Premier League Serie A Transfer News

ခံစစ္ပုိင္းအားျဖည့္မွဳေတြအတြက္ အီမာဆန္ကို ေရာင္းခ်ၿပီး ေငြရွာႏုိင္ေတာ့မယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသင္းရဲ႕ ေနာက္တန္းမွာ အံမဝင္ဘဲ ဘယ္ျခမ္းခံစစ္ကို ဟန္ခ်က္ပ်က္ျပားေစခဲ့တဲ့ ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီကို အင္တာမီလန္အသင္းဆီ ေရာင္းခ်ဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ဆန္စီ႐ိုကို ေျပာင္းေရႊ႕ဖို႔ ကစားသမားဘက္က ပုဂၢဳိလ္ေရး သေဘာတူညီႏုိင္ခဲ့ၿပီလို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ေဆာင္းရာသီက ႐ိုးမားအသင္းကေန ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၉ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ အီမာဆန္ဟာ အသင္းမွာေတာ့ ဘယ္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ မားကို႔စ္ အလြန္ဆုိကို မေက်ာ္ႏုိင္ခဲ့သလို သမား႐ိုးက် ၄ ေယာက္တန္းခံစစ္မွာလည္း အံမဝင္ခဲ့ဘဲ နည္းျပ ဖရန္႔ လမ္းပတ္က ေရာင္းထုတ္ဖုိ႔ အၾကံျပဳထားခဲ့တာလည္းျဖစ္ပါတယ္။

အီတလီအေျခစိုက္ အားကစားသတင္းဌာန ကယ္လ္စီယို မာကာတိုရဲ႕ အဆုိအရေတာ့ ခ်ဲလ္ဆီးနဲ႔ အင္တာမီလန္တုိ႔ၾကားမွာ ေနာက္ဆုံးအဆင့္အျဖစ္ ေျပာင္းေရႊ႕ေၾကး သေဘာတူညီဖို႔ပဲ လိုအပ္ေနၿပီး ညႇိႏိုင္းဖို႔ က်န္ေနေသးသလို နည္းျပ အန္တိုနီယို ကြန္တီရဲ႕ အေနအထားကိုလည္း ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။

အီမာဆန္ကို ခ်ဲလ္ဆီးဆီ ေခၚယူခဲ့သူျဖစ္တဲ့ ကြန္တီဟာ အင္တာမီလန္အသင္းမွာ တာဝန္ရွိသူေတြနဲ႔ ဆက္ဆံေရးမေျပလည္ဘဲျဖစ္ေနၿပီး ရလဒ္ေတြ ေကာင္းေနေပမယ့္ ဘာမဆိုျဖစ္သြားႏုိင္တဲ့ အေနအထားမွာရွိေနလို႔ သူမရွိရင္ ေနာက္နည္းျပသစ္အေနနဲ႔ အေျပာင္းအေရႊ႕ကို ဆက္ၿပီး ေဆာင္ရြက္ပါ့မလားဆုိတာကေတာ့ ေမးခြန္းထုတ္စရာလည္းျဖစ္ေနပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ခ်ဲလ္ဆီးဘက္က အသက္ ၂၅ ႏွစ္အရြယ္ အီတလီလက္ေရြးစင္ေနာက္ခံလူအတြက္ ယူ႐ို ၂၅ သန္း အလိုရွိေနၿပီး အင္တာမီလန္ဘက္ကေတာ့ ယူ႐ိုသန္း ၂၀ နဲ႔ အျခားခံစားခြင့္ေတြကို ထည့္သြင္းၿပီး ေခၚယူသြားႏုိင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ နောက်တန်းမှာ အံမဝင်ဘဲ ဘယ်ခြမ်းခံစစ်ကို ဟန်ချက်ပျက်ပြားစေခဲ့တဲ့ နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီကို အင်တာမီလန်အသင်းဆီ ရောင်းချဖို့ နီးစပ်နေပြီဖြစ်ပြီး ဆန်စီရိုကို ပြောင်းရွှေ့ဖို့ ကစားသမားဘက်က ပုဂ္ဂိုလ်ရေး သဘောတူညီနိုင်ခဲ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဆောင်းရာသီက ရိုးမားအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂၉ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အီမာဆန်ဟာ အသင်းမှာတော့ ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ မားကို့စ် အလွန်ဆိုကို မကျော်နိုင်ခဲ့သလို သမားရိုးကျ ၄ ယောက်တန်းခံစစ်မှာလည်း အံမဝင်ခဲ့ဘဲ နည်းပြ ဖရန့် လမ်းပတ်က ရောင်းထုတ်ဖို့ အကြံပြုထားခဲ့တာလည်းဖြစ်ပါတယ်။

အီတလီအခြေစိုက် အားကစားသတင်းဌာန ကယ်လ်စီယို မာကာတိုရဲ့ အဆိုအရတော့ ချဲလ်ဆီးနဲ့ အင်တာမီလန်တို့ကြားမှာ နောက်ဆုံးအဆင့်အဖြစ် ပြောင်းရွှေ့ကြေး သဘောတူညီဖို့ပဲ လိုအပ်နေပြီး ညှိနိုင်းဖို့ ကျန်နေသေးသလို နည်းပြ အန်တိုနီယို ကွန်တီရဲ့ အနေအထားကိုလည်း စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

အီမာဆန်ကို ချဲလ်ဆီးဆီ ခေါ်ယူခဲ့သူဖြစ်တဲ့ ကွန်တီဟာ အင်တာမီလန်အသင်းမှာ တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေးမပြေလည်ဘဲဖြစ်နေပြီး ရလဒ်တွေ ကောင်းနေပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားမှာရှိနေလို့ သူမရှိရင် နောက်နည်းပြသစ်အနေနဲ့ အပြောင်းအရွှေ့ကို ဆက်ပြီး ဆောင်ရွက်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာလည်းဖြစ်နေပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ချဲလ်ဆီးဘက်က အသက် ၂၅ နှစ်အရွယ် အီတလီလက်ရွေးစင်နောက်ခံလူအတွက် ယူရို ၂၅ သန်း အလိုရှိနေပြီး အင်တာမီလန်ဘက်ကတော့ ယူရိုသန်း ၂၀ နဲ့ အခြားခံစားခွင့်တွေကို ထည့်သွင်းပြီး ခေါ်ယူသွားနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.