Other Leagues

ကွင်းထဲထိ ဆင်းမွှေခဲ့ပြီး ပင်နယ်တီမဝင်လို့ အသင်းပါဖျက်သိမ်းလိုက်တဲ့ အသင်းပိုင်ရှင်

ဘူဂေးရီးယားပရီးမီးယားလိဂ်နောက်ဆုံးနေ့မှာ ဝရုန်းသုန်းကားဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး အသင်းပိုင်ရှင်ဟာ ကွင်းထဲထိ ကျူးကျော်ဝင်ရောက်လာပြီး ဖိအားများတဲ့ ပင်နယ်တီကို ဘယ်သူကန်သွင်းရမလဲဆိုတာကို သတ်မှတ်ပေးခဲ့ပါတယ်။

Tsarsko Selo အသင်းဟာ efbet လိဂ်ရဲ့ ရာသီနောက်ဆုံးပွဲစဉ် တန်းဆင်း play-off ပွဲစဉ်အဖြစ် လိုကိုမိုးတစ် ဆိုဖီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲကစားချိန် နောက်ဆုံးမိနစ်အထိ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့တာဖြစ်ပါတယ်။ အန်းဒရီး ယော်ဒါနော့ဗ်က အိမ်ရှင်အသင်းအတွက် ၇၃ မိနစ်မှာ ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ Tsarsko Selo အသင်းက အဆုံးအဖြတ်ဖြစ်စေမယ့် ပင်နယ်တီပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရခဲ့တာဖြစ်ပါတယ်။

တကယ်လို့ Tsarsko Selo အသင်းသာ ပင်နယ်တီ ဝင်အောင် ကန်နိုင်ခဲ့ရင် တန်းဆင်းရမယ့်အရေးကနေ ရှောင်လွှဲနိုင်မှာဖြစ်ပြီး နောက်ထပ်တစ်ရာသီ ထိပ်တန်းလိဂ်မှာ ဆက်လက် ယှဉ်ပြိုင်ကစားနိုင်မှာ ဖြစ်ပါတယ်။ အေစီမီလန်အကယ်ဒမီမှာ ကစားခဲ့ဖူးတဲ့ ဂမ်ဘီယန် ယူဆွတ်ဖ ယက်ဖာက ပင်နယ်တီကန်သွင်းဖို့ ဘောလုံးကို ကောက်ယူခဲ့ပြီး ပင်နယ်တီကို ကန်သွင်းယူမယ်လို့ အခိုင်အမာ ပြောဆိုနေခဲ့တာဖြစ်ပါတယ်။

မာတင် ကက်ဗ်ဒန်စကီးက ပင်နယ်တီ ကန်သွင်းယူရမယ့်သူအဖြစ် သတ်မှတ်ထားပေမယ့်လည်း လုကန်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ မယုံနိုင်စရာကောင်းလောက်အောင်ပဲ အသင်းပိုင်ရှင် စတွိုင်း မာနိုလော့ဗ်က ကွင်းထဲကို ပြေးဝင်လာပြီး ကက်ဗ်ဒန်စကီးကို ပင်နယ်တီ ကန်သွင်းယူဖို့ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ယူဆွတ်ဖနဲ့ အသင်းပိုင်ရှင်ကြား ထိုးတော့မလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ မာနိုလော့ဗ်ရဲ့ ဆန္ဒအတိုင်းပဲ ကက်ဗ်ဒန်စကီးက ပင်နယ်တီကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရက်စက်တဲ့ ကံကြမ္မာလှည့်ကွက်ဖြစ်ခဲ့ပြီး ကက်ဗ်ဒန်စကီးရဲ့ ပင်နယ်တီ ကန်သွင်းမှုဟာ ကာကွယ်ခြင်း ခံခဲ့ရပြီး Tsarsko Selo အသင်းဟာ ဒုတိယတန်းကို တန်းဆင်းသွားခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အသင်းပိုင်ရှင် မာနိုလော့ဗ်ဟာ အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ချက်ချင်း ကြေညာသွားခဲ့ပြီး ထုတ်ပြန်ကြေညာချက်ထဲမှာ “အသင်းက ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့ ၃ နှစ်တာအချိန်ကာလကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ တည်ရှိမှုကို ရပ်တန့်ပြီး လာမယ့်ရာသီ ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲမှာ နောက်ထပ် ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ပြောရမယ့်အချိန်ရောက်ပါပြီ။ ကျွန်တော်တို့ အသင်းဖျက်သိမ်းကြောင်းကို အခု ကြေညာလိုက်ပြီဖြစ်တာကြောင့် BFU အုပ်စုအနေနဲ့ သင့်တော်တယ်လို့ မြင်ရင် နေရာယူနိုင်ပါတယ်။ ဘူဂေးရီးယားဘောလုံးလောကမှာ ငွေကြေးရင်းနှီးမြှုပ်နှံတာက ဆုံးရှုံးသွားဖို့ အလွယ်ကူဆုံးနည်းလမ်းပါပဲ”

“တိုးတက်လာစရာ ရေခံမြေခံမရှိပါဘူး။ စိတ်ကူးတွေနဲ့ ငွေကြေးတွေက အလဟဿဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ထိပ်သီးပြိုင်ပွဲမှာ ကောင်းမွန်တဲ့အခိုက်အတန့်တွေ လုံလောက်အောင်ရခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရမှာဖြစ်ပါတယ်။ အဲဒီလို မဖြစ်လာခင် ဒုတိယတန်းမှာ ယှဉ်ပြိုင်ကစားနေခဲ့တုန်းကတောင် ရခဲ့ပါတယ်။ ကျွန်တော် ကစားသမားတွေ၊ နည်းပြတွေနဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော် ဒီစွန့်စားခန်းကို အနိုင်နဲ့ အဆုံးသတ်ချင်ခဲ့ပြီး မာတင် ကက်ဗ်ဒန်စကီးက ကျွန်တော်တို့အသင်းကို အများကြီးပေးဆပ်ခဲ့တာကြောင့် ပင်နယ်တီကို ကန်ခွင့်ရဖို့အတွက် ထိုက်တန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘူေဂးရီးယားပရီးမီးယားလိဂ္ေနာက္ဆုံးေန႔မွာ ဝ႐ုန္းသုန္းကားျဖစ္ရပ္တစ္ခုျဖစ္ခဲ့ၿပီး အသင္းပိုင္ရွင္ဟာ ကြင္းထဲထိ က်ဴးေက်ာ္ဝင္ေရာက္လာၿပီး ဖိအားမ်ားတဲ့ ပင္နယ္တီကို ဘယ္သူကန္သြင္းရမလဲဆိုတာကို သတ္မွတ္ေပးခဲ့ပါတယ္။

Tsarsko Selo အသင္းဟာ efbet လိဂ္ရဲ့ ရာသီေနာက္ဆုံးပြဲစဥ္ တန္းဆင္း play-off ပြဲစဥ္အျဖစ္ လိုကိုမိုးတစ္ ဆိုဖီယာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္အထိ တစ္ဖက္ ၁ ဂိုးစီ သေရက်ေနခဲ့တာျဖစ္ပါတယ္။ အန္းဒရီး ေယာ္ဒါေနာ့ဗ္က အိမ္ရွင္အသင္းအတြက္ ၇၃ မိနစ္မွာ ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္ ေနာက္ဆုံးမိနစ္မွာ Tsarsko Selo အသင္းက အဆုံးအျဖတ္ျဖစ္ေစမယ့္ ပင္နယ္တီျပစ္ဒဏ္ေဘာ ကန္သြင္းခြင့္ရခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ Tsarsko Selo အသင္းသာ ပင္နယ္တီ ဝင္ေအာင္ ကန္နိုင္ခဲ့ရင္ တန္းဆင္းရမယ့္အေရးကေန ေရွာင္လႊဲနိုင္မွာျဖစ္ၿပီး ေနာက္ထပ္တစ္ရာသီ ထိပ္တန္းလိဂ္မွာ ဆက္လက္ ယွဥ္ၿပိဳင္ကစားနိုင္မွာ ျဖစ္ပါတယ္။ ေအစီမီလန္အကယ္ဒမီမွာ ကစားခဲ့ဖူးတဲ့ ဂမ္ဘီယန္ ယူဆြတ္ဖ ယက္ဖာက ပင္နယ္တီကန္သြင္းဖို႔ ေဘာလုံးကို ေကာက္ယူခဲ့ၿပီး ပင္နယ္တီကို ကန္သြင္းယူမယ္လို႔ အခိုင္အမာ ေျပာဆိုေနခဲ့တာျဖစ္ပါတယ္။

မာတင္ ကက္ဗ္ဒန္စကီးက ပင္နယ္တီ ကန္သြင္းယူရမယ့္သူအျဖစ္ သတ္မွတ္ထားေပမယ့္လည္း လုကန္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာေတာ့ မယုံနိုင္စရာေကာင္းေလာက္ေအာင္ပဲ အသင္းပိုင္ရွင္ စတြိဳင္း မာနိုေလာ့ဗ္က ကြင္းထဲကို ေျပးဝင္လာၿပီး ကက္ဗ္ဒန္စကီးကို ပင္နယ္တီ ကန္သြင္းယူဖို႔ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ယူဆြတ္ဖနဲ႔ အသင္းပိုင္ရွင္ၾကား ထိုးေတာ့မလို ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ မာနိုေလာ့ဗ္ရဲ့ ဆႏၵအတိုင္းပဲ ကက္ဗ္ဒန္စကီးက ပင္နယ္တီကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရက္စက္တဲ့ ကံၾကမၼာလွည့္ကြက္ျဖစ္ခဲ့ၿပီး ကက္ဗ္ဒန္စကီးရဲ့ ပင္နယ္တီ ကန္သြင္းမႈဟာ ကာကြယ္ျခင္း ခံခဲ့ရၿပီး Tsarsko Selo အသင္းဟာ ဒုတိယတန္းကို တန္းဆင္းသြားခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ အသင္းပိုင္ရွင္ မာနိုေလာ့ဗ္ဟာ အသင္းကို ဖ်က္သိမ္းလိုက္ၿပီျဖစ္တယ္လို႔ ခ်က္ခ်င္း ေၾကညာသြားခဲ့ၿပီး ထုတ္ျပန္ေၾကညာခ်က္ထဲမွာ “အသင္းက ပရီးမီးယားလိဂ္မွာ ေကာင္းမြန္တဲ့ ၃ ႏွစ္တာအခ်ိန္ကာလကို ပိုင္ဆိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အသင္းရဲ့ တည္ရွိမႈကို ရပ္တန႔္ၿပီး လာမယ့္ရာသီ ပေရာ္ဖက္ရွင္နယ္ေဘာလုံးၿပိဳင္ပြဲမွာ ေနာက္ထပ္ ပါဝင္ယွဥ္ၿပိဳင္ေတာ့မွာမဟုတ္ဘူးလို႔ ေျပာရမယ့္အခ်ိန္ေရာက္ပါၿပီ။ ကၽြန္ေတာ္တို႔ အသင္းဖ်က္သိမ္းေၾကာင္းကို အခု ေၾကညာလိုက္ၿပီျဖစ္တာေၾကာင့္ BFU အုပ္စုအေနနဲ႔ သင့္ေတာ္တယ္လို႔ ျမင္ရင္ ေနရာယူနိုင္ပါတယ္။ ဘူေဂးရီးယားေဘာလုံးေလာကမွာ ေငြေၾကးရင္းႏွီးျမႇုပ္ႏွံတာက ဆုံးရႈံးသြားဖို႔ အလြယ္ကူဆုံးနည္းလမ္းပါပဲ”

“တိုးတက္လာစရာ ေရခံေျမခံမရွိပါဘူး။ စိတ္ကူးေတြနဲ႔ ေငြေၾကးေတြက အလဟႆျဖစ္ခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ထိပ္သီးၿပိဳင္ပြဲမွာ ေကာင္းမြန္တဲ့အခိုက္အတန႔္ေတြ လုံေလာက္ေအာင္ရခဲ့တယ္ဆိုတာကိုေတာ့ ဝန္ခံရမွာျဖစ္ပါတယ္။ အဲဒီလို မျဖစ္လာခင္ ဒုတိယတန္းမွာ ယွဥ္ၿပိဳင္ကစားေနခဲ့တုန္းကေတာင္ ရခဲ့ပါတယ္။ ကၽြန္ေတာ္ ကစားသမားေတြ၊ နည္းျပေတြနဲ႔ ဝန္ထမ္းအားလုံးကို ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္ ဒီစြန႔္စားခန္းကို အနိုင္နဲ႔ အဆုံးသတ္ခ်င္ခဲ့ၿပီး မာတင္ ကက္ဗ္ဒန္စကီးက ကၽြန္ေတာ္တို႔အသင္းကို အမ်ားႀကီးေပးဆပ္ခဲ့တာေၾကာင့္ ပင္နယ္တီကို ကန္ခြင့္ရဖို႔အတြက္ ထိုက္တန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.