Other Leagues Transfer News

ရီးရဲလ်မက်ဒရစ်ရဲ့ ဆရာကြီးဘဝကနေ တူရကီမှာ အသင်းသစ် လိုက်ရှာနေရတဲ့ အိုဇေးလ်

အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ခဲ့ပြီး ကလေးဘဝကတည်းက အားပေးခဲ့ရတဲ့ တူရကီကလပ် ဖီနာဘာချီအသင်းမှာ လက်ရှိအချိန်အထိ တစ်ရာသီခွဲ ဖြတ်သန်းခဲ့ပြီးတဲ့ မီဆွတ် အိုဇေးလ်ကို သူ့ရဲ့ အလုပ်ရှင်တွေဘက်က ဆက်လက်ထိန်းသိမ်းမထားတော့ဘဲ အသင်းနဲ့ တရားဝင် လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။

တူရကီမြေကို နင်းအပြီးမှာ သူ့ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ပြောခဲ့ပေမယ့် ဘိုးဘွားတွေရဲ့ မြို့က ဖုန်းသင်္ကေတ ၆၇ ကို ကျောမှာ ဝတ်ဆင်ပြီး တောက်ပနိုင်ခဲ့ပေမယ့် နောက်တစ်ရာသီမှာတော့ ကျောနံပါတ် ၁၀ ကို ရရှိအပြီးမှာ နည်းပြ ဗစ်တာ ပါရဲရား ထွက်ခွာသွားပြီးနောက်ပိုင်း ရုန်းကန်ခဲ့ရပြီး ဇာတာကျလာခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ် ဂျာမန်ကွင်းလယ်လူအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ ဘောလုံးလောကရဲ့ တွဲဖက်လုပ်ကိုင်သူတွေဆီက ဆန့်ကျင်မှုတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး တူရကီနဲ့ နိုင်ငံရေးအရ ပတ်သက်မှုအဖြစ် စွပ်စွဲခံခဲ့ရသလို ကွင်းထဲမှာနဲ့ ထရိန်နင်တွေမှာ အချောင်ခိုတတ်ပြီး ကြံ့ခိုင်မှု မရှိသူအဖြစ်လည်း ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

တရုတ်ပြည်က ဝီဂါမူဆလင်ကိစ္စနဲ့ အာချောင်ခဲ့အပြီးမှာတော့ အာဆင်နယ်တို့အနေနဲ့ ရုပ်သံဝင်ငွေ မထိခိုက်ဖို့ သူ့ကို ချောင်ထိုးထားခဲ့ပြီး ၂၀၂၁ ဆောင်းရာသီမှာတော့ စာချုပ်ဖျက်သိမ်းခဲ့သလို အသင်းက ထွက်သွားရင်ပြီးရော လက်ကျန်လုပ်ခတွေကိုပါ ဆက်လက်ပေးချေပြီး ဖီနာဘာချီကို သွားဖို့ တွန်းလွှတ်ခံခဲ့ရတာပါ။

အိုဇေးလ်အနေနဲ့ ဖီနာဘာချီအရောက်မှာ နည်းပြ ပါရဲရားနဲ့ ခွင်တည့်ခဲ့ပြီး ကပ္ပတိန်လက်ပတ်ကိုပါ ရရှိခဲ့ပေမယ့် သူ့ကို ဆက်ခံတဲ့ ပြည်တွင်းနည်းပြ အစ္စမေးလ် ကာတယ်လ်နဲ့ ရင်ဆိုင်ခဲ့ရချိန်မှာတော့ အသင်းဖော်တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ အိုဇန် တူဖန်နဲ့အတူ ကြံ့ခိုင်မှု မပြည့်မီတာကြောင့် အသင်းကြီးလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရသလို မတ်လ ၂၄ ရက်နေ့ကစပြီး ကစားခွင့် ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီအစမှာတော့ နာမည်ကြီး ပေါ်တူဂီနည်းပြ ဂျော်ဂျီ ဂျေဆူးစ်ကို ခန့်အပ်အပြီးမှာတော့ အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြကြား ပြတ်သားတဲ့ လုပ်ဆောင်မှုအဖြစ် အိုဇေးလ်ရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့သလို ဖီနာဘာချီတို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက နည်းပြနဲ့ အချင်းများခဲ့တဲ့ သူ့ကို ခွင့်မလွှတ်နိုင်တာကြောင့် ခုလို လုပ်ဆောင်ခဲ့တာလို့လည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

လုပ်အားနှုန်းနည်းပါးလွန်းပြီး ခံစစ်ပိုင်းကို မကူညီနိုင်တာကြောင့် အမြဲတစေ ဝေဖန်ခံခဲ့ရတဲ့ ကွင်းလယ်ဖန်တီးရှင်နဲ့ ဖီနာဘာချီတို့ကြားက စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့တယ်လို့ သိရပြီး တူရကီလိဂ်ပွဲ ၃၆ ပွဲမှာ ၉ ဂိုးသွင်း ၃ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့တဲ့ မှတ်တမ်းအပြီးမှာတော့ စောင့်ကြည့်သူတွေက ဂိမ်းလောကဘက်ကိုပဲ ခြေချတော့မလားလို့လည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ အိုဇေးလ်အနေနဲ့ တူရကီနိုင်ငံမှာပဲ ဆက်နေဖို့ ကြိုးစားနေပြီး အသင်းသစ် ရှာဖွေသွားမယ်လို့ သတင်းထွက်နေပြီး ဖီနာဘာချီနည်းပြဟောင်း အမ်မရီ ဘယ်လိုဇိုးလူး ကိုင်တွယ်နေတဲ့ အစ္စတန်ဘူလ် ဘာရှက်ရှီဟာနဲ့ မြို့တောင် ပြောင်းစရာမလိုဘဲ စာချုပ်ဖို့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အိုဇေးလ်နဲ့ ပရိသတ်တွေရဲ့ ဆက်ဆံရေး ကျဲပါးလာမှုမှာ အဓိက တာဝန်ရှိသူတစ်ဦးဖြစ်ပြီး သူတို့မှန်ပြီး လူတိုင်းမှားတဲ့ အချိုးနဲ့ ရိုက်ပေါက်မျိုးတွေ ပြောတတ်တဲ့ အေးဂျင့်ဖြစ်သူ ဒေါက်တာ အာကွတ် ဆိုဂတ်ရဲ့ နောက်ဆုံးအခြေအနေတွေကို မေးမြန်းစဉ်မှာ “အသင်းနဲ့ နှစ်နှစ်စာချုပ် ကျန်ပါသေးတယ်”ဆိုတဲ့ ကြောင်တောင်တောင် စကားတွေကတော့ လက်ရှိမှာ အလုပ်မဖြစ်တော့ဘဲ ကစားသမားခမျာမှာတော့ အသင်းလက်မဲ့ဖြစ်သွားခဲ့ရတာပါ။

ဖီနာဘာချီအသင်းရဲ့ နည်းပြသစ် ဂျော်ဂျီ ဂျေဆူးစ်ကတော့ “ကျွန်တော်က အိုဇေးလ်ကို စောင့်ကြည့်နေခဲ့တဲ့သူပါ။ တူရကီက သူ့ရဲ့ သမိုင်းကို ဘယ်သူကမှ ဖယ်ရှားလို့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့ ခေတ်ကတော့ ကုန်သွားပါပြီ။ ဖီနာဘာချီမှာ ကျွန်တော် တည်ဆောက်မယ့် ပုံစံနဲ့ အိုင်ဒီယာတွေမှာ သူမပါတော့ပါဘူး။ အသင်းက အရေးအကြီးဆုံးပါပဲ”လို့ ရှင်းလင်းသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းကေန ေျပာင္းေ႐ႊ႕ခဲ့ၿပီး ကေလးဘဝကတည္းက အားေပးခဲ့ရတဲ့ တူရကီကလပ္ ဖီနာဘာခ်ီအသင္းမွာ လက္ရွိအခ်ိန္အထိ တစ္ရာသီခြဲ ျဖတ္သန္းခဲ့ၿပီးတဲ့ မီဆြတ္ အိုေဇးလ္ကို သူ႔ရဲ႕ အလုပ္ရွင္ေတြဘက္က ဆက္လက္ထိန္းသိမ္းမထားေတာ့ဘဲ အသင္းနဲ႔ တရားဝင္ လမ္းခြဲလိုက္ၿပီ ျဖစ္ပါတယ္။

တူရကီေျမကို နင္းအၿပီးမွာ သူ႔ရဲ႕ အိပ္မက္ေတြ တကယ္ျဖစ္လာၿပီလို႔ ေျပာခဲ့ေပမယ့္ ဘိုးဘြားေတြရဲ႕ ၿမိဳ႕က ဖုန္းသေကၤတ ၆၇ ကို ေက်ာမွာ ဝတ္ဆင္ၿပီး ေတာက္ပႏိုင္ခဲ့ေပမယ့္ ေနာက္တစ္ရာသီမွာေတာ့ ေက်ာနံပါတ္ ၁၀ ကို ရရွိအၿပီးမွာ နည္းျပ ဗစ္တာ ပါရဲရား ထြက္ခြာသြားၿပီးေနာက္ပိုင္း ႐ုန္းကန္ခဲ့ရၿပီး ဇာတာက်လာခဲ့တာပါ။

အသက္ ၃၃ ႏွစ္အ႐ြယ္ ဂ်ာမန္ကြင္းလယ္လူအေနနဲ႔ ၂၀၁၈ ကမာၻ႔ဖလားအၿပီးမွာ ေဘာလုံးေလာကရဲ႕ တြဲဖက္လုပ္ကိုင္သူေတြဆီက ဆန႔္က်င္မႈေတြကို ဆက္တိုက္ရင္ဆိုင္ခဲ့ရၿပီး တူရကီနဲ႔ ႏိုင္ငံေရးအရ ပတ္သက္မႈအျဖစ္ စြပ္စြဲခံခဲ့ရသလို ကြင္းထဲမွာနဲ႔ ထရိန္နင္ေတြမွာ အေခ်ာင္ခိုတတ္ၿပီး ႀကံ့ခိုင္မႈ မရွိသူအျဖစ္လည္း ေဝဖန္ခံခဲ့ရတာျဖစ္ပါတယ္။

တ႐ုတ္ျပည္က ဝီဂါမူဆလင္ကိစၥနဲ႔ အာေခ်ာင္ခဲ့အၿပီးမွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ ႐ုပ္သံဝင္ေငြ မထိခိုက္ဖို႔ သူ႔ကို ေခ်ာင္ထိုးထားခဲ့ၿပီး ၂၀၂၁ ေဆာင္းရာသီမွာေတာ့ စာခ်ဳပ္ဖ်က္သိမ္းခဲ့သလို အသင္းက ထြက္သြားရင္ၿပီးေရာ လက္က်န္လုပ္ခေတြကိုပါ ဆက္လက္ေပးေခ်ၿပီး ဖီနာဘာခ်ီကို သြားဖို႔ တြန္းလႊတ္ခံခဲ့ရတာပါ။

အိုေဇးလ္အေနနဲ႔ ဖီနာဘာခ်ီအေရာက္မွာ နည္းျပ ပါရဲရားနဲ႔ ခြင္တည့္ခဲ့ၿပီး ကပၸတိန္လက္ပတ္ကိုပါ ရရွိခဲ့ေပမယ့္ သူ႔ကို ဆက္ခံတဲ့ ျပည္တြင္းနည္းျပ အစၥေမးလ္ ကာတယ္လ္နဲ႔ ရင္ဆိုင္ခဲ့ရခ်ိန္မွာေတာ့ အသင္းေဖာ္တစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ အိုဇန္ တူဖန္နဲ႔အတူ ႀကံ့ခိုင္မႈ မျပည့္မီတာေၾကာင့္ အသင္းႀကီးလူစာရင္းကေန ထုတ္ပယ္ခံခဲ့ရသလို မတ္လ ၂၄ ရက္ေန႔ကစၿပီး ကစားခြင့္ ေပ်ာက္ဆုံးခဲ့ရတာျဖစ္ပါတယ္။

ဒီရာသီအစမွာေတာ့ နာမည္ႀကီး ေပၚတူဂီနည္းျပ ေဂ်ာ္ဂ်ီ ေဂ်ဆူးစ္ကို ခန႔္အပ္အၿပီးမွာေတာ့ အသင္းတာဝန္ရွိသူေတြနဲ႔ နည္းျပၾကား ျပတ္သားတဲ့ လုပ္ေဆာင္မႈအျဖစ္ အိုေဇးလ္ရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့သလို ဖီနာဘာခ်ီတို႔အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက နည္းျပနဲ႔ အခ်င္းမ်ားခဲ့တဲ့ သူ႔ကို ခြင့္မလႊတ္ႏိုင္တာေၾကာင့္ ခုလို လုပ္ေဆာင္ခဲ့တာလို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။

လုပ္အားႏႈန္းနည္းပါးလြန္းၿပီး ခံစစ္ပိုင္းကို မကူညီႏိုင္တာေၾကာင့္ အၿမဲတေစ ေဝဖန္ခံခဲ့ရတဲ့ ကြင္းလယ္ဖန္တီးရွင္နဲ႔ ဖီနာဘာခ်ီတို႔ၾကားက စာခ်ဳပ္ကို ႏွစ္ဦးသေဘာတူ ဖ်က္သိမ္းခဲ့တယ္လို႔ သိရၿပီး တူရကီလိဂ္ပြဲ ၃၆ ပြဲမွာ ၉ ဂိုးသြင္း ၃ ဂိုးသာ ဖန္တီးေပးႏိုင္ခဲ့တဲ့ မွတ္တမ္းအၿပီးမွာေတာ့ ေစာင့္ၾကည့္သူေတြက ဂိမ္းေလာကဘက္ကိုပဲ ေျခခ်ေတာ့မလားလို႔လည္း ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့တဲ့ အိုေဇးလ္အေနနဲ႔ တူရကီႏိုင္ငံမွာပဲ ဆက္ေနဖို႔ ႀကိဳးစားေနၿပီး အသင္းသစ္ ရွာေဖြသြားမယ္လို႔ သတင္းထြက္ေနၿပီး ဖီနာဘာခ်ီနည္းျပေဟာင္း အမ္မရီ ဘယ္လိုဇိုးလူး ကိုင္တြယ္ေနတဲ့ အစၥတန္ဘူလ္ ဘာရွက္ရွီဟာနဲ႔ ၿမိဳ႕ေတာင္ ေျပာင္းစရာမလိုဘဲ စာခ်ဳပ္ဖို႔ ေဆြးေႏြးမႈေတြ ရွိေနတယ္လို႔လည္း သိရပါတယ္။

အိုေဇးလ္နဲ႔ ပရိသတ္ေတြရဲ႕ ဆက္ဆံေရး က်ဲပါးလာမႈမွာ အဓိက တာဝန္ရွိသူတစ္ဦးျဖစ္ၿပီး သူတို႔မွန္ၿပီး လူတိုင္းမွားတဲ့ အခ်ိဳးနဲ႔ ႐ိုက္ေပါက္မ်ိဳးေတြ ေျပာတတ္တဲ့ ေအးဂ်င့္ျဖစ္သူ ေဒါက္တာ အာကြတ္ ဆိုဂတ္ရဲ႕ ေနာက္ဆုံးအေျခအေနေတြကို ေမးျမန္းစဥ္မွာ “အသင္းနဲ႔ ႏွစ္ႏွစ္စာခ်ဳပ္ က်န္ပါေသးတယ္”ဆိုတဲ့ ေၾကာင္ေတာင္ေတာင္ စကားေတြကေတာ့ လက္ရွိမွာ အလုပ္မျဖစ္ေတာ့ဘဲ ကစားသမားခမ်ာမွာေတာ့ အသင္းလက္မဲ့ျဖစ္သြားခဲ့ရတာပါ။

ဖီနာဘာခ်ီအသင္းရဲ႕ နည္းျပသစ္ ေဂ်ာ္ဂ်ီ ေဂ်ဆူးစ္ကေတာ့ “ကြၽန္ေတာ္က အိုေဇးလ္ကို ေစာင့္ၾကည့္ေနခဲ့တဲ့သူပါ။ တူရကီက သူ႔ရဲ႕ သမိုင္းကို ဘယ္သူကမွ ဖယ္ရွားလို႔ မရပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ ေခတ္ကေတာ့ ကုန္သြားပါၿပီ။ ဖီနာဘာခ်ီမွာ ကြၽန္ေတာ္ တည္ေဆာက္မယ့္ ပုံစံနဲ႔ အိုင္ဒီယာေတြမွာ သူမပါေတာ့ပါဘူး။ အသင္းက အေရးအႀကီးဆုံးပါပဲ”လို႔ ရွင္းလင္းသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.