Premier League

ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီအေကာင္းဆုံးနည္းျပဆုကို ဆြတ္ခူးခဲ့တဲ့ လီဗာပူးလ္နည္းျပ ကေလာ့ပ္

ကိုဗစ္-၁၉ ေၾကာင့္ မရွည္ၾကာသင့္ဘဲ ရွည္ၾကာခဲ့ရတဲ့ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံဆုကို ႏွစ္ ၃၀ အၾကာမွာ ျပန္လည္ရယူေပးႏုိင္ခဲ့တဲ့ နည္းျပ ယာဂန္ ကေလာ့ပ္ဟာ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးနည္းျပအျဖစ္ အသင္းရဲ႕ ၿပဳိင္ပြဲကို စိုးမိုးႏုိင္မွဳနဲ႔အတူ ေရြးခ်ယ္ခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္းကို ၁၈ မွတ္အကြာနဲ႔ ျဖဳတ္ခ်ႏုိင္ခဲ့ၿပီး ရမွတ္ ၉၉ မွတ္နဲ႔ ဆုဖလားကို ရရွိခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ၃၂ ပြဲႏုိင္ ၃ ပြဲသေရနဲ႔ ၃ ပြဲရွဳံးခဲ့ၿပီး ၃၃ ဂိုးသာ ေပးခဲ့ရတဲ့ အေကာင္းဆုံးခံစစ္နဲ႔ ေအာင္ပြဲခံႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီဆုအတြက္ ပဏာမစာရင္း တင္သြင္းခံခဲ့ရသူေတြျဖစ္တဲ့ ခ်ဲလ္ဆီးရဲ႕ ဖရန္႔ လမ္းပတ္၊ လက္စတာရဲ႕ ဘရန္ဒန္ ေရာ့ဂ်ားစ္နဲ႔ တန္းတက္ ရွက္ဖီးလ္ဒ္ယူႏုိက္တက္ရဲ႕ ခရစၥ ဝိုင္လ္ဒါတုိ႔ကို ခ်န္ပီယံအသင္းရဲ႕ နည္းျပက ျဖတ္ေက်ာ္ရယူသြားႏုိင္ခဲတာျဖစ္ၿပီး ဒီအသက္ ၅၃ ႏွစ္အရြယ္ ဂ်ာမန္သားဟာ လိဂ္မန္ေနဂ်ာမ်ားအစည္းအ႐ုံးက ေပးအပ္တဲ့ တစ္ႏွစ္အေကာင္းဆုံးဆုကိုလည္း ရရွိထားပါတယ္။

ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔မွာ ကစားခဲ့တဲ့ ဝတ္ဖို႔ဒ္နဲ႔ ပြဲစဥ္ ၂၈ ကို သုံးဂိုး-ဂိုးမရွိနဲ႔ ရွဳံးနိမ့္ခဲ့လို႔ အာဆင္နယ္ရဲ႕ Invincible စံခ်ိန္လမ္းေၾကာင္းက ေခ်ာ္ထြက္ခဲ့ရေပမယ့္ ၉၉ မွတ္ဆုိတာကေတာ့ လီဗာပူးလ္တုိ႔အတြက္ ဂုဏ္သိကၡာျမင့္မားတဲ့ ရမွတ္စုေဆာင္းမွဳလည္းျဖစ္ခဲ့ၿပီး အသင္းရဲ႕ အမွတ္အမ်ားဆုံး စုေဆာင္းႏုိင္မွဳလည္း ျဖစ္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ကို ဆြတ္ခူးခဲ့တဲ့ လီဗာပူးလ္အေနနဲ႔ ဒီရာသီမွာ ေစာေစာစီးစီးမွာပဲ ပရီးမီးယားလိဂ္ဖလားကို သိမ္းပုိက္ႏုိင္ခဲ့လို႔ ကေလာ့ပ္အတြက္ ဒီဆုနဲ႔ ထိုက္တန္ခဲ့ၿပီး ေသာၾကာေန႔ကလည္း လီဗာပူးလ္ကစားသမားတစ္ဦးပဲျဖစ္တဲ့ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က တစ္ႏွစ္တာ အေကာင္းဆုံး လူငယ္ကစားသမားဆုကို ဆြတ္ခူးထားႏုိင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & PREMIER LEAGUE TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုဗစ်-၁၉ ကြောင့် မရှည်ကြာသင့်ဘဲ ရှည်ကြာခဲ့ရတဲ့ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံဆုကို နှစ် ၃၀ အကြာမှာ ပြန်လည်ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ယာဂန် ကလော့ပ်ဟာ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြအဖြစ် အသင်းရဲ့ ပြိုင်ပွဲကို စိုးမိုးနိုင်မှုနဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို ၁၈ မှတ်အကွာနဲ့ ဖြုတ်ချနိုင်ခဲ့ပြီး ရမှတ် ၉၉ မှတ်နဲ့ ဆုဖလားကို ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ၃၂ ပွဲနိုင် ၃ ပွဲသရေနဲ့ ၃ ပွဲရှုံးခဲ့ပြီး ၃၃ ဂိုးသာ ပေးခဲ့ရတဲ့ အကောင်းဆုံးခံစစ်နဲ့ အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဆုအတွက် ပဏာမစာရင်း တင်သွင်းခံခဲ့ရသူတွေဖြစ်တဲ့ ချဲလ်ဆီးရဲ့ ဖရန့် လမ်းပတ်၊ လက်စတာရဲ့ ဘရန်ဒန် ရော့ဂျားစ်နဲ့ တန်းတက် ရှက်ဖီးလ်ဒ်ယူနိုက်တက်ရဲ့ ခရစ္စ ဝိုင်လ်ဒါတို့ကို ချန်ပီယံအသင်းရဲ့ နည်းပြက ဖြတ်ကျော်ရယူသွားနိုင်ခဲတာဖြစ်ပြီး ဒီအသက် ၅၃ နှစ်အရွယ် ဂျာမန်သားဟာ လိဂ်မန်နေဂျာများအစည်းအရုံးက ပေးအပ်တဲ့ တစ်နှစ်အကောင်းဆုံးဆုကိုလည်း ရရှိထားပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကစားခဲ့တဲ့ ဝတ်ဖို့ဒ်နဲ့ ပွဲစဉ် ၂၈ ကို သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ အာဆင်နယ်ရဲ့ Invincible စံချိန်လမ်းကြောင်းက ချော်ထွက်ခဲ့ရပေမယ့် ၉၉ မှတ်ဆိုတာကတော့ လီဗာပူးလ်တို့အတွက် ဂုဏ်သိက္ခာမြင့်မားတဲ့ ရမှတ်စုဆောင်းမှုလည်းဖြစ်ခဲ့ပြီး အသင်းရဲ့ အမှတ်အများဆုံး စုဆောင်းနိုင်မှုလည်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ကို ဆွတ်ခူးခဲ့တဲ့ လီဗာပူးလ်အနေနဲ့ ဒီရာသီမှာ စောစောစီးစီးမှာပဲ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့လို့ ကလော့ပ်အတွက် ဒီဆုနဲ့ ထိုက်တန်ခဲ့ပြီး သောကြာနေ့ကလည်း လီဗာပူးလ်ကစားသမားတစ်ဦးပဲဖြစ်တဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်က တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးထားနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & PREMIER LEAGUE TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.