Other Leagues

ဖခင်ဖြစ်သူရဲ့ခြေရာလိုက်နင်းပြီး လှပသေသပ်တဲ့ ဖရီးကစ်နဲ့ ဂိုးသွင်းယူခဲ့တဲ့ ရိုမီယို ဘက်ဟမ်း

ဒေးဗစ် ဘက်ဟမ်းဟာ အလွတ်တည်ကန်ဘောတွေမှာ တိကျသေချာတဲ့ တိုက်ရိုက်ကန်သွင်းမှုတွေနဲ့ ဖြတ်တင်ပေးပို့မှုတွေအတွက် ကမ္ဘာကျော်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ၎င်းရဲ့သားဖြစ်သူ ရိုမီယိုကလည်း ဖခင်ရဲ့ခြေရာအတိုင်း တစ်ထပ်တည်း လိုက်နင်းနေပြီဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုမီယိုဟာ လက်ရှိမှာ ဖခင်ဖြစ်သူ ဒေးဗစ် ဘက်ဟမ်းပိုင်ဆိုင်တဲ့ အင်တာ မိုင်ယာမီ ဒုတိယအသင်းအတွက် ကစားပေးနေသူဖြစ်ပြီး အော်လန်ဒို စီးတီး ဒုတိယအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ထူးခြားတဲ့အခိုက်အတန့် ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

အင်တာ မိုင်ယာမီဒုတိယအသင်းဟာ ၂၅ ကိုက်အကွာကနေ အလွတ်တည်ကန်ဘော ကန်ခွင့် ရရှိခဲ့ပြီး ရိုမီယို ဘက်ဟမ်းက ဘောလုံးကို လူတံတိုင်းကို ကျော်ပြီး ဂိုးအောက်ထောင့်ထဲကို တန်းတန်းမတ်မတ် ဝင်သွားအောင် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ရိုမီယိုရဲ့ ယခုရာသီ ပထမဆုံးသွင်းဂိုးဖြစ်ပြီး လူငယ်ကြယ်ပွင့်ဟာ လက်ရှိမှာတော့ အင်တာ မိုင်ယာမီဒုတိယအသင်းအတွက် ယခုရာသီမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အင်တာ မိုင်ယာမီ ပထမအသင်းရဲ့ နည်းပြဖြစ်တဲ့ ဖီးလ် နဗီးရဲ့သား ဟာဗေးကလည်း ရိုမီယိုနဲ့ အတူ အင်တာ မိုင်ယာမီ ဒုတိယအသင်းမှာ နောက်ခံကစားသမားအဖြစ် ကစားနေတာ ဖြစ်ပါတယ်။

အင်တာ မိုင်ယာမီ ဒုတိယအသင်းဟာ လက်ရှိမှာ မေဂျာလိဂ် အရှေ့ပိုင်းကွန်းဖရင့်ဇုန် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ကိုလံဘတ်စ် ခရူ ၂ နဲ့ ၁၀ မှတ်အကွာ ၂၂ မှတ် ရရှိထားတာဖြစ်ပါတယ်။

ဒေးဗစ် ဘက်ဟမ်းက သားဖြစ်သူရဲ့ အလွန်ကောင်းမွန်တဲ့ တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုကို အင်စတာဂရမ်စတိုရီမှာ “အရမ်းကောင်းတယ် ငါ့ကောင်ကြီး။ အရမ်း ဂုဏ်ယူမိပါတယ်”လို့ တုံ့ပြန်ခဲ့ပြီး ရိုမီယိုက “အဖေ့ကို ချစ်တယ်။ ဒီဂိုးက အဖေ့အတွက်ပါ”လို့ ပြန်လည် ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဒးဗစ္ ဘက္ဟမ္းဟာ အလြတ္တည္ကန္ေဘာေတြမွာ တိက်ေသခ်ာတဲ့ တိုက္႐ိုက္ကန္သြင္းမႈေတြနဲ႔ ျဖတ္တင္ေပးပို႔မႈေတြအတြက္ ကမာၻေက်ာ္ခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ ၎ရဲ႕သားျဖစ္သူ ႐ိုမီယိုကလည္း ဖခင္ရဲ႕ေျခရာအတိုင္း တစ္ထပ္တည္း လိုက္နင္းေနၿပီျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ႐ိုမီယိုဟာ လက္ရွိမွာ ဖခင္ျဖစ္သူ ေဒးဗစ္ ဘက္ဟမ္းပိုင္ဆိုင္တဲ့ အင္တာ မိုင္ယာမီ ဒုတိယအသင္းအတြက္ ကစားေပးေနသူျဖစ္ၿပီး ေအာ္လန္ဒို စီးတီး ဒုတိယအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ထူးျခားတဲ့အခိုက္အတန႔္ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

အင္တာ မိုင္ယာမီဒုတိယအသင္းဟာ ၂၅ ကိုက္အကြာကေန အလြတ္တည္ကန္ေဘာ ကန္ခြင့္ ရရွိခဲ့ၿပီး ႐ိုမီယို ဘက္ဟမ္းက ေဘာလုံးကို လူတံတိုင္းကို ေက်ာ္ၿပီး ဂိုးေအာက္ေထာင့္ထဲကို တန္းတန္းမတ္မတ္ ဝင္သြားေအာင္ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ႐ိုမီယိုရဲ႕ ယခုရာသီ ပထမဆုံးသြင္းဂိုးျဖစ္ၿပီး လူငယ္ၾကယ္ပြင့္ဟာ လက္ရွိမွာေတာ့ အင္တာ မိုင္ယာမီဒုတိယအသင္းအတြက္ ယခုရာသီမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အင္တာ မိုင္ယာမီ ပထမအသင္းရဲ႕ နည္းျပျဖစ္တဲ့ ဖီးလ္ နဗီးရဲ႕သား ဟာေဗးကလည္း ႐ိုမီယိုနဲ႔ အတူ အင္တာ မိုင္ယာမီ ဒုတိယအသင္းမွာ ေနာက္ခံကစားသမားအျဖစ္ ကစားေနတာ ျဖစ္ပါတယ္။

အင္တာ မိုင္ယာမီ ဒုတိယအသင္းဟာ လက္ရွိမွာ ေမဂ်ာလိဂ္ အေရွ႕ပိုင္းကြန္းဖရင့္ဇုန္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ကိုလံဘတ္စ္ ခ႐ူ ၂ နဲ႔ ၁၀ မွတ္အကြာ ၂၂ မွတ္ ရရွိထားတာျဖစ္ပါတယ္။

ေဒးဗစ္ ဘက္ဟမ္းက သားျဖစ္သူရဲ႕ အလြန္ေကာင္းမြန္တဲ့ တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းမႈကို အင္စတာဂရမ္စတိုရီမွာ “အရမ္းေကာင္းတယ္ ငါ့ေကာင္ႀကီး။ အရမ္း ဂုဏ္ယူမိပါတယ္”လို႔ တုံ႔ျပန္ခဲ့ၿပီး ႐ိုမီယိုက “အေဖ့ကို ခ်စ္တယ္။ ဒီဂိုးက အေဖ့အတြက္ပါ”လို႔ ျပန္လည္ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.