Premier League

ခ်ဲလ္ဆီးနဲ႔ ဇီယက္ခ်္သတင္းေတြကို အိုင္းယက္စ္နည္းျပ အတည္ျပဳ

အိုင္းယက္စ္အသင္းမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနခဲ့တဲ့ ေမာ္ရိုကိုလက္ေရြးစင္ ဟာကင္မ္ ဇီယက္ခ်္ကို ယူရို(၄၅)သန္းနဲ႔ ခ်ဲလ္ဆီးအသင္းက ေခၚယူႏုိင္ဖို႔ အနီးဆုံးအေျခအေနကို ေရာက္ေနၿပီလို႔ သိရပါတယ္။ သူ႕ရဲ႕ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ၿပီး အိုင္းယက္စ္နည္းျပ အဲရစ္ တန္ဟက္ကလည္း အတည္ျပဳေျပာလိုက္တာေၾကာင့္ ေႏြရာသီေစ်းကြက္ဖြင့္တာနဲ႔ တစ္ၿပိဳင္တည္း ခ်ဲလ္ဆီးကို ဇီယက္ခ်္ ေရာက္လာဖို႔ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

တကယ္တမ္းမွာေတာ့ ခ်ဲလ္ဆီးဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာကတည္းက ဒီအသက္ ၂၆ ႏွစ္အရြယ္ ေမာ္႐ိုကိုေတာင္ပံကစားသမားကို ေခၚယူဖို႔ ႀကိဳးစားခဲ့တာျဖစ္ေပမယ့္ အိုင္းယက္စ္က ရာသီကုန္မွ အေျပာင္းအေရႊ႕ကိစၥအတြက္ ေဆြးေႏြးတာ ပိုၿပီးသင့္ေလ်ာ္မယ္လို႔ အေၾကာင္းျပန္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့လက ခ်ဲလ္ဆီးအသင္းအေနနဲ႔ မေခၚျဖစ္ခဲ့တာပါ။

မႏွစ္က ခ်န္ပီယံလိဂ္မွာ အိုင္းယက္စ္အသင္းနဲ႔အတူ ေျခစြမ္းျပခဲ့တဲ့ ဇီယက္ခ်္ကို ဥေရာပထိပ္တန္းအသင္းေတြကေခၚယူဖို႔ စိတ္၀င္စားခဲ့ေပမယ့္ ကစားသမားကိုယ္တုိင္က အသင္းမေျပာင္းခ်င္ခဲ့ပါဘူး။ ဒါေပမယ့္ အခု အိုင္းယက္စ္နည္းျပ တန္ဟက္ရဲ႕ေျပာစကားေတြအရေတာ့ လာမယ့္ေႏြရာသီမွာ ခ်ဲလ္ဆီးကို ဇီယက္ခ်္ေျပာင္းဖို႔ ေသခ်ာသေလာက္ရွိေနခဲ့ပါၿပီ။

နည္းျပျဖစ္သူ တန္ဟက္က “တကယ္ေတာ့ အရင္ ၁ ႏွစ္ ၂ ႏွစ္ေလာက္ကတည္းက အေျပာင္းအေရႊ႕ျဖစ္မယ္လို႔ ထင္ခဲ့တာပါ။ ဒါေပမယ့္ အေျပာင္းအေရႊ႕ေစ်းကြက္ တစ္ခုၿပီးတိုင္း သူ ဒီမွာပဲ ဆက္ရွိဖို႔ ဆံုးျဖတ္ခဲ့လို႔ အံ့အားသင့္မိသလို ဝမ္းလည္းသာခဲ့ရပါတယ္။ အခုလည္း ရာသီကုန္အထိ အသင္းမွာ ဆက္ရွိမယ့္အတြက္ကိုပဲ ေပ်ာ္လွပါၿပီ”လို႔ ေျပာပါတယ္။

ဇီယက္ခ်္ဟာ ဒီရာသီမွာလည္း အိုင္းယက္စ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာ ၈ ဂိုးသြင္းၿပီး ၂၁ ဂိုးဖန္တီးေပးထားပါတယ္။ ဒီလိုကစားသမားေကာင္းတစ္ေယာက္ကို ယူ႐ို ၄၅ သန္းတည္းနဲ႔ ထုတ္ေရာင္းဖို႔ သေဘာတူခဲ့တဲ့ အိုင္းယက္စ္အသင္းတာ၀န္ရွိသူေတြကိုေတာ့ သူတို႔ရဲ႕ ပရိသတ္ေတြက လူမႈကြန္ယက္၀က္ဘ္ဆိုက္ေတြမွာ ေ၀ဖန္ထားတာကိုလည္း ေတြ႕ခဲ့ရၿပီး ေနာက္ဆုံးသတင္းေတြအရေတာ့ ၄၈ နာရီအတြင္း အေျပာင္းအေရႊ႕ကို အတည္ျပဳႏုိင္မယ္လုိ႔ ဆုိေနၾကေၾကာင္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: အိုင်းယက်စ်အသင်းမှာ တောက်လျှောက်ခြေစွမ်းပြနေခဲ့တဲ့ မော်ရိုကိုလက်ရွေးစင် ဟာကင်မ် ဇီယက်ချ်ကို ယူရို(၄၅)သန်းနဲ့ ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့ အနီးဆုံးအခြေအနေကို ရောက်နေပြီလို့ သိရပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အိုင်းယက်စ်နည်းပြ အဲရစ် တန်ဟက်ကလည်း အတည်ပြုပြောလိုက်တာကြောင့် နွေရာသီဈေးကွက်ဖွင့်တာနဲ့ တစ်ပြိုင်တည်း ချဲလ်ဆီးကို ဇီယက်ချ် ရောက်လာဖို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ ချဲလ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက ဒီအသက် ၂၆ နှစ်အရွယ် မော်ရိုကိုတောင်ပံကစားသမားကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် အိုင်းယက်စ်က ရာသီကုန်မှ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးတာ ပိုပြီးသင့်လျော်မယ်လို့ အကြောင်းပြန်ခဲ့တာကြောင့် ပြီးခဲ့တဲ့လက ချဲလ်ဆီးအသင်းအနေနဲ့ မခေါ်ဖြစ်ခဲ့တာပါ။

မနှစ်က ချန်ပီယံလိဂ်မှာ အိုင်းယက်စ်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဇီယက်ချ်ကို ဥရောပထိပ်တန်းအသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းမပြောင်းချင်ခဲ့ပါဘူး။ ဒါပေမယ့် အခု အိုင်းယက်စ်နည်းပြ တန်ဟက်ရဲ့ပြောစကားတွေအရတော့ လာမယ့်နွေရာသီမှာ ချဲလ်ဆီးကို ဇီယက်ချ်ပြောင်းဖို့ သေချာသလောက်ရှိနေခဲ့ပါပြီ။

နည်းပြဖြစ်သူ တန်ဟက်က “တကယ်တော့ အရင် ၁ နှစ် ၂ နှစ်လောက်ကတည်းက အပြောင်းအရွှေ့ဖြစ်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက် တစ်ခုပြီးတိုင်း သူ ဒီမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့လို့ အံ့အားသင့်မိသလို ဝမ်းလည်းသာခဲ့ရပါတယ်။ အခုလည်း ရာသီကုန်အထိ အသင်းမှာ ဆက်ရှိမယ့်အတွက်ကိုပဲ ပျော်လှပါပြီ”လို့ ပြောပါတယ်။

ဇီယက်ချ်ဟာ ဒီရာသီမှာလည်း အိုင်းယက်စ်အတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၈ ဂိုးသွင်းပြီး ၂၁ ဂိုးဖန်တီးပေးထားပါတယ်။ ဒီလိုကစားသမားကောင်းတစ်ယောက်ကို ယူရို ၄၅ သန်းတည်းနဲ့ ထုတ်ရောင်းဖို့ သဘောတူခဲ့တဲ့ အိုင်းယက်စ်အသင်းတာဝန်ရှိသူတွေကိုတော့ သူတို့ရဲ့ ပရိသတ်တွေက လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေမှာ ဝေဖန်ထားတာကိုလည်း တွေ့ခဲ့ရပြီး နောက်ဆုံးသတင်းတွေအရတော့ ၄၈ နာရီအတွင်း အပြောင်းအရွှေ့ကို အတည်ပြုနိုင်မယ်လို့ ဆိုနေကြကြောင်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.