Premier League Serie A Transfer News

ကူလီေဘလီကို ေခၚယူမွာကို မန္စီးတီးပရိသတ္ေတြ သေဘာမတူ

မန္ခ်က္စတာစီးတီးပရိသတ္ေတြအေနနဲ႔ နာပုိလီအသင္းရဲ႕ ေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေခၚယူဖို႔ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမွဳ ရရွိဖို႔ နီးစပ္ေနၿပီဆုိတဲ့ သတင္းအတြက္ စိတ္ပ်က္ေနခဲ့ၾကၿပီး ေဈးႏွဳန္းႀကီးျမင့္ႏုိင္တဲ့ ေနာက္ခံလူကို သူ႕အသက္အရြယ္အရ ထိုက္တန္ျခင္းမရွိဘူးလို႔ ကန္႔ကြက္ေနၾကပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဆီနီေဂါဗဟိုေနာက္ခံလူနဲ႔ အစ္တီဟတ္ဘက္က ေဆြးေႏြးမွဳေတြက သေဘာတူညီလုနီးပါးျဖစ္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး မန္စီးတီးနဲ႔ နာပိုလီတာဝန္ရွိသူေတြခ်င္း ေဆြးေႏြးမွဳမွာလည္း ေျပာင္းေရႊ႕ေၾကးအတြက္ သေဘာတူႏုိင္ဖို႔ နီးစပ္ေနၿပီလို႔ဆုိတာကို ပရိသတ္ေတြက စိတ္ပ်က္ၿငဳိျငင္ေနခဲ့ၾကတာပါ။

သတင္းေတြကေတာ့ ဆန္ေပၚလိုမွာ တစ္ပတ္လုပ္ခ ယူ႐ို ၁၂၅၀၀၀ (ေပါင္ ၁၁၃၀၀၀) ရရွိေနတဲ့ ကူလီေဘလီအတြက္ မန္စီးတီးအေနနဲ႔ အဂၤလန္ေျမကို ေရာက္ရွိတဲ့အခါမွာ တုိးျမႇင့္ေပးေခ်ရဖို႔ ရွိေနသလို ေျပာင္းေရႊ႕ေၾကးကိုေတာ့ ယူ႐ိုသန္း ၇၀ (ေပါင္ ၆၃ သန္း)နဲ႔ သေဘာတူညီႏုိင္မယ္လို႔ သိရၿပီး ဒါကို အသက္အရြယ္နဲ႔စာရင္ ေဈးႏွဳန္းက ျမင့္မားေနတယ္လုိ႔လည္း ကန္႔ကြက္ေနၾကပါတယ္။

ကူလီေဘလီဟာ ဘာစီလိုနာကို ႏူးကမ့္မွာ ရွဳံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာလည္း ေထာင့္ကန္ေဘာမွာ လဲက်ၿပီး ပင္နယ္တီတစ္လုံးပါ ထပ္ေပးခဲ့တဲ့ ဂိုးရေစမယ့္ အမွားႏွစ္ႀကိမ္ကို က်ဴးလြန္ခဲ့ၿပီး ဒီလိုမ်ဳိး ဆုိးရြားတဲ့ ပုံစံကို ေထာက္ျပခဲ့တဲ့ ပရိသတ္ေတြကေတာ့ သူ႕ရဲ႕ ေရွ႕ေလွ်ာက္က်ဆင္းေတာ့မယ့္ ေျခစြမ္းနဲ႔ ဒီေဈးႏွဳန္း မထိုက္တန္ေၾကာင္း၊ သူဟာ ရွိသင့္တာထက္ ပုိခ်ီးက်ဴးခံေနခဲ့ရတဲ့ ကစားသမားတစ္ေယာက္သာျဖစ္ေၾကာင္း တြစ္တာမွာ ေဝဖန္မွဳေတြ ျမင့္တက္လ်က္ရွိပါတယ္။

အေဝးေဘာေပးပုိ႔မွဳနဲ႔ အျမင့္ေဘာေတြမွာ ကၽြမ္းက်င္တဲ့ ဆီနီေဂါလက္ေရြးစင္ဟာ လက္ရွိ မန္စီးတီးအသင္းကို အေထာက္အကူျပဳႏုိင္မယ္လို႔ ကစားေဖာ္ေဟာင္း ပီပီ ေရးနားကေတာ့ ထင္ျမင္ေနေပမယ့္ စီတီဇင္ပရိသတ္ေတြကေတာ့ အသင္းရဲ႕ တျခားတန္ဖိုးျမင့္ပစ္မွတ္ေတြျဖစ္ၾကတဲ့ အက္သလက္တီကိုရဲ႕ ဟိုေဆး ဟီမီနက္ဇ္နဲ႔ ဘင္ဖီကာရဲ႕ ႐ူဘင္ ဒီယက္စ္တုိ႔ကိုပဲ အလိုရွိေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: MAN CITY NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးပရိသတ်တွေအနေနဲ့ နာပိုလီအသင်းရဲ့ နောက်ခံလူ ခါလီဒူး ကူလီဘေလီကို ခေါ်ယူဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းအတွက် စိတ်ပျက်နေခဲ့ကြပြီး ဈေးနှုန်းကြီးမြင့်နိုင်တဲ့ နောက်ခံလူကို သူ့အသက်အရွယ်အရ ထိုက်တန်ခြင်းမရှိဘူးလို့ ကန့်ကွက်နေကြပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါဗဟိုနောက်ခံလူနဲ့ အစ်တီဟတ်ဘက်က ဆွေးနွေးမှုတွေက သဘောတူညီလုနီးပါးဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး မန်စီးတီးနဲ့ နာပိုလီတာဝန်ရှိသူတွေချင်း ဆွေးနွေးမှုမှာလည်း ပြောင်းရွှေ့ကြေးအတွက် သဘောတူနိုင်ဖို့ နီးစပ်နေပြီလို့ဆိုတာကို ပရိသတ်တွေက စိတ်ပျက်ငြိုငြင်နေခဲ့ကြတာပါ။

သတင်းတွေကတော့ ဆန်ပေါ်လိုမှာ တစ်ပတ်လုပ်ခ ယူရို ၁၂၅၀၀၀ (ပေါင် ၁၁၃၀၀၀) ရရှိနေတဲ့ ကူလီဘေလီအတွက် မန်စီးတီးအနေနဲ့ အင်္ဂလန်မြေကို ရောက်ရှိတဲ့အခါမှာ တိုးမြှင့်ပေးချေရဖို့ ရှိနေသလို ပြောင်းရွှေ့ကြေးကိုတော့ ယူရိုသန်း ၇၀ (ပေါင် ၆၃ သန်း)နဲ့ သဘောတူညီနိုင်မယ်လို့ သိရပြီး ဒါကို အသက်အရွယ်နဲ့စာရင် ဈေးနှုန်းက မြင့်မားနေတယ်လို့လည်း ကန့်ကွက်နေကြပါတယ်။

ကူလီဘေလီဟာ ဘာစီလိုနာကို နူးကမ့်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ထောင့်ကန်ဘောမှာ လဲကျပြီး ပင်နယ်တီတစ်လုံးပါ ထပ်ပေးခဲ့တဲ့ ဂိုးရစေမယ့် အမှားနှစ်ကြိမ်ကို ကျူးလွန်ခဲ့ပြီး ဒီလိုမျိုး ဆိုးရွားတဲ့ ပုံစံကို ထောက်ပြခဲ့တဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ ရှေ့လျှောက်ကျဆင်းတော့မယ့် ခြေစွမ်းနဲ့ ဒီဈေးနှုန်း မထိုက်တန်ကြောင်း၊ သူဟာ ရှိသင့်တာထက် ပိုချီးကျူးခံနေခဲ့ရတဲ့ ကစားသမားတစ်ယောက်သာဖြစ်ကြောင်း တွစ်တာမှာ ဝေဖန်မှုတွေ မြင့်တက်လျက်ရှိပါတယ်။

အဝေးဘောပေးပို့မှုနဲ့ အမြင့်ဘောတွေမှာ ကျွမ်းကျင်တဲ့ ဆီနီဂေါလက်ရွေးစင်ဟာ လက်ရှိ မန်စီးတီးအသင်းကို အထောက်အကူပြုနိုင်မယ်လို့ ကစားဖော်ဟောင်း ပီပီ ရေးနားကတော့ ထင်မြင်နေပေမယ့် စီတီဇင်ပရိသတ်တွေကတော့ အသင်းရဲ့ တခြားတန်ဖိုးမြင့်ပစ်မှတ်တွေဖြစ်ကြတဲ့ အက်သလက်တီကိုရဲ့ ဟိုဆေး ဟီမီနက်ဇ်နဲ့ ဘင်ဖီကာရဲ့ ရူဘင် ဒီယက်စ်တို့ကိုပဲ အလိုရှိနေကြကြောင်းလည်း သိရှိရပါတယ်။

REF: MAN CITY NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.