Premier League Transfer News

ေပါင္သန္း ၄၀ တန္ ဘ႐ိုက္တန္ေနာက္ခံလူကုိ ေခၚယူဖို႔ သတင္းထြက္ေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ တည္ၿငိမ္တဲ့ ကစားသမားေကာင္းမရွိတဲ့ ဗဟိုခံစစ္အတြက္ အင္အားျဖည့္တင္းဖို႔ အသည္းအသန္ ရွာေဖြေနခဲ့ၿပီး လက္ရွိကစားသမားေတြထဲကလည္း ေရာင္းခ်သြားဖို႔ ရွိေနရာမွာ အဝင္အတြက္ေတာ့ ဘ႐ိုက္တန္အသင္းေခါင္းေဆာင္ လူးဝစ္ ဒန္႔ခ္ကို ေခၚယူဖို႔ နီးစပ္ေနတယ္လို႔ ဆုိပါတယ္။

လက္ရွိအသင္းရဲ႕ ေနာက္တန္းမွာ ဝါအရင့္ဆုံးဗဟိုေနာက္ခံလူျဖစ္ေနတဲ့ အန္တုိနီယို ႐ူဒီဂါဟာ ပြဲႀကီးေတြမွာ ကစားပုံမတည္ၿငိမ္သလို လ်င္ျမန္တဲ့ တုိက္စစ္မွဴးေတြကို ထိန္းရာမွာလည္း အားနည္းခ်က္ရွိေနၿပီး ပ်ာယာခတ္တဲ့ ကစားပုံက တြဲဖက္ကစားသမားေတြျဖစ္ၾကတဲ့ ကတ္ ဇူးမားနဲ႔ ခရစၥတင္ဆန္တုိ႔ကိုလည္း ပုိၿပီး ဖိအားဝင္ေစခဲ့သလို လူငယ္ကစားသမား ဖီကာယုိ တုိမိုရီကလည္း အားကိုးလုိ႔ မရေသးတဲ့ အေနအထားမွာပဲ ရွိေနတာပါ။

နည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ ဒီေနာက္ခံလူေတြထဲက ႏွစ္ဦးေလာက္ကို ေရာင္းထုတ္သြားဖို႔ ႀကံစည္ေနၿပီး လူသစ္ေခၚယူဖို႔အတြက္ ရန္ပုံေငြကို ျပန္လည္ျဖည့္ဆည္းႏုိင္ဖို႔ စီစဥ္ေနသလို ပရီးမီးယားလိဂ္ရဲ႕ အတည္ၿငိမ္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ဒန္႔ခ္ကို ရရွိမယ္ဆုိရင္ေတာ့ ခ်ဲလ္ဆီးအတြက္ အက်ဳိးႀကီးမားတဲ့ အားျဖည့္မွဳလည္းျဖစ္လာႏုိင္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ အဂၤလန္လက္ေရြးစင္အသင္းနဲ႔ အေမရိကန္အသင္းတုိ႔ရဲ႕ ဝင္ဘလီက ေျခစမ္းပြဲမွာ စတင္ပြဲထြက္ကစားခြင့္ရရွိထားၿပီး ဘ႐ိုက္တန္အသင္းမွာေတာ့ လူငယ္ကစားသမားဘဝကတည္းကအေန ခုခ်ိန္အထိ ပြဲေပါင္း ၃၀၆ ပြဲမွာ ၁၉ ဂိုး သြင္းယူေပးထားခဲ့တယ္လုိ႔ သိရပါတယ္။

သည္ဆန္းသတင္းစာရဲ႕ ထုတ္ေဖာ္မွဳအရေတာ့ ဒန္႔ခ္ဟာ ဂၽြန္တယ္ရီကို အားက်ၿပီး ခ်ဲလ္ဆီးအသင္းအားေပးသူတစ္ေယာက္ျဖစ္တယ္လို႔ ဆုိသလို သူ႕ရဲ႕ ေခြးကိုလည္း အသင္းတုိက္စစ္မွဴး ဒီဒီေယး ဒေရာ့ဘာကို ႏွစ္သက္မွဳအရ ဒီဒီေယးလုိ႔ အမည္ေပးထားေၾကာင္းနဲ႔ တစ္ေန႔မွာ ဒီအသင္းအတြက္ ကစားလုိတယ္လို႔ ဝန္ခံထားသူျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ တည်ငြိမ်တဲ့ ကစားသမားကောင်းမရှိတဲ့ ဗဟိုခံစစ်အတွက် အင်အားဖြည့်တင်းဖို့ အသည်းအသန် ရှာဖွေနေခဲ့ပြီး လက်ရှိကစားသမားတွေထဲကလည်း ရောင်းချသွားဖို့ ရှိနေရာမှာ အဝင်အတွက်တော့ ဘရိုက်တန်အသင်းခေါင်းဆောင် လူးဝစ် ဒန့်ခ်ကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအသင်းရဲ့ နောက်တန်းမှာ ဝါအရင့်ဆုံးဗဟိုနောက်ခံလူဖြစ်နေတဲ့ အန်တိုနီယို ရူဒီဂါဟာ ပွဲကြီးတွေမှာ ကစားပုံမတည်ငြိမ်သလို လျင်မြန်တဲ့ တိုက်စစ်မှူးတွေကို ထိန်းရာမှာလည်း အားနည်းချက်ရှိနေပြီး ပျာယာခတ်တဲ့ ကစားပုံက တွဲဖက်ကစားသမားတွေဖြစ်ကြတဲ့ ကတ် ဇူးမားနဲ့ ခရစ္စတင်ဆန်တို့ကိုလည်း ပိုပြီး ဖိအားဝင်စေခဲ့သလို လူငယ်ကစားသမား ဖီကာယို တိုမိုရီကလည်း အားကိုးလို့ မရသေးတဲ့ အနေအထားမှာပဲ ရှိနေတာပါ။

နည်းပြ ဖရန့် လမ်းပတ်ကတော့ ဒီနောက်ခံလူတွေထဲက နှစ်ဦးလောက်ကို ရောင်းထုတ်သွားဖို့ ကြံစည်နေပြီး လူသစ်ခေါ်ယူဖို့အတွက် ရန်ပုံငွေကို ပြန်လည်ဖြည့်ဆည်းနိုင်ဖို့ စီစဉ်နေသလို ပရီးမီးယားလိဂ်ရဲ့ အတည်ငြိမ်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒန့်ခ်ကို ရရှိမယ်ဆိုရင်တော့ ချဲလ်ဆီးအတွက် အကျိုးကြီးမားတဲ့ အားဖြည့်မှုလည်းဖြစ်လာနိုင်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အမေရိကန်အသင်းတို့ရဲ့ ဝင်ဘလီက ခြေစမ်းပွဲမှာ စတင်ပွဲထွက်ကစားခွင့်ရရှိထားပြီး ဘရိုက်တန်အသင်းမှာတော့ လူငယ်ကစားသမားဘဝကတည်းကအနေ ခုချိန်အထိ ပွဲပေါင်း ၃၀၆ ပွဲမှာ ၁၉ ဂိုး သွင်းယူပေးထားခဲ့တယ်လို့ သိရပါတယ်။

သည်ဆန်းသတင်းစာရဲ့ ထုတ်ဖော်မှုအရတော့ ဒန့်ခ်ဟာ ဂျွန်တယ်ရီကို အားကျပြီး ချဲလ်ဆီးအသင်းအားပေးသူတစ်ယောက်ဖြစ်တယ်လို့ ဆိုသလို သူ့ရဲ့ ခွေးကိုလည်း အသင်းတိုက်စစ်မှူး ဒီဒီယေး ဒရော့ဘာကို နှစ်သက်မှုအရ ဒီဒီယေးလို့ အမည်ပေးထားကြောင်းနဲ့ တစ်နေ့မှာ ဒီအသင်းအတွက် ကစားလိုတယ်လို့ ဝန်ခံထားသူဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.