Premier League Transfer News

ဆန္ခ်ဳိအစား ဂရိမွာ ေလ့က်င့္ခန္းဆင္းေနတဲ့ ဂရီးလစ္ရွ္ကိုပဲ မန္ယူတုိ႔ ေခၚယူသြားဖြယ္ရွိေန

မန္ခ်က္စတာယူႏုိက္အသင္းအေနနဲ႔ အားလပ္ရက္မွာ အခ်ိန္မျဖဳန္းဘဲ အက္စတန္ဗီလာအသင္းရဲ႕ ရာသီႀကဳိေလ့က်င့္ေရးမတုိင္ခင္မွာ သူ႕ရဲ႕ ႀကံ့ခုိင္မွဳပုံစံကို ဆက္လက္ထိန္းသိမ္းထားႏုိင္ဖို႔ ဂရိေျမ မိုင္ကိုေနာ့စ္မွာ ေလ့က်င့္ခန္းဆင္းေနတဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေခၚယူသြားဖို႔ ျပန္လည္ႀကဳိးစား သြားဖို႔ ရွိေနတယ္လုိ႔ သိရပါတယ္။

ေႏြရာသီတစ္ေလွ်ာက္ ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိက သိသာတဲ့ ဦးစားေပးပစ္မွတ္ျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာ သူ႕ကို ေခၚယူဖို႔ ျဖစ္ႏုိင္ေျခနည္းလာခဲ့တဲ့အေလ်ာက္ အသင္းရဲ႕ ေပါင္သန္း ၈၀ ဘတ္ဂ်က္နဲ႔ ကိုက္ညီမယ့္ အက္စတန္ဗီလာ အသင္းေခါင္းေဆာင္ကိုပဲ ေခၚယူသြားဖို႔ ခ်ိန္ရြယ္လာခဲ့တာပါ။

အသက္ ၂၄ ႏွစ္အရြယ္ အဂၤလန္ယူ-၂၁ ကစားသမားေဟာင္းဟာ ကြင္းလယ္မွာ ေနရာစုံကစားႏုိင္သူျဖစ္သလို ေတာင္ပံေတြမွာလည္း ငယ္ရြယ္စဥ္ကတည္းက ကစားဖူးသူျဖစ္လို႔ ယူႏုိက္တက္အတြက္ေတာ့ နည္းစနစ္ပုိင္းအရ တန္ဖိုးျမင့္မားတဲ့ ေခၚယူမွဳျဖစ္လာႏုိင္ၿပီး သူ႕ရဲ႕ အသင္းကေတာ့ ပရီးမီးယားလိဂ္က တန္းမဆင္းခဲ့တဲ့အတြက္ ေဈးမ်ားမ်ားဆစ္ဖို႔ေတာ့ မျဖစ္ႏုိင္ဘဲ ေပါင္သန္း ၈၀ ဝန္းက်င္မွာ ေခၚယူရဖို႔ ရွိေနပါတယ္။

ငယ္စဥ္က အလွအပ ျပလြန္းတဲ့ ေတာင္ပံကစားသမားတစ္ေယာက္အျဖစ္ လူေတြက တန္ဖိုးသိပ္မထားခဲ့ၾကေပမယ့္ ေနာက္ပုိင္းမွာေတာ့ ဗီလာရဲ႕ ကြင္းလယ္ဗဟိုမွာ ေျပာင္းလဲကစားၿပီး အသင္းေခါင္းေဆာင္လက္ပတ္ကိုပါ ရယူႏုိင္ခဲ့တဲ့ အဂၤလန္သားဟာ လက္ေရြးစင္အသင္းႀကီးမွာလည္း ေရြးခ်ယ္ခံရဖို႔ နီးစပ္ေနၿပီး ႀကဳိးစားအားထုတ္မွဳေကာင္းမြန္တဲ့ ဂရိေျမက ပုံစံက ယူႏုိက္တက္ကို ပုိမုိဆြဲေဆာင္မွဳ ရွိႏုိင္မွာလည္းျဖစ္ပါတယ္။

ဂရီးလစ္ရွ္အေနနဲ႔ အက္စတန္ဗီလာအသင္းတာဝန္ရွိသူေတြနဲ႔ အားလပ္ရက္ ကုန္ဆုံးခ်ိန္မွာ ေတြ႕ဆုံေဆြးေႏြးသြားဖြယ္ရွိၿပီး အသင္းေျပာင္းခြင့္ အတြက္ ေတာင္းဆုိသြားမယ္လို႔ သတင္းေတြ ထြက္ေပၚေနသလို သူ႕အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ေျပာင္းေရႊ႕ျဖစ္ခဲ့ရင္ေတာ့ လက္ရွိရရွိေနတဲ့ တစ္ပတ္ လုပ္ခ ေပါင္ ၆၅၀၀၀ ထက္ ႏွစ္ဆအနည္းဆုံး တုိးတက္ရရွိဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်အသင်းအနေနဲ့ အားလပ်ရက်မှာ အချိန်မဖြုန်းဘဲ အက်စတန်ဗီလာအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးမတိုင်ခင်မှာ သူ့ရဲ့ ကြံ့ခိုင်မှုပုံစံကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဂရိမြေ မိုင်ကိုနော့စ်မှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူသွားဖို့ ပြန်လည်ကြိုးစား သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

နွေရာသီတစ်လျှောက် ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုက သိသာတဲ့ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ သူ့ကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေနည်းလာခဲ့တဲ့အလျောက် အသင်းရဲ့ ပေါင်သန်း ၈၀ ဘတ်ဂျက်နဲ့ ကိုက်ညီမယ့် အက်စတန်ဗီလာ အသင်းခေါင်းဆောင်ကိုပဲ ခေါ်ယူသွားဖို့ ချိန်ရွယ်လာခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ယူ-၂၁ ကစားသမားဟောင်းဟာ ကွင်းလယ်မှာ နေရာစုံကစားနိုင်သူဖြစ်သလို တောင်ပံတွေမှာလည်း ငယ်ရွယ်စဉ်ကတည်းက ကစားဖူးသူဖြစ်လို့ ယူနိုက်တက်အတွက်တော့ နည်းစနစ်ပိုင်းအရ တန်ဖိုးမြင့်မားတဲ့ ခေါ်ယူမှုဖြစ်လာနိုင်ပြီး သူ့ရဲ့ အသင်းကတော့ ပရီးမီးယားလိဂ်က တန်းမဆင်းခဲ့တဲ့အတွက် ဈေးများများဆစ်ဖို့တော့ မဖြစ်နိုင်ဘဲ ပေါင်သန်း ၈၀ ဝန်းကျင်မှာ ခေါ်ယူရဖို့ ရှိနေပါတယ်။

ငယ်စဉ်က အလှအပ ပြလွန်းတဲ့ တောင်ပံကစားသမားတစ်ယောက်အဖြစ် လူတွေက တန်ဖိုးသိပ်မထားခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဗီလာရဲ့ ကွင်းလယ်ဗဟိုမှာ ပြောင်းလဲကစားပြီး အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ရယူနိုင်ခဲ့တဲ့ အင်္ဂလန်သားဟာ လက်ရွေးစင်အသင်းကြီးမှာလည်း ရွေးချယ်ခံရဖို့ နီးစပ်နေပြီး ကြိုးစားအားထုတ်မှုကောင်းမွန်တဲ့ ဂရိမြေက ပုံစံက ယူနိုက်တက်ကို ပိုမိုဆွဲဆောင်မှု ရှိနိုင်မှာလည်းဖြစ်ပါတယ်။

ဂရီးလစ်ရှ်အနေနဲ့ အက်စတန်ဗီလာအသင်းတာဝန်ရှိသူတွေနဲ့ အားလပ်ရက် ကုန်ဆုံးချိန်မှာ တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိပြီး အသင်းပြောင်းခွင့် အတွက် တောင်းဆိုသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ လက်ရှိရရှိနေတဲ့ တစ်ပတ် လုပ်ခ ပေါင် ၆၅၀၀၀ ထက် နှစ်ဆအနည်းဆုံး တိုးတက်ရရှိဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.