Article Bundesliga La Liga Premier League Transfer News

အရောင်းအဝယ်မှာ ဆရာတစ်ပါးဖြစ်တဲ့ ဘင်ဖီကာတို့ရဲ့ ထိပ်တန်းရောင်းချမှု ၁၀ ခု

ဘောလုံးလောကမှာ ကစားသမားတွေကို အရောင်းအဝယ် ကျွမ်းကျင်လွန်းတဲ့ အသင်းတွေ ရှိကြတဲ့အထဲမှာ သူတို့တွေကတော့ အသင်းကြီးမျိုးအဖြစ် ရပ်တည်ဖို့ထက် ဥရောပ အဆင့်အတန်းမှာ ဒုတိယတန်းစား နိုင်ငံတွေရဲ့ ထိပ်တန်းကလပ်တွေအဖြစ် ကစားသမားတွေကို ခေါ်ယူဖို့ လွယ်ကူခဲ့သလို ထိပ်တန်းလိဂ်က အသင်းကြီးတွေဆီ ပြန်ရောင်းချဖို့လည်း ပါးပါးနပ်နပ် လုပ်ဆောင်နိုင်ကြသူတွေဖြစ်ပါတယ်။

ဘင်ဖီကာအသင်းကလည်း ဒီထဲမှာ ပါဝင်နေခဲ့ပြီး သူတို့ကတော့ အိုင်းယက်စ်၊ မိုနာကိုတို့လိုမျိုး အကယ်ဒမီထွက် ကစားသမားတွေထက် တောင်အမေရိက ကစားသမားတွေကို ဝယ်ရောင်းပြုလုပ်ရာမှာ ပိုမိုထူးချွန်နေခဲ့သလို ဒီထဲကမှ လီဗာပူးလ်အသင်းဆီ နောက်ဆုံးရောင်းချထားတဲ့ ဒါဝင် နူးညက်ဇ်အပါအဝင် ထိပ်တန်းပြောင်းရွှေ့ကြေးရှင် ကစားသမား ၁၀ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁၀။ အန်ဟဲလ် ဒီမာရီယာ (ရီးရဲလ်မက်ဒရစ်သို့)
အာဂျင်တီးနားကလပ် ရိုဆာရီယိုကနေ ခေါ်ယူခဲ့တဲ့ ပိန်ညှောင်ညှောင် ချာတိတ်လေးဟာ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ခေါက်ဆွဲလို့ အလုံးအထည်ပေါ် မူတည်ပြီး နာမည်ရခဲ့သူပါ။ ခေါ်ယူစဉ် ၂၀၀၇ ခုနှစ်က ယူရို ၈ သန်း ကျသင့်ခဲ့တဲ့ ဒီမာရီယာကို ဥရောပအသင်းကြီးတွေက မျက်စိကျလာတဲ့ ၂၀၁၀ နွေရာသီမှာတော့ ရီးရဲလ်မက်ဒရစ်ဆီ ယူရို ၃၃ သန်းနဲ့ ရောင်းချနိုင်ခဲ့သလို သုံးနှစ်အတွင်းမှာ ယူရို ၂၄ သန်း အမြတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

၉။ ရီနာတို ဆန်ချက်စ် (ဘိုင်ယန်မြူးနစ်သို့)
ဘင်ဖီကာအသင်းရဲ့ လူငယ်အကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ ပေါ်တူဂီသားဟာ ၂၀၁၅-၁၆ ရာသီမှာ အသင်းကြီးနဲ့ ၃၅ ပွဲ ကစားအပြီးမှာတော့ သူ့ကို သဘောကျလို့ ဆက်သွယ်လာခဲ့တာက မန်ချက်စတာယူနိုက်တက်ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်ဖီကာတို့ လိုချင်တဲ့ ဈေးမျိုးဖြစ်တဲ့ ယူရို ၃၅ သန်း ကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက ကမ်းလှမ်းခဲ့ပြီး Golden Boy ဆုရှင် ဆန်ချက်စ်ကိုယ်တိုင်ကလည်း ဂျာမန်မြေကိုပဲ ရွေးချယ်ခဲ့လို့ ပွဲဖြစ်ခဲ့ပေမယ့် ရလဒ်ကတော့ ခြေစွမ်းမပြနိုင်ဘဲ ပြန်ရောင်းထုတ်ခဲ့ရတာပါ။

၈။ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ် (မန်ယူနိုက်တက်သို့)
ဆွီဒင်ခံစစ်မှူးကတော့ ဘင်ဖီကာအသင်းကို အသက် ၁၇ နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာ ယူရို ၃ သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး ၂၀၁၅-၁၆ ရာသီမှာတော့ ရီနာတို ဆန်ချက်စ်နဲ့အတူ လူသတိထားမှု ခံခဲ့ရသလို နောက်တစ်ရာသီမှာတော့ အမာခံ ကစားသမားဖြစ်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ဖာဒီနန်၊ ဗီဒစ်တို့နောက်ပိုင်း ခံစစ်မှူးကောင်းလိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်က ၂၀၁၇ နွေရာသီမှာ ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဘင်ဖီကာတို့ကတော့ ယူရို ၃၂ သန်း မြတ်စွန်းခဲ့တာလည်းဖြစ်ပါတယ်။

၇။ နယ်လ်ဆန် ဆီမီဒို (ဘာစီလိုနာသို့)
ဆီမီဒိုကတော့ ဘင်ဖီကာရဲ့ ဂျင်းထည့်မှုကောင်းတစ်ခုဖြစ်ပြီး ဘာစီလိုနာရဲ့ မအူမလည် အဘီဒယ်လ်တို့ရဲ့ နာမည်ကြီး နူးကမ့်နည်းစနစ်အဖွဲ့က ကောင်းကောင်းခံစားသွားခဲ့ရတာဖြစ်ပါတယ်။ လူငယ်အသင်းအတွက် ဆင်ထရန်စီအသင်းလေးကနေ အလွတ်ခေါ်ယူခဲ့တဲ့ ညာနောက်ခံလူဟာ ရီနာတို ဆန်းချက်စ်၊ လင်ဒီလော့ဖ်တို့နဲ့ Same Batch တွေဖြစ်ပြီး ၂၀၁၅-၁၆ ရာသီမှာ စတင်ထင်ရှားခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိ ဝုလ်ဗ်စ်တို့နဲ့ ကစားနေတဲ့ သူ့ကိုတော့ လင်ဒီလော့ဖ်နဲ့အတူ ၂၀၁၇ နွေရာသီမှာ ဘာစီလိုနာအသင်းဆီ ယူရို ၃၅.၇ သန်းနဲ့ ရောင်းချသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၆။ ရာအူးလ် ဟီမီနက်ဇ် (ဝုလ်ဗ်စ်သို့)
မက္ကဆီကိုကလပ် အမေရိကားကနေ အက်သလက်တီကို မက်ဒရစ်ကို ရောက်လာပြီး ကြောင်ပျောက်နေခဲ့တဲ့ ဟီမီနက်ဇ်ကို ဘင်ဖီကာတို့က ယူရို ၁၀ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ ဘင်ဖီကာမှာ သိပ်ပြီး ခြေစွမ်းမပြနိုင်ပေမယ့် ပေါ်တူဂီသားတွေကို စုဆောင်းနေတဲ့ ပရီးမီးယားလိဂ်တန်းတက် ဝုလ်ဗ်စ်တို့က ၂၀၁၈-၁၉ ရာသီမှာ အငှားနဲ့ စတင်ခေါ်ယူခဲ့ပြီး အင်္ဂလန်မြေရောက် ပထမရာသီမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မက္ကဆီကန်ကို ကြိုတင်ချုပ်ဆိုထားတဲ့ စာချုပ်အရ ယူရို ၃၈ သန်းအထိ ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

၅။ အိတ်ဇယ်လ် ဝစ်ဆယ်လ် (ဇင်းနစ်သို့)
အဲ့ဒီအချိန်တုန်းကတော့ ဝစ်ဆယ်လ်ရဲ့ အပြောင်းအရွှေ့မှာ ဥရောပအသင်းကြီး တော်တော်များများ မျက်လုံးပြူးသွားခဲ့တာဖြစ်သလို ဘင်ဖီကာလို အသင်းမျိုးကနေ ရောင်းချခဲ့တဲ့ ကွင်းလယ်လူတစ်ယောက်ရဲ့ ဈေးနှုန်းဟာ ယူရိုသန်း ၄၀ ဆိုတာက ဖောင်းပွလွန်းနေခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်သားကို ဘင်ဖီကာတို့အနေနဲ့ စတန်းဒတ်လီဂီကနေ ယူရို ၉ သန်းသာ ရင်းနှီးမြှုပ်နှံခဲ့ရတာဖြစ်ပြီး ဇင်းနစ်တို့ကတော့ သူတို့ကို ယူရို ၃၁ သန်း မြတ်စွန်းစေဖို့အတွက် စာချုပ်လျော်ကြေးအတိုင်း ကြေးမရှောင် ပေးခေါ်သွားခဲ့တာလည်းဖြစ်ပါတယ်။

၄။ အီဒါဆန် (မန်စီးတီးသို့)
ဂိုးသမားတစ်ယောက်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အင်္ဂလိပ်ကလပ်တွေ ပေးချေဖို့ဆိုတာက ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ပြီး ၂၀၁၇ နွေရာသီမှာတော့ မန်စီးတီးတို့က ယူရိုသန်း ၄၀ အထိ ပေးချေပြီး အဲ့ဒီအချိန်က အမြင့်ဆုံးလည်းဖြစ်ခဲ့တာပါ။ ပြည်တွင်းကလပ် ရီယို အာဗီကနေ ယူရို ငါးသိန်းတည်းနဲ့ ရောက်လာခဲ့တဲ့ အီဒါဆန်ကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ၂၀၁၆-၁၇ တစ်ရာသီတည်းနဲ့ မျက်စိကျခဲ့တာဖြစ်ပြီး ဘင်ဖီကာတို့ကတော့ ခေါ်ယူခဲ့တဲ့ ဈေးထက် အဆပေါင်း ၈၀ အမြတ်ရခဲ့တာလည်းဖြစ်ပါတယ်။

၃။ ရူဘင် ဒီယက်စ် (မန်စီးတီးသို့)
မန်စီးတီးတို့ရဲ့ ချန်ပီယံနှစ်နှစ်ဆက်တိုက်ဖြစ်စေခဲ့တဲ့ ခံစစ်ကို ခရီးရောက်မဆိုက် ဦးဆောင်ပေးခဲ့တဲ့ ရူဘင် ဒီယက်စ်ကတော့ သူ့ကို ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၈ သန်းနဲ့ ထိုက်တန်သလားဆိုတာ နှစ်ခါပြန်မေးစရာ မလိုတဲ့သူပါ။ ဘင်ဖီကာ လူငယ်အကယ်ဒမီထွက် ခံစစ်မှူးဟာ အသင်းနဲ့ သုံးရာသီကြာ ပထမကစားသမားဘဝကို ဖြတ်သန်းအပြီးမှာတော့ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အသင်းအတွက် ငွေကြေးအကျိုးအမြတ် ရရှိစေခဲ့သလို ခေါ်ယူခဲ့တဲ့ အသင်းကိုလည်း အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၂။ ဒါဝင် နူးညက်ဇ် (လီဗာပူးလ်သို့)
လီဗာပူးလ်အသင်းကို ရောင်းချလိုက်တဲ့ ဒါဝင် နူးညက်ဇ်ကြောင့် ဘင်ဖီကာတို့ရဲ့ ဖောက်သည်ဝယ်လက်တွေက ပိုမိုကျယ်ပြန့်သွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတိုင်းကို မရောင်းဖူးတဲ့ အသင်း မရှိအောင်ဖြစ်သွားခဲ့တာပါ။ စပိန်ကလပ် အယ်လ်မီးရီးယားအသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၄ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးကို ဘင်ဖီကာတို့အနေနဲ့ ယူရို ၇၅ သန်းနဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပြီး အမြတ်အစွန်း ယူရို ၅၁ သန်း ရှာဖွေနိုင်ခဲ့တဲ့နောက် ပရိသတ်တွေ ထင်ကြေးပေးထားတဲ့ ဒုတိယ လူးဝစ် ဆွာရက်ဇ်ဖြစ်လာမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

၁။ ဂျာအို ဖဲလစ္စ (အက်သလက်တီကိုသို့)
ဘင်ဖီကာတို့ရဲ့ စံချိန်တင်ရောင်းချမှုကတော့ ၂၀၁၉ နွေရာသီက အက်သလက်တီကို မက်ဒရစ်ဆီ ပို့ဆောင်ပေးခဲ့တဲ့ ဂျာအို ဖဲလစ္စပဲဖြစ်ပြီး လက်ရှိအချိန်အထိ ကမ္ဘာ့စံချိန်မှာ စတုတ္ထ ဈေးအကြီးဆုံးဖြစ်နေခဲ့တဲ့ အပြောင်းအရွှေ့ကို လူတိုင်းက အံ့ဩခဲ့ကြရတာပါ။ ပေါ်တိုအကယ်ဒမီထွက် ဖဲလစ္စဟာ ၂၀၁၅ ခုနှစ်မှာ ဘင်ဖီကာ အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး အသင်းကြီးနဲ့ ခြေစွမ်းပြနိုင်ခဲ့အပြီးမှာတော့ နေမာ၊ ကော်တင်ညို၊ အမ်ဘာပေတို့ရဲ့နောက် စတုတ္ထနေရာမှာ ရှိတဲ့ ယူရို ၁၂၇ သန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဘင်ဖီကာတို့ကတော့ ပွဲခ ၁၂ သန်းနုတ်အပြီးမှာ ၁၁၅ သန်း အိတ်ထဲ ထည့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးေလာကမွာ ကစားသမားေတြကို အေရာင္းအဝယ္ ကြၽမ္းက်င္လြန္းတဲ့ အသင္းေတြ ရွိၾကတဲ့အထဲမွာ သူတို႔ေတြကေတာ့ အသင္းႀကီးမ်ိဳးအျဖစ္ ရပ္တည္ဖို႔ထက္ ဥေရာပ အဆင့္အတန္းမွာ ဒုတိယတန္းစား ႏိုင္ငံေတြရဲ႕ ထိပ္တန္းကလပ္ေတြအျဖစ္ ကစားသမားေတြကို ေခၚယူဖို႔ လြယ္ကူခဲ့သလို ထိပ္တန္းလိဂ္က အသင္းႀကီးေတြဆီ ျပန္ေရာင္းခ်ဖို႔လည္း ပါးပါးနပ္နပ္ လုပ္ေဆာင္ႏိုင္ၾကသူေတြျဖစ္ပါတယ္။

ဘင္ဖီကာအသင္းကလည္း ဒီထဲမွာ ပါဝင္ေနခဲ့ၿပီး သူတို႔ကေတာ့ အိုင္းယက္စ္၊ မိုနာကိုတို႔လိုမ်ိဳး အကယ္ဒမီထြက္ ကစားသမားေတြထက္ ေတာင္အေမရိက ကစားသမားေတြကို ဝယ္ေရာင္းျပဳလုပ္ရာမွာ ပိုမိုထူးခြၽန္ေနခဲ့သလို ဒီထဲကမွ လီဗာပူးလ္အသင္းဆီ ေနာက္ဆုံးေရာင္းခ်ထားတဲ့ ဒါဝင္ ႏူးညက္ဇ္အပါအဝင္ ထိပ္တန္းေျပာင္းေ႐ႊ႕ေၾကးရွင္ ကစားသမား ၁၀ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁၀။ အန္ဟဲလ္ ဒီမာရီယာ (ရီးရဲလ္မက္ဒရစ္သို႔)
အာဂ်င္တီးနားကလပ္ ႐ိုဆာရီယိုကေန ေခၚယူခဲ့တဲ့ ပိန္ေညႇာင္ေညႇာင္ ခ်ာတိတ္ေလးဟာ သူ႔ရဲ႕ ခႏၶာကိုယ္ တည္ေဆာက္ပုံေၾကာင့္ ေခါက္ဆြဲလို႔ အလုံးအထည္ေပၚ မူတည္ၿပီး နာမည္ရခဲ့သူပါ။ ေခၚယူစဥ္ ၂၀၀၇ ခုႏွစ္က ယူ႐ို ၈ သန္း က်သင့္ခဲ့တဲ့ ဒီမာရီယာကို ဥေရာပအသင္းႀကီးေတြက မ်က္စိက်လာတဲ့ ၂၀၁၀ ေႏြရာသီမွာေတာ့ ရီးရဲလ္မက္ဒရစ္ဆီ ယူ႐ို ၃၃ သန္းနဲ႔ ေရာင္းခ်ႏိုင္ခဲ့သလို သုံးႏွစ္အတြင္းမွာ ယူ႐ို ၂၄ သန္း အျမတ္ထြက္ခဲ့တာလည္း ျဖစ္ပါတယ္။

၉။ ရီနာတို ဆန္ခ်က္စ္ (ဘိုင္ယန္ျမဴးနစ္သို႔)
ဘင္ဖီကာအသင္းရဲ႕ လူငယ္အကယ္ဒမီက ထြက္ေပၚလာခဲ့တဲ့ ေပၚတူဂီသားဟာ ၂၀၁၅-၁၆ ရာသီမွာ အသင္းႀကီးနဲ႔ ၃၅ ပြဲ ကစားအၿပီးမွာေတာ့ သူ႔ကို သေဘာက်လို႔ ဆက္သြယ္လာခဲ့တာက မန္ခ်က္စတာယူႏိုက္တက္ျဖစ္ပါတယ္။ ဒါေပမယ့္ ဘင္ဖီကာတို႔ လိုခ်င္တဲ့ ေဈးမ်ိဳးျဖစ္တဲ့ ယူ႐ို ၃၅ သန္း ကိုေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းက ကမ္းလွမ္းခဲ့ၿပီး Golden Boy ဆုရွင္ ဆန္ခ်က္စ္ကိုယ္တိုင္ကလည္း ဂ်ာမန္ေျမကိုပဲ ေ႐ြးခ်ယ္ခဲ့လို႔ ပြဲျဖစ္ခဲ့ေပမယ့္ ရလဒ္ကေတာ့ ေျခစြမ္းမျပႏိုင္ဘဲ ျပန္ေရာင္းထုတ္ခဲ့ရတာပါ။

၈။ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္ (မန္ယူႏိုက္တက္သို႔)
ဆြီဒင္ခံစစ္မႉးကေတာ့ ဘင္ဖီကာအသင္းကို အသက္ ၁၇ ႏွစ္အ႐ြယ္ ၂၀၁၂ ခုႏွစ္မွာ ယူ႐ို ၃ သန္းနဲ႔ ေရာက္လာခဲ့တာျဖစ္ၿပီး ၂၀၁၅-၁၆ ရာသီမွာေတာ့ ရီနာတို ဆန္ခ်က္စ္နဲ႔အတူ လူသတိထားမႈ ခံခဲ့ရသလို ေနာက္တစ္ရာသီမွာေတာ့ အမာခံ ကစားသမားျဖစ္ခဲ့တာပါ။ ဒီတစ္ႀကိမ္မွာေတာ့ ဖာဒီနန္၊ ဗီဒစ္တို႔ေနာက္ပိုင္း ခံစစ္မႉးေကာင္းလိုအပ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္က ၂၀၁၇ ေႏြရာသီမွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၃၅ သန္းနဲ႔ ေခၚယူခဲ့ၿပီး ဘင္ဖီကာတို႔ကေတာ့ ယူ႐ို ၃၂ သန္း ျမတ္စြန္းခဲ့တာလည္းျဖစ္ပါတယ္။

၇။ နယ္လ္ဆန္ ဆီမီဒို (ဘာစီလိုနာသို႔)
ဆီမီဒိုကေတာ့ ဘင္ဖီကာရဲ႕ ဂ်င္းထည့္မႈေကာင္းတစ္ခုျဖစ္ၿပီး ဘာစီလိုနာရဲ႕ မအူမလည္ အဘီဒယ္လ္တို႔ရဲ႕ နာမည္ႀကီး ႏူးကမ့္နည္းစနစ္အဖြဲ႕က ေကာင္းေကာင္းခံစားသြားခဲ့ရတာျဖစ္ပါတယ္။ လူငယ္အသင္းအတြက္ ဆင္ထရန္စီအသင္းေလးကေန အလြတ္ေခၚယူခဲ့တဲ့ ညာေနာက္ခံလူဟာ ရီနာတို ဆန္းခ်က္စ္၊ လင္ဒီေလာ့ဖ္တို႔နဲ႔ Same Batch ေတြျဖစ္ၿပီး ၂၀၁၅-၁၆ ရာသီမွာ စတင္ထင္ရွားခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိ ဝုလ္ဗ္စ္တို႔နဲ႔ ကစားေနတဲ့ သူ႔ကိုေတာ့ လင္ဒီေလာ့ဖ္နဲ႔အတူ ၂၀၁၇ ေႏြရာသီမွာ ဘာစီလိုနာအသင္းဆီ ယူ႐ို ၃၅.၇ သန္းနဲ႔ ေရာင္းခ်သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

၆။ ရာအူးလ္ ဟီမီနက္ဇ္ (ဝုလ္ဗ္စ္သို႔)
မကၠဆီကိုကလပ္ အေမရိကားကေန အက္သလက္တီကို မက္ဒရစ္ကို ေရာက္လာၿပီး ေၾကာင္ေပ်ာက္ေနခဲ့တဲ့ ဟီမီနက္ဇ္ကို ဘင္ဖီကာတို႔က ယူ႐ို ၁၀ သန္းနဲ႔ ေခၚယူခဲ့တာပါ။ ဘင္ဖီကာမွာ သိပ္ၿပီး ေျခစြမ္းမျပႏိုင္ေပမယ့္ ေပၚတူဂီသားေတြကို စုေဆာင္းေနတဲ့ ပရီးမီးယားလိဂ္တန္းတက္ ဝုလ္ဗ္စ္တို႔က ၂၀၁၈-၁၉ ရာသီမွာ အငွားနဲ႔ စတင္ေခၚယူခဲ့ၿပီး အဂၤလန္ေျမေရာက္ ပထမရာသီမွာ ၁၃ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ မကၠဆီကန္ကို ႀကိဳတင္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ ယူ႐ို ၃၈ သန္းအထိ ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

၅။ အိတ္ဇယ္လ္ ဝစ္ဆယ္လ္ (ဇင္းနစ္သို႔)
အဲ့ဒီအခ်ိန္တုန္းကေတာ့ ဝစ္ဆယ္လ္ရဲ႕ အေျပာင္းအေ႐ႊ႕မွာ ဥေရာပအသင္းႀကီး ေတာ္ေတာ္မ်ားမ်ား မ်က္လုံးျပဴးသြားခဲ့တာျဖစ္သလို ဘင္ဖီကာလို အသင္းမ်ိဳးကေန ေရာင္းခ်ခဲ့တဲ့ ကြင္းလယ္လူတစ္ေယာက္ရဲ႕ ေဈးႏႈန္းဟာ ယူ႐ိုသန္း ၄၀ ဆိုတာက ေဖာင္းပြလြန္းေနခဲ့တာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္သားကို ဘင္ဖီကာတို႔အေနနဲ႔ စတန္းဒတ္လီဂီကေန ယူ႐ို ၉ သန္းသာ ရင္းႏွီးျမႇဳပ္ႏွံခဲ့ရတာျဖစ္ၿပီး ဇင္းနစ္တို႔ကေတာ့ သူတို႔ကို ယူ႐ို ၃၁ သန္း ျမတ္စြန္းေစဖို႔အတြက္ စာခ်ဳပ္ေလ်ာ္ေၾကးအတိုင္း ေၾကးမေရွာင္ ေပးေခၚသြားခဲ့တာလည္းျဖစ္ပါတယ္။

၄။ အီဒါဆန္ (မန္စီးတီးသို႔)
ဂိုးသမားတစ္ေယာက္အတြက္ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို အဂၤလိပ္ကလပ္ေတြ ေပးေခ်ဖို႔ဆိုတာက ရွားပါးတဲ့ ျဖစ္ရပ္ျဖစ္ၿပီး ၂၀၁၇ ေႏြရာသီမွာေတာ့ မန္စီးတီးတို႔က ယူ႐ိုသန္း ၄၀ အထိ ေပးေခ်ၿပီး အဲ့ဒီအခ်ိန္က အျမင့္ဆုံးလည္းျဖစ္ခဲ့တာပါ။ ျပည္တြင္းကလပ္ ရီယို အာဗီကေန ယူ႐ို ငါးသိန္းတည္းနဲ႔ ေရာက္လာခဲ့တဲ့ အီဒါဆန္ကို မန္စီးတီးနည္းျပ ဂြါဒီယိုလာက ၂၀၁၆-၁၇ တစ္ရာသီတည္းနဲ႔ မ်က္စိက်ခဲ့တာျဖစ္ၿပီး ဘင္ဖီကာတို႔ကေတာ့ ေခၚယူခဲ့တဲ့ ေဈးထက္ အဆေပါင္း ၈၀ အျမတ္ရခဲ့တာလည္းျဖစ္ပါတယ္။

၃။ ႐ူဘင္ ဒီယက္စ္ (မန္စီးတီးသို႔)
မန္စီးတီးတို႔ရဲ႕ ခ်န္ပီယံႏွစ္ႏွစ္ဆက္တိုက္ျဖစ္ေစခဲ့တဲ့ ခံစစ္ကို ခရီးေရာက္မဆိုက္ ဦးေဆာင္ေပးခဲ့တဲ့ ႐ူဘင္ ဒီယက္စ္ကေတာ့ သူ႔ကို ေပးခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၆၈ သန္းနဲ႔ ထိုက္တန္သလားဆိုတာ ႏွစ္ခါျပန္ေမးစရာ မလိုတဲ့သူပါ။ ဘင္ဖီကာ လူငယ္အကယ္ဒမီထြက္ ခံစစ္မႉးဟာ အသင္းနဲ႔ သုံးရာသီၾကာ ပထမကစားသမားဘဝကို ျဖတ္သန္းအၿပီးမွာေတာ့ သူ႔ကို ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ အသင္းအတြက္ ေငြေၾကးအက်ိဳးအျမတ္ ရရွိေစခဲ့သလို ေခၚယူခဲ့တဲ့ အသင္းကိုလည္း ေအာင္ျမင္မႈေတြ ေဆာင္ၾကဥ္းေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

၂။ ဒါဝင္ ႏူးညက္ဇ္ (လီဗာပူးလ္သို႔)
လီဗာပူးလ္အသင္းကို ေရာင္းခ်လိုက္တဲ့ ဒါဝင္ ႏူးညက္ဇ္ေၾကာင့္ ဘင္ဖီကာတို႔ရဲ႕ ေဖာက္သည္ဝယ္လက္ေတြက ပိုမိုက်ယ္ျပန႔္သြားခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးတိုင္းကို မေရာင္းဖူးတဲ့ အသင္း မရွိေအာင္ျဖစ္သြားခဲ့တာပါ။ စပိန္ကလပ္ အယ္လ္မီးရီးယားအသင္းကေန ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၄ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ဥ႐ုေဂြးတိုက္စစ္မႉးကို ဘင္ဖီကာတို႔အေနနဲ႔ ယူ႐ို ၇၅ သန္းနဲ႔ ေရာင္းခ်ႏိုင္ခဲ့တာျဖစ္ၿပီး အျမတ္အစြန္း ယူ႐ို ၅၁ သန္း ရွာေဖြႏိုင္ခဲ့တဲ့ေနာက္ ပရိသတ္ေတြ ထင္ေၾကးေပးထားတဲ့ ဒုတိယ လူးဝစ္ ဆြာရက္ဇ္ျဖစ္လာမလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

၁။ ဂ်ာအို ဖဲလစၥ (အက္သလက္တီကိုသို႔)
ဘင္ဖီကာတို႔ရဲ႕ စံခ်ိန္တင္ေရာင္းခ်မႈကေတာ့ ၂၀၁၉ ေႏြရာသီက အက္သလက္တီကို မက္ဒရစ္ဆီ ပို႔ေဆာင္ေပးခဲ့တဲ့ ဂ်ာအို ဖဲလစၥပဲျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ကမာၻ႔စံခ်ိန္မွာ စတုတၳ ေဈးအႀကီးဆုံးျဖစ္ေနခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကို လူတိုင္းက အံ့ဩခဲ့ၾကရတာပါ။ ေပၚတိုအကယ္ဒမီထြက္ ဖဲလစၥဟာ ၂၀၁၅ ခုႏွစ္မွာ ဘင္ဖီကာ အကယ္ဒမီကို ေရာက္ရွိလာခဲ့ၿပီး အသင္းႀကီးနဲ႔ ေျခစြမ္းျပႏိုင္ခဲ့အၿပီးမွာေတာ့ ေနမာ၊ ေကာ္တင္ညိဳ၊ အမ္ဘာေပတို႔ရဲ႕ေနာက္ စတုတၳေနရာမွာ ရွိတဲ့ ယူ႐ို ၁၂၇ သန္းနဲ႔ အေရာင္းအဝယ္ျဖစ္ခဲ့ၿပီး ဘင္ဖီကာတို႔ကေတာ့ ပြဲခ ၁၂ သန္းႏုတ္အၿပီးမွာ ၁၁၅ သန္း အိတ္ထဲ ထည့္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.