Bundesliga Premier League Transfer News

ဆန္ခ်ဳိကို ေမ့ပစ္ၿပီး ဒီေငြေၾကးနဲ႔ ဟာရီကိန္းကို ေခၚယူဖို႔ မန္ယူကို တုိက္တြန္းခဲ့တဲ့ ေပါလ္မာဆန္

စကိုင္းစပို႔စ္ရဲ႕ အစီအစဥ္တင္ဆက္သူ ေဘာလုံးသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေပါလ္မာဆန္က ေခၚယူဖို႔ ခက္ခဲေနခဲ့တဲ့ ေဂ်ဒန္ ဆန္ခ်ဳိကို ဒီေလာက္ေငြသုံးၿပီး ေခၚယူဖို႔ အဆင္မေျပရင္ ေမ့ပစ္လုိက္ဖို႔နဲ႔ သူ႕အစား အသင္းအတြက္ တကယ္တမ္းအသုံးဝင္မယ့္ စပါးစ္တုိက္စစ္မွဴး ဟာရီကိန္းကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္ကို တုိက္တြန္းလုိက္ပါတယ္။

ေဒါ့မြန္ဘက္က ေရာင္းခ်လိုျခင္းမရွိတာေၾကာင့္ ေဈးကိုင္ေနခဲ့ၿပီး ညႇိႏွဳိင္းဖို႔ အဆင္မေျပေအာင္ အမ်ဳိးမ်ဳိး ဖ်က္လုိဖ်က္ဆီးေတြ ျပဳလုပ္ခဲ့တယ္လို႔ ယူႏုိက္တက္ဘက္က စြပ္စြဲထားတဲ့ ဆန္ခ်ဳိရဲ႕ အေျပာင္းအေရႊ႕ကေတာ့ ဒီေႏြရာသီမွာ ျဖစ္ေပၚႏုိင္ဖို႔ ေတာ္ေတာ္ေလး ျဖစ္ႏုိင္ေျခ နည္းေနၿပီး တျခားပစ္မွတ္ကို ေျပာင္းလဲေခၚယူရဖို႔ ရွိေနတာျဖစ္ပါတယ္။

ေပါလ္မာဆန္ကေတာ့ ဆန္ခ်ဳိကို တကယ္လိုအပ္လုိ႔လားလို႔ ေမးခြန္းထုတ္လုိက္ၿပီး ေမဆန္ ဂရင္းဝုဒ္ရွိေနတဲ့ ေတာင္ပံတုိက္စစ္မွာ သူ႕ကို အလ်င္စလို ေခၚယူဖို႔ မလိုအပ္ေၾကာင္းနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကလည္း ပိုေကာင္းလာဦးမွာျဖစ္လို႔ အေထာင္တုိက္စစ္မွဴးေကာင္းတစ္ဦးျဖစ္တဲ့ ကိန္းကိုပဲ ဆန္ခ်ဳိအတြက္ သုံးမယ့္ေငြနဲ႔ ေခၚယူႏုိင္တယ္လုိ႔ ဆုိခဲ့ပါတယ္။

“ဆန္ခ်ဳိက တကယ့္ကစားသမားေကာင္းတစ္ဦးပါ။ ဒါေပမယ့္ ယူႏုိက္တက္မွာ ဘယ္နားမွာ သုံးမွာလဲ။ သူတုိ႔မွာ ဒီေနရာေတြအတြက္ လူေကာင္းေတြ ရွိေနၿပီး တကယ္တမ္း လိုအပ္ေနတာက အေထာင္တုိက္စစ္မွဴးေနရာပါ။ ဆန္ခ်ဳိဟာ အိုးလ္ထရက္ဖို႔ဒ္မွာ အံမဝင္ႏုိင္ဘူးလို႔ ေျပာတာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူတုိ႔အေနနဲ႔ ေငြသုံးမယ္ဆုိရင္ အဓိကလိုအပ္ခ်က္ျဖစ္ေနတဲ့ တုိက္စစ္မွဴးေနရာအတြက္ပဲ သုံးသင့္ပါတယ္”လို႔ မာဆန္က ဆုိပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ နည္းျပေဟာင္းတစ္ဦးျဖစ္တဲ့ ႐ုဒ္ ဂူးလစ္ကေတာ့ သူဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ နည္းျပတစ္ဦးဆုိရင္ လီဗာပူးလ္ရဲ႕ တည္ေဆာက္ပုံကိုပဲ အတုယူၿပီး စတင္မွာျဖစ္သလို ဗာဂ်ီးလ္ ဗန္ဒိုက္ကို ေခၚယူခဲ့သလိုမ်ဳိး RB လိုက္ပ္ဇစ္ရဲ႕ အူပါမီကာႏိုကို ေခၚယူၿပီး ခံစစ္ကေန စတင္တည္ေဆာက္မယ္လို႔ ေျပာခဲ့ၿပီး အဓိက လိုအပ္ေနတဲ့ေနရာေတြကို အားျဖည့္ဖို႔ တုိက္တြန္းသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စကိုင်းစပို့စ်ရဲ့ အစီအစဉ်တင်ဆက်သူ ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်မာဆန်က ခေါ်ယူဖို့ ခက်ခဲနေခဲ့တဲ့ ဂျေဒန် ဆန်ချိုကို ဒီလောက်ငွေသုံးပြီး ခေါ်ယူဖို့ အဆင်မပြေရင် မေ့ပစ်လိုက်ဖို့နဲ့ သူ့အစား အသင်းအတွက် တကယ်တမ်းအသုံးဝင်မယ့် စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်ကို တိုက်တွန်းလိုက်ပါတယ်။

ဒေါ့မွန်ဘက်က ရောင်းချလိုခြင်းမရှိတာကြောင့် ဈေးကိုင်နေခဲ့ပြီး ညှိနှိုင်းဖို့ အဆင်မပြေအောင် အမျိုးမျိုး ဖျက်လိုဖျက်ဆီးတွေ ပြုလုပ်ခဲ့တယ်လို့ ယူနိုက်တက်ဘက်က စွပ်စွဲထားတဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကတော့ ဒီနွေရာသီမှာ ဖြစ်ပေါ်နိုင်ဖို့ တော်တော်လေး ဖြစ်နိုင်ခြေ နည်းနေပြီး တခြားပစ်မှတ်ကို ပြောင်းလဲခေါ်ယူရဖို့ ရှိနေတာဖြစ်ပါတယ်။

ပေါလ်မာဆန်ကတော့ ဆန်ချိုကို တကယ်လိုအပ်လို့လားလို့ မေးခွန်းထုတ်လိုက်ပြီး မေဆန် ဂရင်းဝုဒ်ရှိနေတဲ့ တောင်ပံတိုက်စစ်မှာ သူ့ကို အလျင်စလို ခေါ်ယူဖို့ မလိုအပ်ကြောင်းနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကလည်း ပိုကောင်းလာဦးမှာဖြစ်လို့ အထောင်တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်တဲ့ ကိန်းကိုပဲ ဆန်ချိုအတွက် သုံးမယ့်ငွေနဲ့ ခေါ်ယူနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

“ဆန်ချိုက တကယ့်ကစားသမားကောင်းတစ်ဦးပါ။ ဒါပေမယ့် ယူနိုက်တက်မှာ ဘယ်နားမှာ သုံးမှာလဲ။ သူတို့မှာ ဒီနေရာတွေအတွက် လူကောင်းတွေ ရှိနေပြီး တကယ်တမ်း လိုအပ်နေတာက အထောင်တိုက်စစ်မှူးနေရာပါ။ ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ အံမဝင်နိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ ငွေသုံးမယ်ဆိုရင် အဓိကလိုအပ်ချက်ဖြစ်နေတဲ့ တိုက်စစ်မှူးနေရာအတွက်ပဲ သုံးသင့်ပါတယ်”လို့ မာဆန်က ဆိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ရုဒ် ဂူးလစ်ကတော့ သူဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြတစ်ဦးဆိုရင် လီဗာပူးလ်ရဲ့ တည်ဆောက်ပုံကိုပဲ အတုယူပြီး စတင်မှာဖြစ်သလို ဗာဂျီးလ် ဗန်ဒိုက်ကို ခေါ်ယူခဲ့သလိုမျိုး RB လိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုကို ခေါ်ယူပြီး ခံစစ်ကနေ စတင်တည်ဆောက်မယ်လို့ ပြောခဲ့ပြီး အဓိက လိုအပ်နေတဲ့နေရာတွေကို အားဖြည့်ဖို့ တိုက်တွန်းသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.