Premier League

၁၅.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆိုလျပည့္ေက်ာ္ ၁၂ ရက္၊ စေနေန႔။

၁၅.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆိုလျပည့္ေက်ာ္ ၁၂ ရက္၊ စေနေန႔၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၅:၁၉ အထိ တိထီ ၁၁ လုံး။ ေက်ာ္လွ်င္ ၁၂ လုံး။ ၁၁ လုံးတြင္ သိဒၶိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၁၂ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၇:၃၄ အထိ မိဂသီနကၡတ္။ ေက်ာ္လွ်င္ အျဒနကၡတ္။ နံနက္ ၁၀:၀၆ အထိ ဟႆဏယုဂ္၊ အလြန္စိတ္လွဳပ္ရွားရျခင္း၊ ဝမ္းေျမာက္ေပ်ာ္ရႊင္ျခင္း၊ ပညာႏွင့္ ျပည့္စုံျခင္း၊ မိမိအတြက္ ေကာင္းေသာအရာမ်ားအတြက္ အံ့ၾသဝမ္းသာ ရင္ခုန္ရလိမ့္မည္။ ေက်ာ္လွ်င္ ဝဇီရယုဂ္၊ စိန္ကဲ့သို႔ မာေက်ာတန္ဖိုးရွိျခင္း၊ မိုးႀကဳိးကဲ့သို႔ ဖ်က္အားျပင္းထန္ျခင္း၊ ေရွ႕တုိး၍ မိ္မိအင္အားျဖင့္ ထိုးေဖာက္ေဆာင္ရြက္ရန္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ညႇိႏွဳိင္းေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ မသင့္ေတာ္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၅:၁၉ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၃:၁၀ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ညေန ၁၅:၁၉ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၅.၈.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၂ ရက်၊ စနေနေ့၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၅:၁၉ အထိ တိထီ ၁၁ လုံး။ ကျော်လျှင် ၁၂ လုံး။ ၁၁ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၁၂ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၇:၃၄ အထိ မိဂသီနက္ခတ်။ ကျော်လျှင် အဒြနက္ခတ်။ နံနက် ၁၀:၀၆ အထိ ဟဿဏယုဂ်၊ အလွန်စိတ်လှုပ်ရှားရခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ပညာနှင့် ပြည့်စုံခြင်း၊ မိမိအတွက် ကောင်းသောအရာများအတွက် အံ့သြဝမ်းသာ ရင်ခုန်ရလိမ့်မည်။ ကျော်လျှင် ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၅:၁၉ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၃:၁၀ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၅:၁၉ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)