Match Report Premier League UCL&UEL

မိုးလြန္မွ ထြန္ခ်မွဳေတြနဲ႔အတူ ဆီမီးဖိုင္နယ္အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတဲ့ ဆုိးလ္ရွား

ဒီေန႔ပြဲမွာေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ သူတုိ႔ရဲ႕ ဦးစားေပးဂိုးသမား ဒေဟးယားနဲ႔ ေနာက္ခံလူ လင္ဒီေလာ့ဖ္ကို ျပန္လည္ထည့္သြင္းလာခဲ့ၿပီး က်န္တဲ့ လူစာရင္းကေတာ့ ကိုပင္ေဟဂင္ကို အခ်ိန္ပိုမွာ အႏုိင္ရခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္ကအတုိင္း ဆက္လက္အသုံးျပဳခဲ့ၿပီး သြက္သြက္လက္လက္ ကစားႏိုင္ဖို႔ ကြင္းလယ္မွာ ဖရက္ဒ္ကို ထားခဲ့ပါတယ္။

အားလုံးထင္ထားၾကတဲ့အတုိင္းပဲ ဆီဗီလာက စပိန္အသင္းပီပီ ေဘာလုံးကိုင္ကစားခဲ့လို႔ ယူႏုိက္တက္တုိ႔ ေဘာလုံးပုိင္ဆုိင္မွဳနည္းနည္းနဲ႔ ေကာင္တာကစားတဲ့ ပုံစံကိုပဲ ေရြးခ်ယ္ခဲ့ၿပီး ကြင္းလယ္က ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတုိ႔ရဲ႕ Passing Range ေတြကို အသုံးျပဳၿပီး ဆီဗီလာကို ျပန္လည္ဖိအားေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ ဂိုးသြင္းဖို႔ ႀကဳိးစားတဲ့ ရက္ရွ္ဖို႔ဒ္ကို ၿပီးခဲ့တဲ့ပြဲမွာ ပင္နယ္တီ ေပးခဲ့တဲ့ ဒီေယဂို ကားလို႔စ္ကပဲ မသပ္မရပ္ ဖ်က္ထုတ္ရင္း ေျခေထာက္ကို ခ်ိတ္မိခဲ့လို႔ ယူႏုိက္တက္တုိ႔ ပင္နယ္တီရခဲ့ပါတယ္။ VAR ေပၚလာၿပီးေနာက္ပုိင္း ပင္နယ္တီေတြကေတာ့ Double Standard ေတြနဲ႔ အျငင္းပြားစရာေတြလည္း ျဖစ္ခဲ့ၿပီး တကယ္တမ္းေတာ့ ေဘာလုံးကို ကန္သြင္းၿပီးမွ ေနာက္က ထိမိတဲ့ ဖ်က္ထုတ္မွဳေတြဟာ ျပစ္ဒဏ္သတ္မွတ္ဖို႔ မသင့္ေလ်ာ္ဘူးလို႔လည္း ယူဆမိပါတယ္။

ဒီပင္နယ္တီကေတာ့ ယူႏုိက္တက္ရဲ႕ ပင္နယ္တီေတြကို ဒိုင္ခံကန္သြင္းေနတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကပဲ လွလွပပ ကန္သြင္းသြင္းခဲ့ၿပီး ဒီေဘာလုံးကိုေတာ့ ၿပီးခဲ့တဲ့ ဝုလ္ဗ္စ္နဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္မွာ ဟီမီနက္ဇ္ရဲ႕ ပင္နယ္တီကို ကာကြယ္ခဲ့တဲ့ ဘိုႏို မတားဆီးႏုိင္ခဲ့လို႔ အဖြင့္ဂိုး ရယူႏုိင္ခဲ့ပါတယ္။

ဆီဗီလာဘက္က အိုကမ္ပုိ႔စ္၊ ေဂ်ာ္ဒန္နဲ႔ ဆူဆိုတို႔ရဲ႕ တုိက္စစ္ေတြက ယူႏိုက္တက္ခံစစ္ကို ဖိအားေပးခဲ့ၿပီး သူတုိ႔ေနာက္က ဘာနီဂါက ေဘာလုံး ထိုင္ျဖန္႔ေပးခဲ့ေပမယ့္ တြဲဖက္ကြင္းလယ္လူ မန္စီးတီးကစားသမားေဟာင္း ဖာနန္ဒိုဆီ ေရာက္ရင္ေတာ့ ေဘးနဲ႔ ေနာက္ကလြဲလို႔ မေပးတတ္တာေၾကာင့္ တုိက္စစ္က ရပ္တန္႔ေနခဲ့ပါတယ္။

ယူႏုိက္တက္ဘက္က ဘရန္ဒန္ ဝီလီယမ္စ္နဲ႔ ဆီဗီလာဘက္က ဒီေယဂို ကားလုိ႔စ္တုိ႔ အဝါထိခဲ့သလို ဖရက္ဒ္ကိုလည္း ဒိုင္လူႀကီး ဖီးလစ္ ဘရစ္ခ်္က ေနာက္တစ္ႀကိမ္ ကစားပုံ ၾကမ္းတာနဲ႔ အဝါျပမယ္လုိ႔ သတိေပးခဲ့ရၿပီး လ်င္ျမန္တဲ့ အသင္းႏွစ္သင္းရဲ႕ ကစားကြက္ေၾကာင့္ ျပစ္ဒဏ္ေဘာေတြ မ်ားခဲ့သလို ဒိုင္ကေတာ့ ပါးနပ္စြာ ကိုင္တြယ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဆီဗီလာတုိ႔ အျငင္းပြားဖြယ္ လက္ပစ္ေဘာကေန ေဘာလုံးျပန္စတင္ရာကေန ေခ်ပဂိုး ျပန္လည္ရယူႏုိင္ခဲ့ၿပီး အိုကမ္ပုိ႔စ္ ထုတ္ေပးလုိက္တဲ့ ေဘာလုံးကို ပရီးမီးယားလိဂ္အသင္းေတြ စိတ္ဝင္စားေနတဲ့ ဘယ္ေနာက္ခံလူ ရက္ဂီလြန္ အနိမ့္ေဘာ ခ်ဳိးေပးရာမွာ ညာျခမ္းက ဆူဆိုက ဘယ္နဲ႔ ကန္သြင္းယူခဲ့ရမွာ ဒေဟးယား အနည္းငယ္ ေလးေနခဲ့လုိ႔ ဂိုးေပးလုိက္ရပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ယူႏုိက္တက္တုိ႔ လ်င္ျမန္တဲ့ တန္ျပန္တုိက္စစ္ေတြကေန ျပန္လည္ဖိအားေပးခဲ့သလို ဂရင္းဝုဒ္၊ မာစီယယ္လ္နဲ႔ ဖာနန္ဒက္စ္တုိ႔ ကန္သြင္းခ်က္ေတြ ဂိုးမျဖစ္ခဲ့ဘဲ ပြဲခ်ိန္ ၃၉ မိနစ္က ရက္ရွ္ဖို႔ဒ္ရဲ႕ Knuckle Ball ဖရီးကစ္ကိုလည္း ဆီဗီလာဂိုးသမား ဘိုႏို ပုတ္ထုတ္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး ေဘာလုံးပုိင္ဆုိင္မွဳကေတာ့ ဆီဗီလာ ၆၁ – ၃၉ မန္ယူျဖစ္ခဲ့ပါတယ္။

ဒုတိယပုိင္း စစခ်င္းမွာ ဂရင္းဝုဒ္ အခြင့္အေရးရခဲ့ေပမယ့္ အပိုင္မဟုတ္ဘဲ အျမန္ကန္သြင္းခဲ့ရတဲ့အတြက္ ဂိုးသမား ဘိုႏို ကာကြယ္သြားႏိုင္ခဲ့ၿပီး လက္စြမ္းျပေနခဲ့သလို ၄၉ မိနစ္မွာ ဆီဗီလာေနာက္တန္းအမွားကေန ရရွိခဲ့တဲ့ မာစီယယ္လ္ရဲ႕ အခြင့္အေရးကိုလည္း ေမာ္႐ိုကိုဂိုးသမားက ေထာင့္ပိတ္ၿပီး ပုတ္ထုတ္ႏုိင္ခဲ့ပါတယ္။ မာစီယယ္လ္ကေတာ့ ဒီေန႔မွာ လုပ္ခ်င္ကိုင္ခ်င္စိတ္မ်ားေနခဲ့သလို ေစာင့္ကစားေနတာမ်ားၿပီး ျဖဳန္းတီးမွဳလည္း မ်ားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ ေလာက္မွာေတာ့ မာစီယယ္လ္ ကုန္သြားတာ သိသာလာခဲ့ၿပီး ေတာ္ေတာ္ေလး ေခၽြကစားေနသလို အရပ္ရွည္တဲ့ ရက္ရွ္ဖို႔ဒ္က ေတာ္ေတာ္ေလး Function မ်ားေနခဲ့ၿပီး သူနဲ႔ ဂရင္းဝုဒ္တုိ႔ပဲ ႐ုန္းေနခဲ့ရပါတယ္။ က်ဆင္းသြားတဲ့ ကစားသမားေတြ လဲဖို႔ ေႏွာင့္ေႏွးၿပီး ထုံးစံအတုိင္း Plan B မရွိတဲ့ ဆုိးလ္ရွားေၾကာင့္ ဆီဗီလာတုိ႔ ပုိၿပီး ဖိကစားလာခဲ့သလို ယူႏုိက္တက္တုိ႔ကေတာ့ ေကာင္တာပဲ အားကိုးေနခဲ့ရတာပါ။

အေျပာင္းအလဲလုပ္ဖို႔ ေႏွာင့္ေႏွးတဲ့ အမွားဒဏ္ကို ယူႏုိက္တက္တို႔ လွလွႀကီး ခံစားလုိက္ရၿပီး တစ္ခ်ိန္လုံး အတက္အဆင္း ကစားေနရလို႔ ပင္ပန္းေနတဲ့ ဝီလီယမ္စ္ရဲ႕ ဘယ္ျခမ္းကေန ေဟဆူး နားဗက္စ္က ျဖတ္တင္ေပးလုိက္တာကို လင္ဒီေလာ့ဖ္ မရွင္းထုတ္လိုက္ႏုိင္တာကို လူစားဝင္လာခဲ့တဲ့ ဝါရင့္တုိက္စစ္မွဴး ဒီေယာင္းက ပြဲခ်ိန္ ၇၈ မိနစ္မွာ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီအေနအထားမွာေတာင္မွ ဆုိးလ္ရွားဟာ လူစားလဲၿပီး ကစားအားျမႇင့္တင္ဖို႔ကို ေႏွာင့္ေႏွးေနဆဲျဖစ္ၿပီး ၉ မိနစ္အၾကာမွာမွ ဝန္ဘစ္ဆာကာ၊ ဝီလီယမ္စ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တုိ႔ေနရာမွာ မာတာ၊ ဖိုဆူမန္ဆား၊ ဂ်ိမ္းစ္နဲ႔ အီဂါလိုတုိ႔ကို ထည့္သြင္းခဲ့ေပမယ့္ ကြင္းလယ္အဖ်က္ကစားသမားေတြ ထပ္ထည့္ၿပီး စနစ္တက် ထိန္းကစားခဲ့တဲ့ ဆီဗီလာကို မေက်ာ္ႏုိင္ခဲ့ဘဲ အခြင့္အေရးေတြကိုလည္း မဖန္တီးႏုိင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အရွဳံးေပးခဲ့ရပါတယ္။

ဆုိးလ္ရွားအတြက္ေတာ့ ဒီေန႔ရလဒ္ဟာ မဆန္းဘူးလို႔ ေျပာႏုိင္သလို ထိုက္တန္တဲ့ ရလဒ္ျဖစ္ခဲ့ၿပီး ထုံးစံအတုိင္းပဲ Plan B မရွိတာ၊ အသင္းကို ေစာေစာစီးစီး အေျပာင္းအလဲမလုပ္ႏုိင္တာေတြေၾကာင့္ ရွဳံးေၾကြးထပ္တင္ခဲ့ရၿပီး သူမ်ားေတြထက္ ပုိမိုရွည္လ်ားတဲ့ ေဘာလုံးရာသီမွာ အပင္ပန္းခံရက်ဳိး မနပ္ဘဲ ဖလားလက္မဲ့နဲ႔ ရာသီသိမ္းခဲ့ရၿပီျဖစ္ၿပီး ဒီၿပဳိင္ပြဲရဲ႕ အေအာင္ျမင္ဆုံး ဆီဗီလာအသင္းကေတာ့ ေနာက္ထပ္စံခ်ိန္ေတြ စိန္ေခၚဖို႔အတြက္ ဗိုလ္လုပြဲကို တက္ေရာက္သြားႏုိင္ခဲ့ပါေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ဦးစားပေးဂိုးသမား ဒဟေးယားနဲ့ နောက်ခံလူ လင်ဒီလော့ဖ်ကို ပြန်လည်ထည့်သွင်းလာခဲ့ပြီး ကျန်တဲ့ လူစာရင်းကတော့ ကိုပင်ဟေဂင်ကို အချိန်ပိုမှာ အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကအတိုင်း ဆက်လက်အသုံးပြုခဲ့ပြီး သွက်သွက်လက်လက် ကစားနိုင်ဖို့ ကွင်းလယ်မှာ ဖရက်ဒ်ကို ထားခဲ့ပါတယ်။

အားလုံးထင်ထားကြတဲ့အတိုင်းပဲ ဆီဗီလာက စပိန်အသင်းပီပီ ဘောလုံးကိုင်ကစားခဲ့လို့ ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှုနည်းနည်းနဲ့ ကောင်တာကစားတဲ့ ပုံစံကိုပဲ ရွေးချယ်ခဲ့ပြီး ကွင်းလယ်က ဘရူနို ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ရဲ့ Passing Range တွေကို အသုံးပြုပြီး ဆီဗီလာကို ပြန်လည်ဖိအားပေးခဲ့ပါတယ်။

ပွဲချိန် ၉ မိနစ်မှာတော့ ဂိုးသွင်းဖို့ ကြိုးစားတဲ့ ရက်ရှ်ဖို့ဒ်ကို ပြီးခဲ့တဲ့ပွဲမှာ ပင်နယ်တီ ပေးခဲ့တဲ့ ဒီယေဂို ကားလို့စ်ကပဲ မသပ်မရပ် ဖျက်ထုတ်ရင်း ခြေထောက်ကို ချိတ်မိခဲ့လို့ ယူနိုက်တက်တို့ ပင်နယ်တီရခဲ့ပါတယ်။ VAR ပေါ်လာပြီးနောက်ပိုင်း ပင်နယ်တီတွေကတော့ Double Standard တွေနဲ့ အငြင်းပွားစရာတွေလည်း ဖြစ်ခဲ့ပြီး တကယ်တမ်းတော့ ဘောလုံးကို ကန်သွင်းပြီးမှ နောက်က ထိမိတဲ့ ဖျက်ထုတ်မှုတွေဟာ ပြစ်ဒဏ်သတ်မှတ်ဖို့ မသင့်လျော်ဘူးလို့လည်း ယူဆမိပါတယ်။

ဒီပင်နယ်တီကတော့ ယူနိုက်တက်ရဲ့ ပင်နယ်တီတွေကို ဒိုင်ခံကန်သွင်းနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကပဲ လှလှပပ ကန်သွင်းသွင်းခဲ့ပြီး ဒီဘောလုံးကိုတော့ ပြီးခဲ့တဲ့ ဝုလ်ဗ်စ်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဟီမီနက်ဇ်ရဲ့ ပင်နယ်တီကို ကာကွယ်ခဲ့တဲ့ ဘိုနို မတားဆီးနိုင်ခဲ့လို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဆီဗီလာဘက်က အိုကမ်ပို့စ်၊ ဂျော်ဒန်နဲ့ ဆူဆိုတို့ရဲ့ တိုက်စစ်တွေက ယူနိုက်တက်ခံစစ်ကို ဖိအားပေးခဲ့ပြီး သူတို့နောက်က ဘာနီဂါက ဘောလုံး ထိုင်ဖြန့်ပေးခဲ့ပေမယ့် တွဲဖက်ကွင်းလယ်လူ မန်စီးတီးကစားသမားဟောင်း ဖာနန်ဒိုဆီ ရောက်ရင်တော့ ဘေးနဲ့ နောက်ကလွဲလို့ မပေးတတ်တာကြောင့် တိုက်စစ်က ရပ်တန့်နေခဲ့ပါတယ်။

ယူနိုက်တက်ဘက်က ဘရန်ဒန် ဝီလီယမ်စ်နဲ့ ဆီဗီလာဘက်က ဒီယေဂို ကားလို့စ်တို့ အဝါထိခဲ့သလို ဖရက်ဒ်ကိုလည်း ဒိုင်လူကြီး ဖီးလစ် ဘရစ်ချ်က နောက်တစ်ကြိမ် ကစားပုံ ကြမ်းတာနဲ့ အဝါပြမယ်လို့ သတိပေးခဲ့ရပြီး လျင်မြန်တဲ့ အသင်းနှစ်သင်းရဲ့ ကစားကွက်ကြောင့် ပြစ်ဒဏ်ဘောတွေ များခဲ့သလို ဒိုင်ကတော့ ပါးနပ်စွာ ကိုင်တွယ်ခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဆီဗီလာတို့ အငြင်းပွားဖွယ် လက်ပစ်ဘောကနေ ဘောလုံးပြန်စတင်ရာကနေ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး အိုကမ်ပို့စ် ထုတ်ပေးလိုက်တဲ့ ဘောလုံးကို ပရီးမီးယားလိဂ်အသင်းတွေ စိတ်ဝင်စားနေတဲ့ ဘယ်နောက်ခံလူ ရက်ဂီလွန် အနိမ့်ဘော ချိုးပေးရာမှာ ညာခြမ်းက ဆူဆိုက ဘယ်နဲ့ ကန်သွင်းယူခဲ့ရမှာ ဒဟေးယား အနည်းငယ် လေးနေခဲ့လို့ ဂိုးပေးလိုက်ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေကနေ ပြန်လည်ဖိအားပေးခဲ့သလို ဂရင်းဝုဒ်၊ မာစီယယ်လ်နဲ့ ဖာနန်ဒက်စ်တို့ ကန်သွင်းချက်တွေ ဂိုးမဖြစ်ခဲ့ဘဲ ပွဲချိန် ၃၉ မိနစ်က ရက်ရှ်ဖို့ဒ်ရဲ့ Knuckle Ball ဖရီးကစ်ကိုလည်း ဆီဗီလာဂိုးသမား ဘိုနို ပုတ်ထုတ်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကတော့ ဆီဗီလာ ၆၁ – ၃၉ မန်ယူဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း စစချင်းမှာ ဂရင်းဝုဒ် အခွင့်အရေးရခဲ့ပေမယ့် အပိုင်မဟုတ်ဘဲ အမြန်ကန်သွင်းခဲ့ရတဲ့အတွက် ဂိုးသမား ဘိုနို ကာကွယ်သွားနိုင်ခဲ့ပြီး လက်စွမ်းပြနေခဲ့သလို ၄၉ မိနစ်မှာ ဆီဗီလာနောက်တန်းအမှားကနေ ရရှိခဲ့တဲ့ မာစီယယ်လ်ရဲ့ အခွင့်အရေးကိုလည်း မော်ရိုကိုဂိုးသမားက ထောင့်ပိတ်ပြီး ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ မာစီယယ်လ်ကတော့ ဒီနေ့မှာ လုပ်ချင်ကိုင်ချင်စိတ်များနေခဲ့သလို စောင့်ကစားနေတာများပြီး ဖြုန်းတီးမှုလည်း များခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ လောက်မှာတော့ မာစီယယ်လ် ကုန်သွားတာ သိသာလာခဲ့ပြီး တော်တော်လေး ချွေကစားနေသလို အရပ်ရှည်တဲ့ ရက်ရှ်ဖို့ဒ်က တော်တော်လေး Function များနေခဲ့ပြီး သူနဲ့ ဂရင်းဝုဒ်တို့ပဲ ရုန်းနေခဲ့ရပါတယ်။ ကျဆင်းသွားတဲ့ ကစားသမားတွေ လဲဖို့ နှောင့်နှေးပြီး ထုံးစံအတိုင်း Plan B မရှိတဲ့ ဆိုးလ်ရှားကြောင့် ဆီဗီလာတို့ ပိုပြီး ဖိကစားလာခဲ့သလို ယူနိုက်တက်တို့ကတော့ ကောင်တာပဲ အားကိုးနေခဲ့ရတာပါ။

အပြောင်းအလဲလုပ်ဖို့ နှောင့်နှေးတဲ့ အမှားဒဏ်ကို ယူနိုက်တက်တို့ လှလှကြီး ခံစားလိုက်ရပြီး တစ်ချိန်လုံး အတက်အဆင်း ကစားနေရလို့ ပင်ပန်းနေတဲ့ ဝီလီယမ်စ်ရဲ့ ဘယ်ခြမ်းကနေ ဟေဆူး နားဗက်စ်က ဖြတ်တင်ပေးလိုက်တာကို လင်ဒီလော့ဖ် မရှင်းထုတ်လိုက်နိုင်တာကို လူစားဝင်လာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဒီယောင်းက ပွဲချိန် ၇၈ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒီအနေအထားမှာတောင်မှ ဆိုးလ်ရှားဟာ လူစားလဲပြီး ကစားအားမြှင့်တင်ဖို့ကို နှောင့်နှေးနေဆဲဖြစ်ပြီး ၉ မိနစ်အကြာမှာမှ ဝန်ဘစ်ဆာကာ၊ ဝီလီယမ်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့နေရာမှာ မာတာ၊ ဖိုဆူမန်ဆား၊ ဂျိမ်းစ်နဲ့ အီဂါလိုတို့ကို ထည့်သွင်းခဲ့ပေမယ့် ကွင်းလယ်အဖျက်ကစားသမားတွေ ထပ်ထည့်ပြီး စနစ်တကျ ထိန်းကစားခဲ့တဲ့ ဆီဗီလာကို မကျော်နိုင်ခဲ့ဘဲ အခွင့်အရေးတွေကိုလည်း မဖန်တီးနိုင်ခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ဆိုးလ်ရှားအတွက်တော့ ဒီနေ့ရလဒ်ဟာ မဆန်းဘူးလို့ ပြောနိုင်သလို ထိုက်တန်တဲ့ ရလဒ်ဖြစ်ခဲ့ပြီး ထုံးစံအတိုင်းပဲ Plan B မရှိတာ၊ အသင်းကို စောစောစီးစီး အပြောင်းအလဲမလုပ်နိုင်တာတွေကြောင့် ရှုံးကြွေးထပ်တင်ခဲ့ရပြီး သူများတွေထက် ပိုမိုရှည်လျားတဲ့ ဘောလုံးရာသီမှာ အပင်ပန်းခံရကျိုး မနပ်ဘဲ ဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရပြီဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ဆီဗီလာအသင်းကတော့ နောက်ထပ်စံချိန်တွေ စိန်ခေါ်ဖို့အတွက် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.