Premier League

မန်ယူနိုက်တက်ကို လူသိရှင်ကြား သရော်ပြီး စိန်ခေါ်လိုက်တဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူးသစ် အာလင်း ဟာလန်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရင်ဆိုင်ရဖို့ကို စောင့်မျှော်နေပေမယ့်လည်း မြို့ခံပြိုင်ဘက်အသင်းရဲ့ နာမည်ကို မပြောချင်ဘူးလို့ ဟာသဖောက်ခဲ့ပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကို တနင်္ဂနွေနေ့နေ့လယ် အစ်တီဟတ် ကွင်းအပြင်ဘက်မှာ ကျင်းပခဲ့တဲ့ပွဲမှာ ပရိသတ်တွေအားလုံးရှေ့မှာ ထုတ်ဖော်မိတ်ဆက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ တိုက်စစ်မှူးသစ်ကို မေးခွန်းတွေ မေးမြန်းဖို့အတွက် အခွင့်အရေး ရရှိခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ဘယ်အသင်းနဲ့ ရင်အဆိုင်ချင်ဆုံးလဲလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး စက္ကန့်ပိုင်းအကြာမှာ နော်ဝေတိုက်စစ်မှူးက အဖြေကို အားလုံးသိအောင် ပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် နာမည်ကိုတော့ မပြောချင်ပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ပါ”လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ပွဲကို တက်ရောက်လာတဲ့ ပရိသတ်တွေက လက်ခုပ်လက်ဝါးတီးခဲ့တာကြောင့် အားရပါးရ ရယ်မောခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဟာလန်းဟာ လာမယ့်ရာသီ မန်စီးတီးအသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ရာသီမှာ ၄ ရာသီအထိ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းကို ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို ဦးဆောင်သွားဖို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ဖလား တစ်ကြိမ်မှ မရရှိဖူးတဲ့အသင်း ဖြစ်ပါတယ်။ ဟာလန်းဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာကြောင့် လာလီဂါကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေါ့မွန်ကြယ်ပွင့်ဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အတွင်း ၎င်းရဲ့ ဖခင်ဖြစ်သူ ကစားခဲ့ဖူးတဲ့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဘာကြောင့် အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ “ကျွန်တော် ၅ နှစ်သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အဲဒီကနေ စရမှာပါ။ အဆုံးမှာတော့ ကျွန်တော့်ရင်ထဲမှာ ခံစားချက်တစ်ခုရှိခဲ့တယ်။ သူတို့ ကစားတဲ့ပုံစံနဲ့ပတ်သက်တဲ့ ခံစားချက်ပေါ့။ အရာအားလုံးပါပဲ”

“စီးတီးအတွက် ကျွန်တော့်မှာ ခံစားချက်ရှိခဲ့ပါတယ်။ ကျွန်တော် သူတို့နဲ့ ပြီးခဲ့တဲ့နှစ်မှာ ရင်ဆိုင်ကစားခဲ့ပြီး ခင်ဗျား တီဗွီထဲက မြင်တွေ့ထားတဲ့အသင်းနဲ့ လုံးဝကို မတူညီတဲ့အသင်းနဲ့ တွေ့ဆုံရတာပါ။ ကျွန်တော် ၂၅ မိနစ်လောက် ဘောလုံးမထိရဘဲ နေနေခဲ့ရပြီး ဂန်ဒိုဝမ်ရေ တီကီ-တာကာ ကစားနေတာ ကျေးဇူးပြုပြီး ရပ်ပါတော့ဆိုပြီးတော့တောင် တွေးမိတယ်။ အဲဒါက သူတို့တွေ ကစားတဲ့ပုံစံက မတူညီတဲ့အဆင့်အတန်းဖြစ်ပြီး အဲဒါက ကျွန်တော် တစ်စိတ်တပိုင်းအဖြစ် ပါဝင်ကစားချင်တဲ့အရာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးတိုက္စစ္မႉးသစ္ အာလင္း ဟာလန္းဟာ လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံရင္ဆိုင္ရဖို႔ကို ေစာင့္ေမွ်ာ္ေနေပမယ့္လည္း ၿမိဳ႕ခံၿပိဳင္ဘက္အသင္းရဲ႕ နာမည္ကို မေျပာခ်င္ဘူးလို႔ ဟာသေဖာက္ခဲ့ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးကို တနဂၤေႏြေန႔ေန႔လယ္ အစ္တီဟတ္ ကြင္းအျပင္ဘက္မွာ က်င္းပခဲ့တဲ့ပြဲမွာ ပရိသတ္ေတြအားလုံးေရွ႕မွာ ထုတ္ေဖာ္မိတ္ဆက္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ တိုက္စစ္မႉးသစ္ကို ေမးခြန္းေတြ ေမးျမန္းဖို႔အတြက္ အခြင့္အေရး ရရွိခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ဘယ္အသင္းနဲ႔ ရင္အဆိုင္ခ်င္ဆုံးလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ၿပီး စကၠန႔္ပိုင္းအၾကာမွာ ေနာ္ေဝတိုက္စစ္မႉးက အေျဖကို အားလုံးသိေအာင္ ေပးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ နာမည္ကိုေတာ့ မေျပာခ်င္ပါဘူး။ ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ပါ”လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ပြဲကို တက္ေရာက္လာတဲ့ ပရိသတ္ေတြက လက္ခုပ္လက္ဝါးတီးခဲ့တာေၾကာင့္ အားရပါးရ ရယ္ေမာခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဟာလန္းဟာ လာမယ့္ရာသီ မန္စီးတီးအသင္းမွာ ေက်ာနံပါတ္ ၉ ကို ဝတ္ဆင္ကစားသြားမွာ ျဖစ္ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၅ ရာသီမွာ ၄ ရာသီအထိ ခ်န္ပီယံျဖစ္ခဲ့တဲ့ မန္စီးတီးအသင္းကို ပိုမိုျမင့္မားတဲ့ အဆင့္တစ္ခုကို ဦးေဆာင္သြားဖို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ အသင္းသမိုင္းတေလွ်ာက္ ခ်န္ပီယံလိဂ္ဖလား တစ္ႀကိမ္မွ မရရွိဖူးတဲ့အသင္း ျဖစ္ပါတယ္။ ဟာလန္းဟာ ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရတာေၾကာင့္ လာလီဂါကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဒါ့မြန္ၾကယ္ပြင့္ဟာ ၂၀၀၀ ခုႏွစ္ကေန ၂၀၀၃ ခုႏွစ္အတြင္း ၎ရဲ႕ ဖခင္ျဖစ္သူ ကစားခဲ့ဖူးတဲ့ မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ဘာေၾကာင့္ အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္ခဲ့တာလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။ “ကြၽန္ေတာ္ ၅ ႏွစ္သေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အဲဒီကေန စရမွာပါ။ အဆုံးမွာေတာ့ ကြၽန္ေတာ့္ရင္ထဲမွာ ခံစားခ်က္တစ္ခုရွိခဲ့တယ္။ သူတို႔ ကစားတဲ့ပုံစံနဲ႔ပတ္သက္တဲ့ ခံစားခ်က္ေပါ့။ အရာအားလုံးပါပဲ”

“စီးတီးအတြက္ ကြၽန္ေတာ့္မွာ ခံစားခ်က္ရွိခဲ့ပါတယ္။ ကြၽန္ေတာ္ သူတို႔နဲ႔ ၿပီးခဲ့တဲ့ႏွစ္မွာ ရင္ဆိုင္ကစားခဲ့ၿပီး ခင္ဗ်ား တီဗြီထဲက ျမင္ေတြ႕ထားတဲ့အသင္းနဲ႔ လုံးဝကို မတူညီတဲ့အသင္းနဲ႔ ေတြ႕ဆုံရတာပါ။ ကြၽန္ေတာ္ ၂၅ မိနစ္ေလာက္ ေဘာလုံးမထိရဘဲ ေနေနခဲ့ရၿပီး ဂန္ဒိုဝမ္ေရ တီကီ-တာကာ ကစားေနတာ ေက်းဇူးျပဳၿပီး ရပ္ပါေတာ့ဆိုၿပီးေတာ့ေတာင္ ေတြးမိတယ္။ အဲဒါက သူတို႔ေတြ ကစားတဲ့ပုံစံက မတူညီတဲ့အဆင့္အတန္းျဖစ္ၿပီး အဲဒါက ကြၽန္ေတာ္ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ကစားခ်င္တဲ့အရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.