Bundesliga Premier League

မာနေးရဲ့ထွက်ခွာမှုကို အသေးစိတ်ထုတ်ပြောလာတဲ့ ကလော့ပ်

လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဆာဒီယို မာနေးဟာ ယခုနွေရာသီမှာ အန်းဖီးကနေ ချစ်ချစ်ခင်ခင်နဲ့ ထွက်ခွာသွားတဲ့အတွက် နည်းပြ ယာဂန် ကလော့ပ်ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

ဆာဒီယို မာနေးဟာ ပြီးခဲ့တဲ့ ၆ ရာသီအတွင်း လီဗာပူးလ်အသင်းအတွက် ၂၆၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂၀ သွင်းယူပေးခဲ့ပြီးနောက် ယခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၃၆ သန်းအထိ မြင့်တက်နိုင်တဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

မာနေးဟာ အန်းဖီးမှာ ရှိခဲ့တဲ့ကာလအတွင်း ဆုဖလား ၆ လုံးအထိ ရရှိခဲ့ပြီး ကလော့ပ်က ၎င်းရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်ခဲ့တဲ့ ဆီနီဂေါကြယ်ပွင့်ရဲ့ ကိုယ့်ကိုကိုယ် ပြန်လည်တီထွင်ဆန်းသစ်နိုင်စွမ်းရှိမှုကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ဆာဒီယို၊ ကျွန်တော်တို့ ဆာဒီယိုနဲ့ပတ်သက်ပြီး ဘာပြောနိုင်မှာလဲ။ အရမ်းကောင်းတဲ့ကစားသမား။ ကမ္ဘာ့အဆင့် ကစားသမားပေါ့။ သူနဲ့ ကျွန်တော်တို့ သူ့ကို ပြီးခဲ့တဲ့ရာသီမှာ ကျောနံပါတ် ၉ အဖြစ် ပြန်လည်တီထွင်ဆန်းသစ်ခဲ့ပြီး သူ ထူးထူးချွန်ချွန်ပဲ ကစားနိုင်ခဲ့ပါတယ်။ အခု ဖြစ်သွားတဲ့ပုံစံကို ကျွန်တော် နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက လုံးဝကို ရှင်းလင်းခဲ့လို့ပါ”

“ကျွန်တော်တို့ ကြိုသိခဲ့တယ်။ သူ ကျွန်တော်တို့ကို ပြောခဲ့တယ်။ သူ့အေးဂျင့်က ကျွန်တော်တို့ကို ပြောခဲ့တယ်။ သူတို့တွေ အသင်းကို စွန့်ခွာချင်တယ်။ သူတို့တွေ စိန်ခေါ်မှုအသစ် ရှာဖွေဖို့ အသင်းသစ်ကို ရှာဖွေချင်တယ်ဆိုတာပေါ့။ အဲဒါက ဘယ်တုန်းကမှ လွယ်ကူတဲ့ ညှိနှိုင်းဆွေးနွေးမှုဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ငွေအကြောင်း မပြောခင်အထိ အားလုံး အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီငွေကပဲ တကယ်ကို ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး အန်းဖီးမှာရှိခဲ့တဲ့ကာလအတွင်း လီဗာပူးလ်ပရိသတ်တွေအတွက် သူရဲကောင်းတစ်ဦးဖြစ်ခဲ့တာကြောင့် ပရိသတ်တွေအားလုံးရဲ့ ဆုမွန်ကောင်းတောင်းပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

“သူ ပိုင်ဆိုင်ခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ဆိုရင် လီဗာပူးလ်ဂန္တဝင်အဖြစ်ရော၊ ပရီးမီးယားလိဂ်ရဲ့ တသက်တာအကောင်းဆုံကစားသမားတွေထဲက တစ်ဦးလို့ပါ ကျွန်တော် ပြောရပါလိမ့်မယ်။ ထူးခြားဆန်းကြယ်တဲ့ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီတော့ သူ ရှိနေချင်တဲ့ကလပ်မှာ ရှိနေပြီဖြစ်တဲ့အတွက် သူ့အတွက် ဝမ်းသာပါတယ်။ သူ လုပ်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျွန်တော်တို့ အရမ်း ကျေးဇူးတင်ပါတယ်။ အခု သူ တခြားကလပ်မှာ ရှိနေပါပြီ”လို့ လီဗာပူးလ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း ဆာဒီယို မာေနးဟာ ယခုေႏြရာသီမွာ အန္းဖီးကေန ခ်စ္ခ်စ္ခင္ခင္နဲ႔ ထြက္ခြာသြားတဲ့အတြက္ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ခ်ီးက်ဴးျခင္းကို ခံခဲ့ရပါတယ္။

ဆာဒီယို မာေနးဟာ ၿပီးခဲ့တဲ့ ၆ ရာသီအတြင္း လီဗာပူးလ္အသင္းအတြက္ ၂၆၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂၀ သြင္းယူေပးခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ေပါင္ ၃၆ သန္းအထိ ျမင့္တက္ႏိုင္တဲ့ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၉ သန္းနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

မာေနးဟာ အန္းဖီးမွာ ရွိခဲ့တဲ့ကာလအတြင္း ဆုဖလား ၆ လုံးအထိ ရရွိခဲ့ၿပီး ကေလာ့ပ္က ၎ရဲ႕ ပထမဆုံး ကစားသမားေခၚယူမႈျဖစ္ခဲ့တဲ့ ဆီနီေဂါၾကယ္ပြင့္ရဲ႕ ကိုယ့္ကိုကိုယ္ ျပန္လည္တီထြင္ဆန္းသစ္ႏိုင္စြမ္းရွိမႈကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“ဆာဒီယို၊ ကြၽန္ေတာ္တို႔ ဆာဒီယိုနဲ႔ပတ္သက္ၿပီး ဘာေျပာႏိုင္မွာလဲ။ အရမ္းေကာင္းတဲ့ကစားသမား။ ကမာၻ႔အဆင့္ ကစားသမားေပါ့။ သူနဲ႔ ကြၽန္ေတာ္တို႔ သူ႔ကို ၿပီးခဲ့တဲ့ရာသီမွာ ေက်ာနံပါတ္ ၉ အျဖစ္ ျပန္လည္တီထြင္ဆန္းသစ္ခဲ့ၿပီး သူ ထူးထူးခြၽန္ခြၽန္ပဲ ကစားႏိုင္ခဲ့ပါတယ္။ အခု ျဖစ္သြားတဲ့ပုံစံကို ကြၽန္ေတာ္ ႏွစ္သက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက လုံးဝကို ရွင္းလင္းခဲ့လို႔ပါ”

“ကြၽန္ေတာ္တို႔ ႀကိဳသိခဲ့တယ္။ သူ ကြၽန္ေတာ္တို႔ကို ေျပာခဲ့တယ္။ သူ႔ေအးဂ်င့္က ကြၽန္ေတာ္တို႔ကို ေျပာခဲ့တယ္။ သူတို႔ေတြ အသင္းကို စြန႔္ခြာခ်င္တယ္။ သူတို႔ေတြ စိန္ေခၚမႈအသစ္ ရွာေဖြဖို႔ အသင္းသစ္ကို ရွာေဖြခ်င္တယ္ဆိုတာေပါ့။ အဲဒါက ဘယ္တုန္းကမွ လြယ္ကူတဲ့ ညႇိႏႈိင္းေဆြးေႏြးမႈျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ေငြအေၾကာင္း မေျပာခင္အထိ အားလုံး အဆင္ေျပခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီေငြကပဲ တကယ္ကို ေကာင္းေကာင္း အလုပ္ျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆာဒီယို မာေနးဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ေက်ာနံပါတ္ ၁၇ ကို ဝတ္ဆင္ကစားသြားမွာျဖစ္ၿပီး အန္းဖီးမွာရွိခဲ့တဲ့ကာလအတြင္း လီဗာပူးလ္ပရိသတ္ေတြအတြက္ သူရဲေကာင္းတစ္ဦးျဖစ္ခဲ့တာေၾကာင့္ ပရိသတ္ေတြအားလုံးရဲ႕ ဆုမြန္ေကာင္းေတာင္းေပးျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

“သူ ပိုင္ဆိုင္ခဲ့တဲ့ ကိန္းဂဏန္းေတြနဲ႔ဆိုရင္ လီဗာပူးလ္ဂႏၲဝင္အျဖစ္ေရာ၊ ပရီးမီးယားလိဂ္ရဲ႕ တသက္တာအေကာင္းဆုံကစားသမားေတြထဲက တစ္ဦးလို႔ပါ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ ထူးျခားဆန္းၾကယ္တဲ့ပုဂၢိဳလ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲဒီေတာ့ သူ ရွိေနခ်င္တဲ့ကလပ္မွာ ရွိေနၿပီျဖစ္တဲ့အတြက္ သူ႔အတြက္ ဝမ္းသာပါတယ္။ သူ လုပ္ေပးခဲ့တဲ့အရာအားလုံးအတြက္ ကြၽန္ေတာ္တို႔ အရမ္း ေက်းဇူးတင္ပါတယ္။ အခု သူ တျခားကလပ္မွာ ရွိေနပါၿပီ”လို႔ လီဗာပူးလ္ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.