Bundesliga La Liga Ligue1 Premier League Transfer News

ကမ္ဘာတလွှား နွေရာသီဈေးကွက်ထဲက နောက်ဆုံးအခြေအနေများ

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဲဗာတန်နဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ရစ်ချာလီဆန်ဟာ လာမယ့်ရာသီမှာ မြောက်လန်ဒန်ကလပ်အသင်းအတွက် ကစားပေးတော့မှာဖြစ်ပြီး နောက်ဆုံးမှာတော့ ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးလ်ကြယ်ပွင့် နေမာကို ယခုနွေရာသီမှာ ရောင်းထုတ်သွားချင်နေတယ်လို့ သိရပြီး လိဂန်းထိပ်သီးအသင်းကြီးဟာ နေမာကို လာမယ့်သောကြာနေ့မတိုင်ခင် မရောင်းထုတ်နိုင်ရင် စာချုပ်ပါ အချက်အရ တစ်ပတ်လုပ်ခလစာ ပေါင် ၆ သိန်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးရမှာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းကလည်း ဆယ်ကျော်သက်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ကို ခေါ်ယူချင်တဲ့အသင်းတွေကို ပေါင် ၁၀၃ သန်းအောက်ဆိုရင် စဉ်းစားမှာမဟုတ်ဘူးလို့ အဖြေပေးလိုက်ပြီး ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကို ပေါင် ၄၃ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ် စတဲ့သတင်းတွေအပြင် နောက်ဆုံးရ နွေရာသီအပြောင်းအရွှေ့ဈေးကွက် အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။

-မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို လာမယ့်ရာသီ ပီအက်စ်ဂျီအသင်းမှာ အတူတူကစားတာကို မြင်တွေ့ရဖို့ မဖြစ်နိုင်ဘူးလို့ စတိဗ် မက်မာနာမန်းက ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရော်နယ်လ်ဒိုကို လိုအပ်မှာမဟုတ်ဘဲ ကမ္ဘာ့ဖလားမစခင် ၃ လလောက်အလိုမှာ တသက်တာအကောင်းဆုံးကစားသမား ၂ ဦးကို တစ်သင်းထဲမှာ အတူတူကစားတာကို မြင်တွေ့ရဖို့က သတင်းစာဆောင်းပါးရှင်တွေရဲ့ အိပ်မက်သာဖြစ်နိုင်တယ်လို့ ပြောကြားခဲ့။

-ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ဂျူဗင်တပ်နောက်ခံလူ မက်သိုက် ဒီလစ်ချ်ရဲ့ ပိုမိုပြောင်းရွှေ့နိုင်တဲ့ နေရာတွေအဖြစ် ပေါ်ထွက်လာခဲ့ပြီး ဒတ်ချ်နောက်ခံလူဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေကို ရပ်တန့်လိုက်ပြီလို့ BILD သတင်းထောက် ခရစ်ရှန် ဖော့ခ်က ပြောကြားခဲ့ပါတယ်။ ဒီလစ်ချ်ရဲ့ ကိုယ်စားလှယ်တွေဟာ ၎င်းတို့ရဲ့ ကစာသးမားကို ဘာစီလိုနာ သို့မဟုတ် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့စေချင်တဲ့ ဆန္ဒရှိနေတယ်လို့ ခရစ်ရှန် ဖော့ခ်က ပြောကြားခဲ့။

-နိစ်နောက်ခံကစားသမား တိုဒီဘိုဟာ ပြီးခဲ့တဲ့ရာသီ အသင်းကို ယူရိုပါကွန်းဖရင့်လိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်လ်တို့ရဲ့ အပြိုင်လုခြင်းကို ခံနေရပြီး အခြား ဥရောပအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ Foot Mercato က ဖော်ပြခဲ့။

-အာဆင်နယ်အသင်းဟာ ဘင်ဖီကာနောက်ခံလူ အဲလက်စ် ဂရီမယ်လ်ဒိုကို စောင့်ကြည့်နေပြီး ကီရန် တီယာနီရဲ့ နေရာမှာ ဖြည့်ကစားနိုင်မယ့်သူလို့ ရှုမြင်ထားကြောင်း Record က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ ကစားသမားရဲ့အေးဂျင့်ကို အပြောင်းအရွှေ့ ပြုလုပ်နိုင်မလားဆိုတာကို သိရဖို့ ချဉ်းကပ်ခဲ့ပြီးဖြစ်ပေမယ့် ဂရီမယ်လ်ဒိုအတွက် အခြားဥရောပအသင်းအများအပြားဆီကနေ ယှဉ်ပြိုင်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ သိရ။

-ချဲလ်ဆီးအသင်းဟာ ရော်နယ်လ်ဒိုအတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ရာဟင်း စတားလင်းကို ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ပေါ်တူဂီကြယ်ပွင့်ကို နောက်ထပ်ခေါ်ယူမှုအဖြစ် လုပ်ဆောင်သွားဖို့ စီစဉ်နေတာလို့ Football Insider က ဖော်ပြခဲ့ပါတယ်။ တူဟယ်ရဲ့အသင်းဟာ အသက် ၃၇ နှစ်အရွယ် ကစားသမားအတွက် မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၁၄ သန်းနဲ့ ကမ်းလှမ်းသွားမှာဖြစ်ပြီး တူဟယ်နဲ့ တော့ဒ် ဘိုလီတို့ ဆွေးနွေးခဲ့ပြီးနောက် အပြောင်းအရွှေ့ကို တွန်းအားပေးလုပ်ဆောင်သွားတော့မှာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အဲဗာတန္နဲ႔ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၅၀ နဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ ရစ္ခ်ာလီဆန္ဟာ လာမယ့္ရာသီမွာ ေျမာက္လန္ဒန္ကလပ္အသင္းအတြက္ ကစားေပးေတာ့မွာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ခ်န္ပီယံလိဂ္မွာ ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဘရာဇီးလ္ၾကယ္ပြင့္ ေနမာကို ယခုေႏြရာသီမွာ ေရာင္းထုတ္သြားခ်င္ေနတယ္လို႔ သိရၿပီး လိဂန္းထိပ္သီးအသင္းႀကီးဟာ ေနမာကို လာမယ့္ေသာၾကာေန႔မတိုင္ခင္ မေရာင္းထုတ္ႏိုင္ရင္ စာခ်ဳပ္ပါ အခ်က္အရ တစ္ပတ္လုပ္ခလစာ ေပါင္ ၆ သိန္းနဲ႔ ၂၀၂၇ ခုႏွစ္အထိ သက္တမ္းတိုးရမွာျဖစ္ပါတယ္။

ေဒါ့မြန္အသင္းကလည္း ဆယ္ေက်ာ္သက္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို ေခၚယူခ်င္တဲ့အသင္းေတြကို ေပါင္ ၁၀၃ သန္းေအာက္ဆိုရင္ စဥ္းစားမွာမဟုတ္ဘူးလို႔ အေျဖေပးလိုက္ၿပီး ဘာစီလိုနာအသင္းဟာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးကို ေပါင္ ၄၃ သန္းဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ စတဲ့သတင္းေတြအျပင္ ေနာက္ဆုံးရ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ အေျခအေနေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

-မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို လာမယ့္ရာသီ ပီအက္စ္ဂ်ီအသင္းမွာ အတူတူကစားတာကို ျမင္ေတြ႕ရဖို႔ မျဖစ္ႏိုင္ဘူးလို႔ စတိဗ္ မက္မာနာမန္းက ေျပာၾကားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ေရာ္နယ္လ္ဒိုကို လိုအပ္မွာမဟုတ္ဘဲ ကမာၻ႔ဖလားမစခင္ ၃ လေလာက္အလိုမွာ တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးကို တစ္သင္းထဲမွာ အတူတူကစားတာကို ျမင္ေတြ႕ရဖို႔က သတင္းစာေဆာင္းပါးရွင္ေတြရဲ႕ အိပ္မက္သာျဖစ္ႏိုင္တယ္လို႔ ေျပာၾကားခဲ့။

-ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ဟာ ဂ်ဴဗင္တပ္ေနာက္ခံလူ မက္သိုက္ ဒီလစ္ခ်္ရဲ႕ ပိုမိုေျပာင္းေ႐ႊ႕ႏိုင္တဲ့ ေနရာေတြအျဖစ္ ေပၚထြက္လာခဲ့ၿပီး ဒတ္ခ်္ေနာက္ခံလူဟာ လက္ရွိမွာ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြကို ရပ္တန႔္လိုက္ၿပီလို႔ BILD သတင္းေထာက္ ခရစ္ရွန္ ေဖာ့ခ္က ေျပာၾကားခဲ့ပါတယ္။ ဒီလစ္ခ်္ရဲ႕ ကိုယ္စားလွယ္ေတြဟာ ၎တို႔ရဲ႕ ကစာသးမားကို ဘာစီလိုနာ သို႔မဟုတ္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ေစခ်င္တဲ့ ဆႏၵရွိေနတယ္လို႔ ခရစ္ရွန္ ေဖာ့ခ္က ေျပာၾကားခဲ့။

-နိစ္ေနာက္ခံကစားသမား တိုဒီဘိုဟာ ၿပီးခဲ့တဲ့ရာသီ အသင္းကို ယူ႐ိုပါကြန္းဖရင့္လိဂ္ဝင္ခြင့္ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ နယူးကာဆယ္လ္တို႔ရဲ႕ အၿပိဳင္လုျခင္းကို ခံေနရၿပီး အျခား ဥေရာပအသင္းေတြကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနၾကတယ္လို႔ Foot Mercato က ေဖာ္ျပခဲ့။

-အာဆင္နယ္အသင္းဟာ ဘင္ဖီကာေနာက္ခံလူ အဲလက္စ္ ဂရီမယ္လ္ဒိုကို ေစာင့္ၾကည့္ေနၿပီး ကီရန္ တီယာနီရဲ႕ ေနရာမွာ ျဖည့္ကစားႏိုင္မယ့္သူလို႔ ရႈျမင္ထားေၾကာင္း Record က ေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္ဟာ ကစားသမားရဲ႕ေအးဂ်င့္ကို အေျပာင္းအေ႐ႊ႕ ျပဳလုပ္ႏိုင္မလားဆိုတာကို သိရဖို႔ ခ်ဥ္းကပ္ခဲ့ၿပီးျဖစ္ေပမယ့္ ဂရီမယ္လ္ဒိုအတြက္ အျခားဥေရာပအသင္းအမ်ားအျပားဆီကေန ယွဥ္ၿပိဳင္မႈေတြ ရင္ဆိုင္ရႏိုင္တယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းဟာ ေရာ္နယ္လ္ဒိုအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေနၿပီျဖစ္ၿပီး ရာဟင္း စတားလင္းကို ေပါင္ ၄၅ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္တာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္ကို ေနာက္ထပ္ေခၚယူမႈအျဖစ္ လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတာလို႔ Football Insider က ေဖာ္ျပခဲ့ပါတယ္။ တူဟယ္ရဲ႕အသင္းဟာ အသက္ ၃၇ ႏွစ္အ႐ြယ္ ကစားသမားအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေပါင္ ၁၄ သန္းနဲ႔ ကမ္းလွမ္းသြားမွာျဖစ္ၿပီး တူဟယ္နဲ႔ ေတာ့ဒ္ ဘိုလီတို႔ ေဆြးေႏြးခဲ့ၿပီးေနာက္ အေျပာင္းအေ႐ႊ႕ကို တြန္းအားေပးလုပ္ေဆာင္သြားေတာ့မွာျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.