La Liga Premier League Transfer News

ဝီလီယန္ကို ရရွိအၿပီးမွာ ပါေတးကို အရွိန္ျမႇင့္ႀကဳိးစားေတာ့မယ့္ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဘရာဇီးလ္ေတာင္ပံကစားသမား ဝီလီယန္ကို ေခၚယူႏုိင္ခဲ့အၿပီးမွာေတာ့ သူတုိ႔ရဲ႕ ေနာက္ထပ္ ပစ္မွတ္တစ္ခုျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ထပ္မံေခၚယူႏုိင္ဖို႔ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အၿပဳိင္ ႀကဳိးစားလုပ္ေဆာင္သြားဖြယ္ရွိေနပါတယ္။

စီးရီးေအမွာ ခ်န္ပီယံဆုအတြက္ အာမခံခ်က္ျမင့္မားၿပီး ႏွစ္တုိင္းနီးပါး ရယူႏိုင္ေနတဲ့ အင္အားႀကီးၿပဳိင္ဘက္နဲ႔ အာဆင္နယ္တုိ႔ ယွဥ္ၿပဳိင္ရဖို႔ ရွိေနေပမယ့္ မက္ဒရစ္သားေတြဘက္က ေငြေၾကးကိုသာ အလိုရွိေနခ်ိန္မွာ ကိုယ့္လိုပဲ ကစားသမားအလုိက္ေပးၿပီး ကမ္းလွမ္းဖို႔ ရွိေနတဲ့ ဂ်ဴဗင္တပ္စ္ကို အသာရႏုိင္ဖို႔ အခြင့္အေရးရွိေနေသးတာေၾကာင့္ ပရိသတ္ေတြအတြက္ေတာ့ ေမွ်ာ္လင့္ခ်က္က ေတာ္ေတာ္ေလး က်န္ရွိေနေသးတာျဖစ္ပါတယ္။

RB လိုက္ပ္ဇစ္အသင္းကို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ရွဳံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ထည့္သြင္းကစားျခင္း မရွိခဲ့ဘဲ အရန္ခုံမွာသာ ရွိေနခဲ့တဲ့ ပါေတးရဲ႕ အနာဂတ္ကို မီဒီယာေတြက အက္သလက္တီကိုကေန ထြက္ခြာဖို႔ပဲ ရွိေတာ့တယ္လို႔ ခန္႔မွန္းေနခဲ့ၾကၿပီး အာဆင္နယ္ပရိသတ္ေတြကလည္း တြစ္တာေပၚမွာ ႀကဳိဆုိတဲ့ အေရးအသားေတြကို တင္ေနၾကပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္တုိ႔ဘက္က အလဲအထပ္လုပ္ဖို႔ အဆုိျပဳထားခဲ့တဲ့ လာကာဇက္၊ ဘယ္လာရင္နဲ႔ ေတာ္ရဲရားတုိ႔ သုံးဦးကို တီကိုဘက္က စိတ္ဝင္စားေပမယ့္ ေငြေၾကးရွာေဖြသြားဖုိ႔ကို ပုိမိုလိုလားတာေၾကာင့္ ေျမာက္လန္ဒန္အသင္းအေနနဲ႔ သူတုိ႔လုပ္ေဆာင္တတ္တဲ့ အစဥ္အလာအတုိင္း အရစ္က် ေပးေခ်ဖို႔ ႀကဳိးစားတာက ပိုမိုေအာင္ျမင္ႏုိင္တဲ့ နည္းလမ္းလည္း ျဖစ္ႏိုင္ပါတယ္။

အသင္းရဲ႕ တုိက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ အလန္ စမစ္ကေတာ့ အာဆင္နယ္အသင္းမွာ ကြင္းလယ္အဖ်က္တစ္ေနရာကိုသာ အားျဖည့္ႏုိင္မယ္ဆုိရင္ ဗဟိုခံစစ္အတြက္ စိတ္ပူစရာ မလိုေတာ့ဘဲ စိန္႔အက္တီယန္ကေန ျပန္လည္ေရာက္ရွိလာတဲ့ ဆာလီဘာကို အသုံးျပဳႏိုင္တယ္လို႔ ဆိုလိုက္ၿပီး ပါေတးကို ေခၚယူႏိုင္ဖို႔ကိုသာ အာ႐ုံစူးစိုက္ၿပီး အရွိန္ျမႇင့္လုပ္ေဆာင္သင့္တယ္လုိ႔ တုိက္တြန္းထားေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယန်ကို ခေါ်ယူနိုင်ခဲ့အပြီးမှာတော့ သူတို့ရဲ့ နောက်ထပ် ပစ်မှတ်တစ်ခုဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ် ပါတေးကို ထပ်မံခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်စ်အသင်းနဲ့အပြိုင် ကြိုးစားလုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။

စီးရီးအေမှာ ချန်ပီယံဆုအတွက် အာမခံချက်မြင့်မားပြီး နှစ်တိုင်းနီးပါး ရယူနိုင်နေတဲ့ အင်အားကြီးပြိုင်ဘက်နဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် မက်ဒရစ်သားတွေဘက်က ငွေကြေးကိုသာ အလိုရှိနေချိန်မှာ ကိုယ့်လိုပဲ ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းဖို့ ရှိနေတဲ့ ဂျူဗင်တပ်စ်ကို အသာရနိုင်ဖို့ အခွင့်အရေးရှိနေသေးတာကြောင့် ပရိသတ်တွေအတွက်တော့ မျှော်လင့်ချက်က တော်တော်လေး ကျန်ရှိနေသေးတာဖြစ်ပါတယ်။

RB လိုက်ပ်ဇစ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ထည့်သွင်းကစားခြင်း မရှိခဲ့ဘဲ အရန်ခုံမှာသာ ရှိနေခဲ့တဲ့ ပါတေးရဲ့ အနာဂတ်ကို မီဒီယာတွေက အက်သလက်တီကိုကနေ ထွက်ခွာဖို့ပဲ ရှိတော့တယ်လို့ ခန့်မှန်းနေခဲ့ကြပြီး အာဆင်နယ်ပရိသတ်တွေကလည်း တွစ်တာပေါ်မှာ ကြိုဆိုတဲ့ အရေးအသားတွေကို တင်နေကြပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်တို့ဘက်က အလဲအထပ်လုပ်ဖို့ အဆိုပြုထားခဲ့တဲ့ လာကာဇက်၊ ဘယ်လာရင်နဲ့ တော်ရဲရားတို့ သုံးဦးကို တီကိုဘက်က စိတ်ဝင်စားပေမယ့် ငွေကြေးရှာဖွေသွားဖို့ကို ပိုမိုလိုလားတာကြောင့် မြောက်လန်ဒန်အသင်းအနေနဲ့ သူတို့လုပ်ဆောင်တတ်တဲ့ အစဉ်အလာအတိုင်း အရစ်ကျ ပေးချေဖို့ ကြိုးစားတာက ပိုမိုအောင်မြင်နိုင်တဲ့ နည်းလမ်းလည်း ဖြစ်နိုင်ပါတယ်။

အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ အလန် စမစ်ကတော့ အာဆင်နယ်အသင်းမှာ ကွင်းလယ်အဖျက်တစ်နေရာကိုသာ အားဖြည့်နိုင်မယ်ဆိုရင် ဗဟိုခံစစ်အတွက် စိတ်ပူစရာ မလိုတော့ဘဲ စိန့်အက်တီယန်ကနေ ပြန်လည်ရောက်ရှိလာတဲ့ ဆာလီဘာကို အသုံးပြုနိုင်တယ်လို့ ဆိုလိုက်ပြီး ပါတေးကို ခေါ်ယူနိုင်ဖို့ကိုသာ အာရုံစူးစိုက်ပြီး အရှိန်မြှင့်လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားကြောင်းလည်း သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.