Premier League

၁၆.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၁၃ ရက္၊ တနဂၤေႏြေန႔။

၁၆.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၁၃ ရက္၊ တနဂၤေႏြေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၄:၅၀ အထိ တိထီ ၁၂ လုံး။ ေက်ာ္လွ်င္ ၁၃ လုံး။ ၁၂ လုံးတြင္ ေလာင္ကၽြမ္းယုဂ္၊ လႊသြားယုဂ္ႏွင့္ ယာဇ္မီးယုဂ္၊ ယုဂ္မ်ား ေရာေထြးေနၿပီး အဖ်က္သေဘာေဆာင္ရြက္ျခင္းမ်ား ပုိမိုအားေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၈:၀၁ အထိ အျဒနကၡတ္။ ေက်ာ္လွ်င္ ပုဏၰဖုသွ်ဳနကၡတ္။ နံနက္ ၈:၅၀ အထိ ဝဇီရယုဂ္၊ စိန္ကဲ့သို႔ မာေက်ာတန္ဖိုးရွိျခင္း၊ မိုးႀကဳိးကဲ့သို႔ ဖ်က္အားျပင္းထန္ျခင္း၊ ေရွ႕တုိး၍ မိ္မိအင္အားျဖင့္ ထိုးေဖာက္ေဆာင္ရြက္ရန္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ညႇိႏွဳိင္းေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ မသင့္ေတာ္ပါ။ ေက်ာ္လွ်င္ သိဒၶိယုဂ္၊ ေအာင္ျမင္မွဳရျခင္း၊ အကာအကြယ္ရျခင္း၊ ကၽြမ္းက်င္မွဳျဖင့္ ၿပီးျပည့္စုံေစျခင္းျဖစ္၍ မိမိ ကၽြမ္းက်င္ပိုင္ႏုိင္ေသာအလုပ္အား ေရြးခ်ယ္လုပ္ေဆာင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၄:၅၀ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၄:၁၇ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူ တာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ညေန ၁၄:၅၀ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၆.၈.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၃ ရက်၊ တနင်္ဂနွေနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၄:၅၀ အထိ တိထီ ၁၂ လုံး။ ကျော်လျှင် ၁၃ လုံး။ ၁၂ လုံးတွင် လောင်ကျွမ်းယုဂ်၊ လွှသွားယုဂ်နှင့် ယာဇ်မီးယုဂ်၊ ယုဂ်များ ရောထွေးနေပြီး အဖျက်သဘောဆောင်ရွက်ခြင်းများ ပိုမိုအားကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၈:၀၁ အထိ အဒြနက္ခတ်။ ကျော်လျှင် ပုဏ္ဏဖုသျှုနက္ခတ်။ နံနက် ၈:၅၀ အထိ ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။ ကျော်လျှင် သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၄:၅၀ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၄:၁၇ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူ တာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၄:၅၀ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)