Premier League Transfer News

OFFICIAL: အာဆင္နယ္ကစားသမားသစ္အျဖစ္ ဝီလီယန္ကို တရားဝင္ေၾကျငာ

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဒီရာသီ ပထမဆုံးကစားသမားေခၚယူမွဳအျဖစ္ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးခဲ့ၿပီျဖစ္တဲ့ ေတာင္ပံ ကစားသမား ဝီလီယန္ ေဘာ့ဂ်က္စ္ ဒါေဆးလ္ဗားကို ေၾကျငာႏုိင္ခဲ့ၿပီျဖစ္ၿပီး အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္ကေန ထုတ္ျပန္သြားခဲ့ပါတယ္။

ကလပ္အသင္းကစားသမားဘဝမွာ ပြဲေပါင္း ၆၀၀ ေက်ာ္ကစားခဲ့ၿပီး ၁၀၃ ဂိုး သြင္းယူႏုိင္ခဲ့တဲ့ အသက္ ၃၂ ႏွစ္အရြယ္ ဘရာဇီးလ္ကစားသမားဟာ အာဆင္နယ္ရဲ႕ ၿမဳိ႕ခံၿပဳိင္ဘက္ ခ်ဲလ္ဆီးအသင္းမွာ ၇ ရာသီကစားခဲ့အၿပီး အသက္အရြယ္နဲ႔ မလုိက္တဲ့ ႀကံ့ခုိင္မွဳနဲ႔ ဒဏ္ရာ ကင္းစင္မွဳကလည္း ဒီလို ေခၚယူျဖစ္တဲ့ အေၾကာင္းရင္းခံတစ္ရပ္ျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ ဝီလီယန္ဟာ သူတုိ႔အတြက္ ရလဒ္ေကာင္းေတြကို ယူေဆာင္ေပးမယ့္ ကစားသမားလုိ႔ ေျပာၾကားလုိက္ၿပီး အသင္းက လိုအပ္ေနတဲ့ ကြင္းလယ္တုိက္စစ္နဲ႔ ေတာင္ပံေတြမွာ ေနရာသုံးေလးေနရာထက္မနည္း ကစားေပးႏုိင္မယ့္ စြယ္စုံရသူလို႔ ဆိုလိုက္ပါတယ္။

“သူက ကၽြန္ေတာ္တုိ႔အတြက္ တုိက္စစ္မွာ ေနရာ သုံးေလးေနရာအထိ ကစားေပးႏုိင္မယ့္သူပါ။ ေဘာလုံးေလာကမွာ အေတြ႕အႀကဳံမ်ားစြာ ပုိင္ဆုိင္ထားတဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ သူ႕ကို ပုိင္ဆုိင္ထားတဲ့အသင္းအတြက္ အတတ္ႏုိင္ဆုံး အက်ဳိးျပဳမယ့္သူလည္းျဖစ္ပါတယ္။ သူနဲ႔ ပထမဆုံး စကားေျပာၾကည့္မိကတည္းက အထင္ႀကီးမိၿပီး ဒီအသင္းအတြက္ သူဘယ္ေလာက္ကစားေပးခ်င္တယ္ဆိုတာကိုလည္း သိခဲ့ရပါတယ္”လို႔ စပိန္သားနည္းျပက ဆုိပါတယ္။

အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကေတာ့ “သူ႕ကို ကၽြန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ ၿပီးခဲ့တဲ့ အခ်ိန္ေတာ္ေတာ္ေစာေစာကတည္းက သူနဲ႔အတူ ဘရာဇီးလ္အသင္းမွာ အတူတူ လက္တြဲလုပ္ေဆာင္ခဲ့ဖူးပါတယ္။ သူ႕ရဲ႕ အရည္အေသြးေကာင္းေတြက အသင္းေဖာ္ေတြ၊ နည္းျပ မီခယ္လ္နဲ႔ ကၽြန္ေတာ္ကိုယ္တုိင္အတြက္ ၁၀၀ ရာခိုင္ႏွဳန္း ေက်နပ္ေစမွာပါ”လုိ႔ အသင္းဝက္ဘ္ဆုိက္တစ္ဆင့္ ေျပာၾကားသြားခဲ့တယ္လို႔လည္း သိရွိရပါတယ္။

REF: ARSENAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဒီရာသီ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ချဲလ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ တောင်ပံ ကစားသမား ဝီလီယန် ဘော့ဂျက်စ် ဒါဆေးလ်ဗားကို ကြေငြာနိုင်ခဲ့ပြီဖြစ်ပြီး အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်သွားခဲ့ပါတယ်။

ကလပ်အသင်းကစားသမားဘဝမှာ ပွဲပေါင်း ၆၀၀ ကျော်ကစားခဲ့ပြီး ၁၀၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဘရာဇီးလ်ကစားသမားဟာ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းမှာ ၇ ရာသီကစားခဲ့အပြီး အသက်အရွယ်နဲ့ မလိုက်တဲ့ ကြံ့ခိုင်မှုနဲ့ ဒဏ်ရာ ကင်းစင်မှုကလည်း ဒီလို ခေါ်ယူဖြစ်တဲ့ အကြောင်းရင်းခံတစ်ရပ်ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ ဝီလီယန်ဟာ သူတို့အတွက် ရလဒ်ကောင်းတွေကို ယူဆောင်ပေးမယ့် ကစားသမားလို့ ပြောကြားလိုက်ပြီး အသင်းက လိုအပ်နေတဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတွေမှာ နေရာသုံးလေးနေရာထက်မနည်း ကစားပေးနိုင်မယ့် စွယ်စုံရသူလို့ ဆိုလိုက်ပါတယ်။

“သူက ကျွန်တော်တို့အတွက် တိုက်စစ်မှာ နေရာ သုံးလေးနေရာအထိ ကစားပေးနိုင်မယ့်သူပါ။ ဘောလုံးလောကမှာ အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်အနေနဲ့ သူ့ကို ပိုင်ဆိုင်ထားတဲ့အသင်းအတွက် အတတ်နိုင်ဆုံး အကျိုးပြုမယ့်သူလည်းဖြစ်ပါတယ်။ သူနဲ့ ပထမဆုံး စကားပြောကြည့်မိကတည်းက အထင်ကြီးမိပြီး ဒီအသင်းအတွက် သူဘယ်လောက်ကစားပေးချင်တယ်ဆိုတာကိုလည်း သိခဲ့ရပါတယ်”လို့ စပိန်သားနည်းပြက ဆိုပါတယ်။

အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ “သူ့ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ပြီးခဲ့တဲ့ အချိန်တော်တော်စောစောကတည်းက သူနဲ့အတူ ဘရာဇီးလ်အသင်းမှာ အတူတူ လက်တွဲလုပ်ဆောင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ အရည်အသွေးကောင်းတွေက အသင်းဖော်တွေ၊ နည်းပြ မီခယ်လ်နဲ့ ကျွန်တော်ကိုယ်တိုင်အတွက် ၁၀၀ ရာခိုင်နှုန်း ကျေနပ်စေမှာပါ”လို့ အသင်းဝက်ဘ်ဆိုက်တစ်ဆင့် ပြောကြားသွားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: ARSENAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.