Premier League Transfer News

မန်ယူနိုက်တက်ဆီက ရနိုင်သလောက် ငွေညှစ်နေတဲ့ အိုင်းယက်စ်

အိုင်းယက်စ်အသင်းဟာ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကို စုစုပေါင်း ပေါင် ၅၂ သန်းဝန်းကျင် တောင်းဆိုနေပြီး ထပ်ဆောင်းပေးချေမှုတွေကို လက်ခံသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်နောက်ခံကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အိုင်းယက်စ်အသင်းကို မန်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ဖြစ်အောင် ညှိနှိုင်းဖို့ ၂ ကြိမ်အထိ တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒတ်ချ်ချန်ပီယံတွေဟာ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ပိုမို ကြီးမားလာအောင် မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကြား ဈေးအပြိုင်ပေးလာအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုဖြစ်တဲ့ ပေါင် ၄၃ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းမှုကို အိုင်းယက်စ်အသင်းက ပယ်ချခဲ့တာဖြစ်ပြီး ဒတ်ချ်ကလပ်ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးရဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၅ သန်း ပါဝင်တဲ့ ကမ်းလှမ်းမှုဟာ အလွန်နည်းပါးတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ မာတီနက်ဇ်အတွက် သဘောတူညီမှု ရရှိဖို့ ပိုမို နီးစပ်လာနေတယ်လို့ ခံစားနေရတာဖြစ်ပြီး လက်ရှိမှာတော့ အိုင်းယက်စ်အသင်းဟာ ကြယ်ပွင့်နောက်ခံကစားသမားအတွက် ကနဦးပေးချေမှုအဖြစ် ပေါင် ၅၂ သန်းလိုချင်နေတယ်လို့ ဒတ်ချ်သတင်းဌာန De Telegraaf က ဖော်ပြခဲ့ပါတယ်။

အိုင်းယက်စ်အသင်းဟာ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်တဲ့ ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာမဟုတ်ဘဲ အာဂျင်တီးနားဗဟိုခံစစ်ကစားသမားအတွက် ကနဦးပေးသွင်းငွေ ပေါင် ၅၂ သန်းအထိ ရရှိနိုင်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ နယ်သာလန်မှာ အောင်မြင်မှုတွေ အတူတူ ရယူနိုင်ခဲ့တဲ့ မာတီနက်ဇ်ကို အရခေါ်ယူချင်နေတာဖြစ်ပြီး သြစတြေးလျကို သွားရောက်ရမယ့် ရာသီကြိုခရီးစဉ်မှာ မာတီနက်ဇ်ကို အပါခေါ်သွားနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုအပတ်မှာ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ခရစ်ရှန် အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ မျှော်မှန်းထားပြီး ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အိုင်းယက်စ်အသင်းဟာ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကို စုစုပေါင်း ပေါင် ၅၂ သန်းဝန်းကျင် တောင်းဆိုနေပြီး ထပ်ဆောင်းပေးချေမှုတွေကို လက်ခံသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။


ဒါပေမယ့်လည်း ဒတ်ခ်ျချန်ပီယံတွေဟာ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ပိုမို ကြီးမားလာအောင် မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကြား ဈေးအပြိုင်ပေးလာအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုဖြစ်တဲ့ ပေါင် ၄၃ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းမှုကို အိုင်းယက်စ်အသင်းက ပယ်ချခဲ့တာဖြစ်ပြီး ဒတ်ခ်ျကလပ်ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးရဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၅ သန်း ပါဝင်တဲ့ ကမ်းလှမ်းမှုဟာ အလွန်နည်းပါးတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ မာတီနက်ဇ်အတွက် သဘောတူညီမှု ရရှိဖို့ ပိုမို နီးစပ်လာနေတယ်လို့ ခံစားနေရတာဖြစ်ပြီး လက်ရှိမှာတော့ အိုင်းယက်စ်အသင်းဟာ ကြယ်ပွင့်နောက်ခံကစားသမားအတွက် ကနဦးပေးချေမှုအဖြစ် ပေါင် ၅၂ သန်းလိုချင်နေတယ်လို့ ဒတ်ခ်ျသတင်းဌာန De Telegraaf က ဖော်ပြခဲ့ပါတယ်။




REF: INTERNET SOURCES
SPORTS A2Z.