Premier League Transfer News

မန္စီးတီးနဲ႔ အၿပဳိင္ျဖစ္ေနေပမယ့္ ေခ်းလ္ဝဲလ္ကို ေခၚယူႏိုင္ဖို႔ ယုံၾကည္ေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကာလၾကာရွည္ပစ္မွတ္တစ္ခုျဖစ္တဲ့ လက္စတာစီးတီးေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကို ေခၚယူႏုိင္မယ္လို႔ ယုံၾကည္ေနၿပီး မန္ခ်က္စတာစီးတီးထက္ လက္ဦးမွဳရယူၿပီး ရာသီမစတင္ခင္မွာ စာခ်ဳပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္လုိ႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္ဘယ္ေနာက္ခံလူအတြက္ လက္စတာဘက္က ေတာင္းဆုိထားတဲ့ ေဈးကို ေလွ်ာ့ခ်သြားဖြယ္ရွိေနၿပီး ေပါင္သန္း ၅၀ ေလာက္မွာ အေရာင္းအဝယ္ျဖစ္ႏုိင္မယ္လို႔ ခ်ဲလ္ဆီးဘက္က ယုံၾကည္ေနသလို ခ်န္ပီယံလိဂ္မဝင္ခဲ့တဲ့အတြက္ ဆက္ထိန္းဖို႔ မလြယ္ကူေတာ့ဘူးလုိ႔လည္း ခန္႔မွန္းေနၾကပါတယ္။

လက္စတာစီးတီးရဲ႕ လူငယ္အကယ္ဒမီကေန ေပါက္ဖြားလာတဲ့ ေခ်းလ္ဝဲလ္ဟာ အသင္းနဲ႔အတူ လာမယ့္ရာသီဖြင့္ပြဲစဥ္မွာ ပါဝင္ကစားခဲ့ရင္ သူ႕ရဲ႕ ပရီးမီးယားလိဂ္ရာျပည့္ပြဲကို ကစားႏုိင္မွာျဖစ္ၿပီး လက္ရွိအခ်ိန္အထိေတာ့ ၿပဳိင္ပြဲစုံ ၁၂၃ ပြဲမွာ ၄ ဂိုး သြင္းယူထားႏုိင္ခဲ့သလို မန္ခ်က္စတာၿမဳိ႕ခံ ႏွစ္သင္းရဲ႕ ေစာင့္ၾကည့္မွဳကိုလည္း ခံေနခဲ့ရပါတယ္။

လက္စတာအသင္းဘက္က ေနာက္ဆုံးေတာင္းဆုိထားခဲ့တဲ့ ေပါင္သန္း ၈၀ ေက်ာ္ဆုိတဲ့ ေဈးကို ေလွ်ာ့ခ်သြားမယ္လို႔ တရားဝင္ထုတ္ျပန္တာမ်ဳိး မရွိေသးေပမယ့္ ခ်ဲလ္ဆီးကေတာ့ သူတုိ႔ရဲ႕ အဝယ္စာရင္းမွာ ဦးစားေပးအျဖစ္ အုိင္းယက္စ္ရဲ႕ တာဂလီယာဖီကိုနဲ႔ ဆီဗီလာရဲ႕ ရက္ဂီလြန္တို႔ထက္ ေရွ႕ကထားၿပီး ႀကဳိးစားေနတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္ရွိမွာ တီမို ဗာနာနဲ႔ ဟာကင္မ္ ဇီယက္ခ်္တုိ႔အတြက္ စုစုေပါင္း ေပါင္ ၈၆ သန္း သုံးစြဲထားၿပီးျဖစ္သလို ေလဗာကူဆင္ရဲ႕ ခိုင္ ဟာဗတ္ဇ္ကိုလည္း ေပါင္သန္း ၉၀ နဲ႔ ေခၚယူႏုိင္ဖို႔ ႀကဳိးစားေနၿပီး ဘယ္ျခမ္းနဲ႔ ဗဟိုခံစစ္၊ ဂိုးသမားတစ္ဦးတုိ႔အတြက္ေတာ့ ေခၽြတာ သုံးစြဲရဖို႔နဲ႔ ကစားသမားေတြကို ေရာင္းခ်ၿပီးမွ ျပန္လည္ေခၚယူဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ကာလကြာရှည်ပစ်မှတ်တစ်ခုဖြစ်တဲ့ လက်စတာစီးတီးနောက်ခံလူ ဘန် ချေးလ်ဝဲလ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး မန်ချက်စတာစီးတီးထက် လက်ဦးမှုရယူပြီး ရာသီမစတင်ခင်မှာ စာချုပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်ဘယ်နောက်ခံလူအတွက် လက်စတာဘက်က တောင်းဆိုထားတဲ့ ဈေးကို လျှော့ချသွားဖွယ်ရှိနေပြီး ပေါင်သန်း ၅၀ လောက်မှာ အရောင်းအဝယ်ဖြစ်နိုင်မယ်လို့ ချဲလ်ဆီးဘက်က ယုံကြည်နေသလို ချန်ပီယံလိဂ်မဝင်ခဲ့တဲ့အတွက် ဆက်ထိန်းဖို့ မလွယ်ကူတော့ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။

လက်စတာစီးတီးရဲ့ လူငယ်အကယ်ဒမီကနေ ပေါက်ဖွားလာတဲ့ ချေးလ်ဝဲလ်ဟာ အသင်းနဲ့အတူ လာမယ့်ရာသီဖွင့်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင် သူ့ရဲ့ ပရီးမီးယားလိဂ်ရာပြည့်ပွဲကို ကစားနိုင်မှာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ပြိုင်ပွဲစုံ ၁၂၃ ပွဲမှာ ၄ ဂိုး သွင်းယူထားနိုင်ခဲ့သလို မန်ချက်စတာမြို့ခံ နှစ်သင်းရဲ့ စောင့်ကြည့်မှုကိုလည်း ခံနေခဲ့ရပါတယ်။

လက်စတာအသင်းဘက်က နောက်ဆုံးတောင်းဆိုထားခဲ့တဲ့ ပေါင်သန်း ၈၀ ကျော်ဆိုတဲ့ ဈေးကို လျှော့ချသွားမယ်လို့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် ချဲလ်ဆီးကတော့ သူတို့ရဲ့ အဝယ်စာရင်းမှာ ဦးစားပေးအဖြစ် အိုင်းယက်စ်ရဲ့ တာဂလီယာဖီကိုနဲ့ ဆီဗီလာရဲ့ ရက်ဂီလွန်တို့ထက် ရှေ့ကထားပြီး ကြိုးစားနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိမှာ တီမို ဗာနာနဲ့ ဟာကင်မ် ဇီယက်ချ်တို့အတွက် စုစုပေါင်း ပေါင် ၈၆ သန်း သုံးစွဲထားပြီးဖြစ်သလို လေဗာကူဆင်ရဲ့ ခိုင် ဟာဗတ်ဇ်ကိုလည်း ပေါင်သန်း ၉၀ နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဘယ်ခြမ်းနဲ့ ဗဟိုခံစစ်၊ ဂိုးသမားတစ်ဦးတို့အတွက်တော့ ချွေတာ သုံးစွဲရဖို့နဲ့ ကစားသမားတွေကို ရောင်းချပြီးမှ ပြန်လည်ခေါ်ယူဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.