိပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ဘရာဇီးလ္ေနာက္ခံလူအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ယူ႐ို သန္း ၃၀ (ေပါင္ ၂၇ သန္း) က်သင့္မယ္လို႔ သိရၿပီး ကမ္းလွမ္းမွဳေတြက ေနာက္ဆုံးအဆင့္အထိ လုိင္လီနဲ႔ သေဘာတူညီခဲ့သလို ကစားသမားရဲ႕ ေရြးခ်ယ္မွဳကိုပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ၿပီး လန္ဒန္ကလပ္ရဲ႕ တာဝန္ရွိသူေတြကေတာ့ စည္း႐ုံးႏုိင္ဖို႔ ယုံၾကည္ေနပါတယ္။

ဒါ့အျပင္ ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္တက္သြားတဲ့ ဘာစီလိုနာအငွားကစားသမား ဖလိပီ ေကာ္တင္ညဳိကိုလည္း တစ္ရာသီအငွားနဲ႔ ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခြင့္နဲ႔ ညႇိႏွဳိင္းသြားဖို႔ ရွိေနၿပီး တစ္သင္းလုံးကို ေျမလွန္ၿပီး ျပဳျပင္ေျပာင္းလဲမယ့္ ကာတာလန္ကလပ္အေနနဲ႔ လက္ခံစဥ္းစားဖို႔ မ်ားေနပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အနာဂတ္အသင္းကို ဘရာဇီးလ္ကစားသမားေတြရဲ႕ အင္အားအေပၚမွာ အေျခခံၿပီး တည္ေဆာက္သြားမယ့္ပုံ ရွိေနသလို အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူး၊ အသင္းကို ေရာက္ရွိၿပီးျဖစ္တဲ့ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ကစားသမားသစ္ ဝီလီယန္တုိ႔ရဲ႕ တည္ရွိမွဳနဲ႔ စည္း႐ုံးမွဳေတြက ေနာက္ထပ္ ဘရာဇီးလ္သားႏွစ္ေယာက္အတြက္ ဆြဲေဆာင္ေခၚယူႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးပိုင်းက အားကစားဒါရိုက်တာ ရာအူးလ် ဆန်ယီဟီကို ထုတ်ပယ်ခဲ့အပြီးမှာ အသင်းရဲ့ ကစားသမား ခေါ်ယူရေး အစီအစဉ်တွေ ပိုမိုချောမွေ့လာဖို့ ရှိနေပြီး ရာသီသစ်အတွက် ဒုတိယမြောက်နဲ့ တတိယမြောက် ဘရာဇီးလ်သား ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

နည်းပြ မီခယ်လ် အာတီတာနဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးတို့ ဦးဆောင်မှာဖြစ်တဲ့ ကစားသမားခေါ်ယူရေး အစီအစဉ်က တိကျတဲ့ ပစ်မှတ်တွေကို မြန်မြန်ဆန်ဆန် ကြိုးစားသွားဖို့ ရှိနေပြီး လိုင်လီအသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို ၂၄ နာရီအတွင်းမှာ နာပိုလီနဲ့အပြိုင် ခေါ်ယူနိုင်ဖို့ နှာတစ်ဖျား အသာရနေတယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်နောက်ခံလူအတွက် အာဆင်နယ်အသင်းအနေနဲ့ ယူရို သန်း ၃၀ (ပေါင် ၂၇ သန်း) ကျသင့်မယ်လို့ သိရပြီး ကမ်းလှမ်းမှုတွေက နောက်ဆုံးအဆင့်အထိ လိုင်လီနဲ့ သဘောတူညီခဲ့သလို ကစားသမားရဲ့ ရွေးချယ်မှုကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပြီး လန်ဒန်ကလပ်ရဲ့ တာဝန်ရှိသူတွေကတော့ စည်းရုံးနိုင်ဖို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်သွားတဲ့ ဘာစီလိုနာအငှားကစားသမား ဖလိပီ ကော်တင်ညိုကိုလည်း တစ်ရာသီအငှားနဲ့ ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ညှိနှိုင်းသွားဖို့ ရှိနေပြီး တစ်သင်းလုံးကို မြေလှန်ပြီး ပြုပြင်ပြောင်းလဲမယ့် ကာတာလန်ကလပ်အနေနဲ့ လက်ခံစဉ်းစားဖို့ များနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အနာဂတ်အသင်းကို ဘရာဇီးလ်ကစားသမားတွေရဲ့ အင်အားအပေါ်မှာ အခြေခံပြီး တည်ဆောက်သွားမယ့်ပုံ ရှိနေသလို အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး၊ အသင်းကို ရောက်ရှိပြီးဖြစ်တဲ့ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်နဲ့ ကစားသမားသစ် ဝီလီယန်တို့ရဲ့ တည်ရှိမှုနဲ့ စည်းရုံးမှုတွေက နောက်ထပ် ဘရာဇီးလ်သားနှစ်ယောက်အတွက် ဆွဲဆောင်ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.