Premier League Transfer News

အလိုအပ်ဆုံး နှစ်နေရာအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် လူခေါ်မယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်း လိုအပ်ချက်တွေအတွက် အရေးပါတဲ့ ခေါ်ယူမှုတစ်ခုကို ပြုလုပ်သွားဖို့ စီစဉ်နေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့အပြိုင် ဆောက်သမ်တန်အသင်းရဲ့ တောင်ပံခံစစ်မှူး ခိုင်လ် ဝေါ်လ်ကာ-ပီတာစ်ကို ခေါ်ယူသွားဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဟာ သူ့ရဲ့ စီနီယာဖြစ်တဲ့ ညာနောက်ခံလူ ခိုင်လ် ဝေါ်လ်ကာနဲ့ အမည်ချင်း တူညီသူလည်းဖြစ်ပြီး ဖခင်နဲ့ မိခင်ရဲ့ နာမည်နှစ်မျိုးလုံးကို ရယူထားတဲ့ အသက် ၂၅ နှစ်အရွယ် ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်မှာတော့ ပွဲပေါင်း ၈၄ ပွဲကို ဖြတ်သန်းခဲ့တာပါ။

ဆောက်သမ်တန်အသင်းကို ရာသီဝက်အငှားနဲ့ ထွက်ကစားပြီး ပေါင် ၁၂ သန်းနဲ့ အပြီးသတ် ခေါ်ယူခံခဲ့ရတဲ့ ဝေါ်လ်ကာ-ပီတာစ်ဟာ လက်ရှိမှာ နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ်ရဲ့ လက်အောက်မှာ ဘယ်နောက်ခံလူအဖြစ် ကစားနေတာဖြစ်ပြီး အာဆင်နယ်အသင်းအတွက်တော့ နည်းစနစ်ပိုင်းအရ အဖိုးတန်သူဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ လက်ရှိမှာ စကော့တလန် နောက်ခံလူ ကီရန် တီယာနီရဲ့ ဒဏ်ရာပြဿနာတွေကြောင့် သူ့နေရာကို မာမာချာချာနဲ့ လူစားထိုး မဟုတ်ဘဲ ပွဲထွက်ကစားသမားအဖြစ် အဆင်သင့် ဝင်ရောက်နိုင်မယ့် ကစားသမားမျိုး လိုအပ်နေပြီး ညာနောက်ခံလူနေရာမှာလည်း တာကဲဟီရို တိုမီယာစုကို အနားပေးနိုင်ဖို့ နောက်ထပ်ကစားသမားတစ်ဦး အလိုရှိနေတာဖြစ်ပါတယ်။

ဝေါ်လ်ကာ-ပီတာစ်ဟာ ညာသန်ကစားသမားဖြစ်ပေမယ့် ဆောက်သမ်တန်မှာတော့ ထွန်းတောက်လာတဲ့ လူငယ်နောက်ခံလူ တီနို လီဗရာမန်တိုကြောင့် ပြီးခဲ့တဲ့ ရာသီတစ်ခုလုံးမှာ ဘယ်တောင်ပံခံစစ်မှူးအဖြစ် အဓိက ကစားခဲ့ရပြီး အာဆင်နယ်ပရိသတ်တွေ ပါဝင်နေတဲ့ သူ့ရဲ့ မိသားစုကြောင့် မြောက်လန်ဒန်ကို မတူညီတဲ့ အသင်းနဲ့ နောက်တစ်ကြိမ် ရောက်လာမလားတော့ စိတ်ဝင်စားစရာဖြစ်နေတာပါ။

ဂန်းနားတွေအနေနဲ့ သူ့ကို အလိုရှိနေပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်ကြိုးစားရဖို့ ရှိနေချိန်မှာ တစ်ချိန်လုံး နောက်ကနေ လိုက်ပြီး ပြဿနာရှာတတ်တဲ့ မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ဆောက်သမ်တန်နဲ့ သဘောတူညီမှုအရ ဝေါ်လ်ကာ-ပီတာစ်ကို ပေါင်သန်း ၃၀ နဲ့ ပြန်လည်ခေါ်ယူခွင့် ရှိနေခဲ့တာကတော့ သတိထားရမယ့် အချက်လည်းဖြစ်ပါတယ်။

ဆောက်သမ်တန်တို့အနေနဲ့ ဝေါ်လ်ကာ-ပီတာစ်ကို အစားထိုးဖို့ ကစားသမား ရှာဖွေပြီးမှ ရောင်းချသွားမယ်လို့ သိရပြီး မန်ယူနိုက်တက်ရဲ့ ဘရန်ဒန် ဝီလီယမ်စ်၊ ဖီယင်နုရဲ့ မားကပ်စ် ပက်ဒါဆန်နဲ့ မန်စီးတီးရဲ့ အီဆာ ကာဘိုးရ်တို့ထဲက တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်းလည်း အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်းက ရေးသားဖော်ပြသွားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ခံစစ္ပိုင္း လိုအပ္ခ်က္ေတြအတြက္ အေရးပါတဲ့ ေခၚယူမႈတစ္ခုကို ျပဳလုပ္သြားဖို႔ စီစဥ္ေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္နဲ႔အၿပိဳင္ ေဆာက္သမ္တန္အသင္းရဲ႕ ေတာင္ပံခံစစ္မႉး ခိုင္လ္ ေဝၚလ္ကာ-ပီတာစ္ကို ေခၚယူသြားဖို႔ ႀကိဳးစားေနၿပီျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားဟာ သူ႔ရဲ႕ စီနီယာျဖစ္တဲ့ ညာေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာနဲ႔ အမည္ခ်င္း တူညီသူလည္းျဖစ္ၿပီး ဖခင္နဲ႔ မိခင္ရဲ႕ နာမည္ႏွစ္မ်ိဳးလုံးကို ရယူထားတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ ပရီးမီးယားလိဂ္မွာေတာ့ ပြဲေပါင္း ၈၄ ပြဲကို ျဖတ္သန္းခဲ့တာပါ။

ေဆာက္သမ္တန္အသင္းကို ရာသီဝက္အငွားနဲ႔ ထြက္ကစားၿပီး ေပါင္ ၁၂ သန္းနဲ႔ အၿပီးသတ္ ေခၚယူခံခဲ့ရတဲ့ ေဝၚလ္ကာ-ပီတာစ္ဟာ လက္ရွိမွာ နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တယ္လ္ရဲ႕ လက္ေအာက္မွာ ဘယ္ေနာက္ခံလူအျဖစ္ ကစားေနတာျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ေတာ့ နည္းစနစ္ပိုင္းအရ အဖိုးတန္သူျဖစ္လာႏိုင္ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ လက္ရွိမွာ စေကာ့တလန္ ေနာက္ခံလူ ကီရန္ တီယာနီရဲ႕ ဒဏ္ရာျပႆနာေတြေၾကာင့္ သူ႔ေနရာကို မာမာခ်ာခ်ာနဲ႔ လူစားထိုး မဟုတ္ဘဲ ပြဲထြက္ကစားသမားအျဖစ္ အဆင္သင့္ ဝင္ေရာက္ႏိုင္မယ့္ ကစားသမားမ်ိဳး လိုအပ္ေနၿပီး ညာေနာက္ခံလူေနရာမွာလည္း တာကဲဟီ႐ို တိုမီယာစုကို အနားေပးႏိုင္ဖို႔ ေနာက္ထပ္ကစားသမားတစ္ဦး အလိုရွိေနတာျဖစ္ပါတယ္။

ေဝၚလ္ကာ-ပီတာစ္ဟာ ညာသန္ကစားသမားျဖစ္ေပမယ့္ ေဆာက္သမ္တန္မွာေတာ့ ထြန္းေတာက္လာတဲ့ လူငယ္ေနာက္ခံလူ တီႏို လီဗရာမန္တိုေၾကာင့္ ၿပီးခဲ့တဲ့ ရာသီတစ္ခုလုံးမွာ ဘယ္ေတာင္ပံခံစစ္မႉးအျဖစ္ အဓိက ကစားခဲ့ရၿပီး အာဆင္နယ္ပရိသတ္ေတြ ပါဝင္ေနတဲ့ သူ႔ရဲ႕ မိသားစုေၾကာင့္ ေျမာက္လန္ဒန္ကို မတူညီတဲ့ အသင္းနဲ႔ ေနာက္တစ္ႀကိမ္ ေရာက္လာမလားေတာ့ စိတ္ဝင္စားစရာျဖစ္ေနတာပါ။

ဂန္းနားေတြအေနနဲ႔ သူ႔ကို အလိုရွိေနေပမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အၿပိဳင္ႀကိဳးစားရဖို႔ ရွိေနခ်ိန္မွာ တစ္ခ်ိန္လုံး ေနာက္ကေန လိုက္ၿပီး ျပႆနာရွာတတ္တဲ့ ေျမာက္လန္ဒန္ၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ေဆာက္သမ္တန္နဲ႔ သေဘာတူညီမႈအရ ေဝၚလ္ကာ-ပီတာစ္ကို ေပါင္သန္း ၃၀ နဲ႔ ျပန္လည္ေခၚယူခြင့္ ရွိေနခဲ့တာကေတာ့ သတိထားရမယ့္ အခ်က္လည္းျဖစ္ပါတယ္။

ေဆာက္သမ္တန္တို႔အေနနဲ႔ ေဝၚလ္ကာ-ပီတာစ္ကို အစားထိုးဖို႔ ကစားသမား ရွာေဖြၿပီးမွ ေရာင္းခ်သြားမယ္လို႔ သိရၿပီး မန္ယူႏိုက္တက္ရဲ႕ ဘရန္ဒန္ ဝီလီယမ္စ္၊ ဖီယင္ႏုရဲ႕ မားကပ္စ္ ပက္ဒါဆန္နဲ႔ မန္စီးတီးရဲ႕ အီဆာ ကာဘိုးရ္တို႔ထဲက တစ္ဦးကို ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္းလည္း အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္းက ေရးသားေဖာ္ျပသြားေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.