La Liga Premier League Transfer News

အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပုဝါဆိုတာ ချဲလ်ဆီးသိအောင် ပြလိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လိဒ်စ်ယူနိုက်တက်တောင်ပံကြယ်ပွင့် ရာဖင်ညာအတွက် ပေါင် ၆၃ သန်းနဲ့ ကမ်းလှမ်းခဲ့တာကြောင့် ချဲလ်ဆီးအသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက်နဲ့ ပေါင် ၅၅ သန်းတန် အပြောင်းအရွှေ့ပြုလုပ်ဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပေမယ့်လည်း ဘရာဇီးလ်တောင်ပံကစားသမားက စတမ်းဖို့ဒ် ဘရစ်ချ်ကို မပြောင်းရွှေ့ချင်ဘဲ ဘာစီလိုနာအသင်းကို ပိုမိုပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်အသင်းဟာ လိဒ်စ်ယူနိုက်တက်၊ ရာဖင်ညာရဲ့အေးဂျင့်တို့နဲ့ သဘောတူညီမှု ရရှိခြင်းမရှိသေးပေမယ့် ဘရာဇီးလ်ကြယ်ပွင့်ရဲ့အေးဂျင့် ဒေကိုဟာ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အပြောင်းအရွှေ့အမြန်ဖြစ်လာအောင် တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

MailOnline ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ရာဖင်ညာကို နောက်ကျ ခေါ်ယူမှု ပြုလုပ်နိုင်ဖို့အတွက် ပေါင် ၆၃ သန်းတန် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်တာကြောင့် လက်ရှိမှာတော့ အပြောင်းအရွှေ့ဟာ ပြီးမြောက်လုနီးပါး ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ကနဦးပေးချေမှု ပေါင် ၅၅ သန်းနဲ့ နောက်ထပ် ထပ်ဆောင်းပေးချေမှု ပေါင် ၈ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာလို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ရာဖင်ညာဟာ ပြီးခဲ့တဲ့မတ်လကတည်းက ဘာစီလိုနာအသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ သြစတြေးလျ ရာသီကြိုခရီးစဉ်မှာ ဘရာဇီးလ်တောင်ပံကစားသမားကို မလိုက်ပါဘဲနေခွင့် ပြုခဲ့ပြီးနောက် ရာဖင်ညာရဲ့ အနာဂတ်ကို လျင်လျင်မြန်မြန် အဖြေထွက်စေချင်နေပြီဖြစ်ပြီး လိဒ်စ်ယူနိုက်တက်အသင်းဟာ ကိုလံဘီယာတောင်ပံကစားသမား လူးဝစ္စ ဆီနီစတားရားကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်သလို ဘရုဂျက်တိုက်စစ်မှူး ချားလ်စ် ဒီ ကတ်တယ်လဲကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းမှု နောက်ထပ်တစ်ဆင့်တက်လှမ်းထားခဲ့ပြီ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးအသင်းဟာ ရာဟင်း စတားလင်းကို ယခုနွေရာသီ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် တရားဝင်ကြေညာတော့မှာဖြစ်ပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ တနင်္ဂနွေနေ့ညနေက ချဲလ်ဆီးနဲ့ ဆေးစစ်မှုခံယူခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဟာ လိဒ္စ္ယူႏိုက္တက္ေတာင္ပံၾကယ္ပြင့္ ရာဖင္ညာအတြက္ ေပါင္ ၆၃ သန္းနဲ႔ ကမ္းလွမ္းခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာခဲ့ၿပီလို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လိဒ္စ္ယူႏိုက္တက္နဲ႔ ေပါင္ ၅၅ သန္းတန္ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္ေပမယ့္လည္း ဘရာဇီးလ္ေတာင္ပံကစားသမားက စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို မေျပာင္းေ႐ႊ႕ခ်င္ဘဲ ဘာစီလိုနာအသင္းကို ပိုမိုေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပိန္အသင္းဟာ လိဒ္စ္ယူႏိုက္တက္၊ ရာဖင္ညာရဲ႕ေအးဂ်င့္တို႔နဲ႔ သေဘာတူညီမႈ ရရွိျခင္းမရွိေသးေပမယ့္ ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ေအးဂ်င့္ ေဒကိုဟာ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြနဲ႔ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အေျပာင္းအေ႐ႊ႕အျမန္ျဖစ္လာေအာင္ ေတြ႕ဆုံေဆြးေႏြးမႈေတြ အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

MailOnline ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ ရာဖင္ညာကို ေနာက္က် ေခၚယူမႈ ျပဳလုပ္ႏိုင္ဖို႔အတြက္ ေပါင္ ၆၃ သန္းတန္ ကမ္းလွမ္းမႈ ျပဳလုပ္လိုက္ၿပီျဖစ္တာေၾကာင့္ လက္ရွိမွာေတာ့ အေျပာင္းအေ႐ႊ႕ဟာ ၿပီးေျမာက္လုနီးပါး ျဖစ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ကနဦးေပးေခ်မႈ ေပါင္ ၅၅ သန္းနဲ႔ ေနာက္ထပ္ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၈ သန္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တာလို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ရာဖင္ညာဟာ ၿပီးခဲ့တဲ့မတ္လကတည္းက ဘာစီလိုနာအသင္းနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္တယ္လို႔ နားလည္ရပါတယ္။

လိဒ္စ္ယူႏိုက္တက္အသင္းဟာ ၾသစေၾတးလ် ရာသီႀကိဳခရီးစဥ္မွာ ဘရာဇီးလ္ေတာင္ပံကစားသမားကို မလိုက္ပါဘဲေနခြင့္ ျပဳခဲ့ၿပီးေနာက္ ရာဖင္ညာရဲ႕ အနာဂတ္ကို လ်င္လ်င္ျမန္ျမန္ အေျဖထြက္ေစခ်င္ေနၿပီျဖစ္ၿပီး လိဒ္စ္ယူႏိုက္တက္အသင္းဟာ ကိုလံဘီယာေတာင္ပံကစားသမား လူးဝစၥ ဆီနီစတားရားကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္သလို ဘ႐ုဂ်က္တိုက္စစ္မႉး ခ်ားလ္စ္ ဒီ ကတ္တယ္လဲကိုလည္း ေခၚယူဖို႔ ႀကိဳးပမ္းမႈ ေနာက္ထပ္တစ္ဆင့္တက္လွမ္းထားခဲ့ၿပီ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ခ်ဲလ္ဆီးအသင္းဟာ ရာဟင္း စတားလင္းကို ယခုေႏြရာသီ ပထမဆုံး ကစားသမားေခၚယူမႈအျဖစ္ တရားဝင္ေၾကညာေတာ့မွာျဖစ္ၿပီး အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ တနဂၤေႏြေန႔ညေနက ခ်ဲလ္ဆီးနဲ႔ ေဆးစစ္မႈခံယူခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.