Premier League Serie A Transfer News

နည္းျပသစ္ ပီယာလိုေၾကာင့္ ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာနဲ႔ ဂ်ဴဗင္တပ္စ္အသံျပန္ထြက္လာ

မန္ခ်က္စတာယူႏုိက္တက္မွာပဲ ဆက္ရွိေတာ့မယ္လို႔ အားလုံးထင္ျမင္ထားခဲ့ၾကတဲ့ ကြင္းလယ္လူ ေပါလ္ ေပါဘာရဲ႕ အေျပာင္းအေရႊ႕ကေတာ့ ဒီရက္ပုိင္းမွာ ျပန္လည္လွဳပ္ခတ္လာခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာခဲ့တဲ့ အန္ဒရီးယား ပီယာလိုနဲ႔အတူ အသင္းေဟာင္းဆီ ျပန္လည္ေျခခ်ဖို႔ အသံေတြ ထြက္ေပၚလာခဲ့ျပန္ပါတယ္။

အီတလီက လာတဲ့ သတင္းေတြအရေတာ့ နည္းျပသစ္ ပီယာလိုအေနနဲ႔ သူ႕ရဲ႕ကြင္းလယ္မွာ ဖန္တီးမွဳျမင့္မားတဲ့ ေပါ့ဘာကို အသုံးခ်လိုေနၿပီး လြတ္လြတ္လပ္လပ္ ေနရာေပးသြားဖို႔ ရွိေနသလို အသင္းကေန ေရာင္းထုတ္ဖို႔ စီစဥ္ထားတဲ့ တုိက္စစ္မွဴး ေပၚလို ဒီဘားလားနဲ႔ အလဲအထပ္ျပဳလုပ္ဖို႔ စိတ္ဝင္စားေနလို႔လည္း ဆုိပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ယူႏိုက္တက္က ေခၚယူဖို႔ စိတ္ဝင္စားခဲ့တဲ့ အာဂ်င္တီးနားတုိက္စစ္မွဴး ဒီဘားလားကို ရရွိခဲ့ရင္ေတာ့ အသင္းအတြက္ ထိေရာက္တဲ့ အားျဖည့္မွဳ ျဖစ္လာႏုိင္သလို ခံစစ္ပိတ္ကစားတဲ့ အသင္းေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ဂိုးရဖို႔ ခက္ေနတတ္တဲ့ လက္ရွိအေနအထားမွာ တစ္မူထူးျခားတဲ့ တုိက္စစ္သမားတစ္ေယာက္ကို အသုံးျပဳခြင့္ရမွာလည္းျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ျပင္သစ္ကြင္းလယ္လူရဲ႕ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာကေတာ့ အီတလီေျမနဲ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ ေပါ့ဘာရဲ႕ အိမ္လို႔ အစဥ္တစိုက္ ေျပာၾကားထားခဲ့သလို ဒီတစ္ခါမွာလည္း အိုးလ္ထရက္ဖို႔ဒ္ကေန တူရင္ကို ေျပာင္းဖို႔ ထပ္မံတြန္းအားေပးလုပ္ေဆာင္သြားဖို႔ ရွိေနၿပီး ယူႏုိက္တက္တုိ႔အေနနဲ႔လည္း ဒီဘားလားလို စီးရီးေအရဲ႕ တန္ဖိုးအရွိဆုံးကစားသမားဆုကို ပူပူေႏြးေႏြးရရွိထားခဲ့သူကို တန္ဖိုးထားဖြယ္ရွိပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းမွာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အတူ အတူတူ တြဲဖက္ကစားခဲ့ဖူးတဲ့ ေပါ့ဘာကို ေခၚယူဖို႔က ပီယာလိုရဲ႕ ဦးစားေပး အစီအစဥ္တစ္ခု ျဖစ္ေနတယ္လို႔ မန္ခ်က္စတာဘက္က ေရာင္းခ်ျဖစ္ခဲ့ရင္ေတာ့ ဒီဘားလားနဲ႔အတူ ေငြေၾကးအလိုက္ကိုပါ ရရွိဖြယ္ရွိေနတာေၾကာင့္ အသင္းအတြက္ အာ႐ုံစူးစိုက္မွဳ ေလ်ာ့နည္းေနတဲ့ ကစားသမားကို လက္လႊတ္သြားဖို႔ ရွိေနႏုိင္ေၾကာင္းလည္း ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်ရှိတော့မယ်လို့ အားလုံးထင်မြင်ထားခဲ့ကြတဲ့ ကွင်းလယ်လူ ပေါလ် ပေါဘာရဲ့ အပြောင်းအရွှေ့ကတော့ ဒီရက်ပိုင်းမှာ ပြန်လည်လှုပ်ခတ်လာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ အန်ဒရီးယား ပီယာလိုနဲ့အတူ အသင်းဟောင်းဆီ ပြန်လည်ခြေချဖို့ အသံတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

အီတလီက လာတဲ့ သတင်းတွေအရတော့ နည်းပြသစ် ပီယာလိုအနေနဲ့ သူ့ရဲ့ကွင်းလယ်မှာ ဖန်တီးမှုမြင့်မားတဲ့ ပေါ့ဘာကို အသုံးချလိုနေပြီး လွတ်လွတ်လပ်လပ် နေရာပေးသွားဖို့ ရှိနေသလို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားနဲ့ အလဲအထပ်ပြုလုပ်ဖို့ စိတ်ဝင်စားနေလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားကို ရရှိခဲ့ရင်တော့ အသင်းအတွက် ထိရောက်တဲ့ အားဖြည့်မှု ဖြစ်လာနိုင်သလို ခံစစ်ပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ဆုံချိန်မှာ ဂိုးရဖို့ ခက်နေတတ်တဲ့ လက်ရှိအနေအထားမှာ တစ်မူထူးခြားတဲ့ တိုက်စစ်သမားတစ်ယောက်ကို အသုံးပြုခွင့်ရမှာလည်းဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူရဲ့ အေးဂျင့် မီနို ရိုင်ယိုလာကတော့ အီတလီမြေနဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာရဲ့ အိမ်လို့ အစဉ်တစိုက် ပြောကြားထားခဲ့သလို ဒီတစ်ခါမှာလည်း အိုးလ်ထရက်ဖို့ဒ်ကနေ တူရင်ကို ပြောင်းဖို့ ထပ်မံတွန်းအားပေးလုပ်ဆောင်သွားဖို့ ရှိနေပြီး ယူနိုက်တက်တို့အနေနဲ့လည်း ဒီဘားလားလို စီးရီးအေရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုကို ပူပူနွေးနွေးရရှိထားခဲ့သူကို တန်ဖိုးထားဖွယ်ရှိပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတူ အတူတူ တွဲဖက်ကစားခဲ့ဖူးတဲ့ ပေါ့ဘာကို ခေါ်ယူဖို့က ပီယာလိုရဲ့ ဦးစားပေး အစီအစဉ်တစ်ခု ဖြစ်နေတယ်လို့ မန်ချက်စတာဘက်က ရောင်းချဖြစ်ခဲ့ရင်တော့ ဒီဘားလားနဲ့အတူ ငွေကြေးအလိုက်ကိုပါ ရရှိဖွယ်ရှိနေတာကြောင့် အသင်းအတွက် အာရုံစူးစိုက်မှု လျော့နည်းနေတဲ့ ကစားသမားကို လက်လွှတ်သွားဖို့ ရှိနေနိုင်ကြောင်းလည်း ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.