Premier League Transfer News

ဂိုးသမား ရောင်းပြီး တောင်ပံသမား နာမည်ကြီးတွေ လိုက်ချိတ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နံပါတ်တစ် ဂိုးသမားဟောင်း ဘန်းဒ် လီနိုကို ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖို့ နီးစပ်နေပြီဖြစ်ပြီး ပရီးမီးယားလိဂ် တန်းတက် ဖူလ်ဟမ်အသင်းဆီ ပေါင် ၁၀ သန်းဝန်းကျင်နဲ့ လက်လွှတ်သွားဖို့ ရှိနေသလို ဂျာမန်သားရဲ့ အမ်းမရိတ် တစ်ခေတ်ကတော့ ပြည်ဖုံးကားချဖို့ ရှိနေပြီပဲဖြစ်ပါတယ်။

အမှားများပြီး လေးလံနေခဲ့တဲ့ ပီတာချက်ရဲ့ ပွဲထွက်နေရာကို လုယူနိုင်ခဲ့ပြီး မမြဲတဲ့ အနိစ္စသဘောအရ အာရွန် ရမ်းစ်ဒေးလ်ဆီကို ဆိုးရွားတဲ့ လက်စွမ်းတွေကြောင့် နေရာလွှဲပေးခဲ့ရတဲ့ အသက် ၃၀ အရွယ် ဂျာမန်ဂိုးသမားဟာ အာဆင်နယ်အသင်းမှာ လေးနှစ်ကြာ ကစားအပြီးမှာတော့ လန်ဒန်မြို့မှာ ဆက်နေပြီး ပြိုင်ဘက်တစ်သင်းနဲ့ လက်တွဲဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေလည်း ရရှိထားခဲ့တာပါ။

အာဆင်နယ်ပရိသတ်တွေအတွက်တော့ လီနိုကို ကြိုက်နှစ်သက်တဲ့သူ အများအပြားရှိနေခဲ့လို့ လမ်းခွဲမှုက ဝမ်းနည်းစရာဖြစ်နေခဲ့ပြီး ကျောနံပါတ် ၁ ကိုပါ လွှဲပြောင်းရယူနိုင်တဲ့ ရမ်းစ်ဒေးလ်ကိုလည်း ဂိုးသမားသစ် မတ် တာနာက ဖိအားမပေးနိုင်မှာ စိုးရိမ်စရာဖြစ်နေခဲ့ပေမယ့် အပြောင်းအလဲတွေကတော့ ကြုံရတော့မှာလည်းဖြစ်ပါတယ်။

ဒီကနေ ရရှိမယ့် ငွေကြေးကိုတော့ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေပြီး နီကိုလာ ပေပေကို ရောင်းထုတ်သွားမယ့် တောင်ပံတိုက်စစ်အတွက် နာမည်ကြီး ကစားသမားနှစ်ဦးနဲ့ တက်သစ်စ ကစားသမားတစ်ဦးကို အာဆင်နယ်တို့ စောင့်ကြည့်နေခဲ့သလို လာမယ့် နုရင်ဘတ်နဲ့ ပွဲစဉ်မှာ လူငယ်လူသစ် မားကင်ညို့စ် ဘယ်လောက် အားကိုးရမလဲဆိုတာကိုတော့ အရင်အကဲဖြတ်ပြီးမှ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။

နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ အဝယ်စာရင်းမှာတော့ သူ့ရဲ့ ဘရာဇီးလ်သားတစ်ဦးဖြစ်တဲ့ လီယွန်တောင်ပံသမား လူးကပ်စ် ပါကေးတာ ပါဝင်နေပြီး ထိပ်တန်းပစ်မှတ်အဖြစ် ရာဖင်ညာရဲ့ အလွန်မှာ ရှုမြင်ထားသလို ဘယ်သန်ကစားသမားတစ်ဦးအနေနဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ Inverted Winger လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရှိနေတာပါ။

အရန်ပစ်မှတ်တွေအဖြစ်တော့ နယူးကာဆယ်လ်တို့ စိတ်ဝင်စားနေတဲ့ လေဗာကူဆင်တောင်ပံသမား မူဆာ ဒီယာဘီနဲ့ လီလ်တောင်ပံသမား အီဒွန် ဇီဂရိုဗာတို့ကို စောင့်ကြည့်နေပြီး ပြင်သစ်လက်ရွေးစင် ဒီယာဘီအတွက် ပေါင်သန်း ၅၀ လောက် ကုန်ကျနိုင်ပေမယ့် ကိုဆိုဗိုသား ဇီဂရိုဗာကိုတော့ ပေါင် ၅ သန်းလောက်နဲ့ ရရှိနိုင်မှာဖြစ်သလို ကမ်းလှမ်းထားတယ်လို့ပါ သတင်းထွက်နေပါတယ်။

နည်းပြ အာတီတာအနေနဲ့ ဘယ်နောက်ခံလူတစ်ဦးကိုလည်း အလိုရှိနေတဲ့အတွက် ခေါ်ယူသွားဖို့ နီးစပ်နေပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ ဘင်ဖီကာရဲ့ စပိန်သား အဲလက်စ် ဂရီမယ်လ်ဒိုကို ကမ်းလှမ်းဖို့ ရှိနေသလို လက်စတာကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကိုလည်း အပြီးသတ် ဆောင်ရွက်ဖို့ ရှိနေတာပါ။

အသင်းကနေ ပိုလျှံကစားသမားတွေကိုတော့ ၇ ဦးအထိ ရောင်းထုတ်သွားမယ်လို့ သိရပြီး တောင်ပံသမား နီကိုလာ ပေပေနဲ့ ရီးစ် နယ်လ်ဆန်၊ ဂိုးသမား ဘန်းဒ် လီနို၊ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားနဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်၊ နောက်ခံလူ ဟက်တာ ဘယ်လာရင်နဲ့ ပါဘလို မာရီတို့ကို ငွေဖော်သွားဖို့ လုပ်ဆောင်နေပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ရှုမြင်သုံးသပ်ထားချက်တွေအရတော့ အာဆင်နယ်တို့အနေနဲ့ ဘယ်ညာနောက်ခံလူတစ်ဦးစီ၊ ကွင်းလယ်လူ အနည်းဆုံး တစ်ဦး၊ ညာတောင်ပံတိုက်စစ်မှူးတစ်ဦး လိုအပ်နေသေးပြီး အသင်းကြီးတစ်သင်းအဖြစ် တောင့်တင်းတဲ့ အင်အားကို ပြသနိုင်ဖို့ လိုအပ်နေတာကြောင့် လာမယ့် ရက်ပိုင်းအတွင်းမှာ ထူးခြားလာနိုင်တဲ့ အပြောင်းအရွှေ့တွေကို စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ နံပါတ္တစ္ ဂိုးသမားေဟာင္း ဘန္းဒ္ လီႏိုကို ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ေရာင္းခ်သြားဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ တန္းတက္ ဖူလ္ဟမ္အသင္းဆီ ေပါင္ ၁၀ သန္းဝန္းက်င္နဲ႔ လက္လႊတ္သြားဖို႔ ရွိေနသလို ဂ်ာမန္သားရဲ႕ အမ္းမရိတ္ တစ္ေခတ္ကေတာ့ ျပည္ဖုံးကားခ်ဖို႔ ရွိေနၿပီပဲျဖစ္ပါတယ္။

အမွားမ်ားၿပီး ေလးလံေနခဲ့တဲ့ ပီတာခ်က္ရဲ႕ ပြဲထြက္ေနရာကို လုယူႏိုင္ခဲ့ၿပီး မၿမဲတဲ့ အနိစၥသေဘာအရ အာ႐ြန္ ရမ္းစ္ေဒးလ္ဆီကို ဆိုး႐ြားတဲ့ လက္စြမ္းေတြေၾကာင့္ ေနရာလႊဲေပးခဲ့ရတဲ့ အသက္ ၃၀ အ႐ြယ္ ဂ်ာမန္ဂိုးသမားဟာ အာဆင္နယ္အသင္းမွာ ေလးႏွစ္ၾကာ ကစားအၿပီးမွာေတာ့ လန္ဒန္ၿမိဳ႕မွာ ဆက္ေနၿပီး ၿပိဳင္ဘက္တစ္သင္းနဲ႔ လက္တြဲဖို႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈေတြလည္း ရရွိထားခဲ့တာပါ။

အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ လီႏိုကို ႀကိဳက္ႏွစ္သက္တဲ့သူ အမ်ားအျပားရွိေနခဲ့လို႔ လမ္းခြဲမႈက ဝမ္းနည္းစရာျဖစ္ေနခဲ့ၿပီး ေက်ာနံပါတ္ ၁ ကိုပါ လႊဲေျပာင္းရယူႏိုင္တဲ့ ရမ္းစ္ေဒးလ္ကိုလည္း ဂိုးသမားသစ္ မတ္ တာနာက ဖိအားမေပးႏိုင္မွာ စိုးရိမ္စရာျဖစ္ေနခဲ့ေပမယ့္ အေျပာင္းအလဲေတြကေတာ့ ႀကဳံရေတာ့မွာလည္းျဖစ္ပါတယ္။

ဒီကေန ရရွိမယ့္ ေငြေၾကးကိုေတာ့ ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံဖို႔ ႀကိဳးစားေနၿပီး နီကိုလာ ေပေပကို ေရာင္းထုတ္သြားမယ့္ ေတာင္ပံတိုက္စစ္အတြက္ နာမည္ႀကီး ကစားသမားႏွစ္ဦးနဲ႔ တက္သစ္စ ကစားသမားတစ္ဦးကို အာဆင္နယ္တို႔ ေစာင့္ၾကည့္ေနခဲ့သလို လာမယ့္ ႏုရင္ဘတ္နဲ႔ ပြဲစဥ္မွာ လူငယ္လူသစ္ မားကင္ညိဳ႕စ္ ဘယ္ေလာက္ အားကိုးရမလဲဆိုတာကိုေတာ့ အရင္အကဲျဖတ္ၿပီးမွ လုပ္ေဆာင္ဖြယ္ရွိေနပါတယ္။

နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ အဝယ္စာရင္းမွာေတာ့ သူ႔ရဲ႕ ဘရာဇီးလ္သားတစ္ဦးျဖစ္တဲ့ လီယြန္ေတာင္ပံသမား လူးကပ္စ္ ပါေကးတာ ပါဝင္ေနၿပီး ထိပ္တန္းပစ္မွတ္အျဖစ္ ရာဖင္ညာရဲ႕ အလြန္မွာ ရႈျမင္ထားသလို ဘယ္သန္ကစားသမားတစ္ဦးအေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ Inverted Winger လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ရွိေနတာပါ။

အရန္ပစ္မွတ္ေတြအျဖစ္ေတာ့ နယူးကာဆယ္လ္တို႔ စိတ္ဝင္စားေနတဲ့ ေလဗာကူဆင္ေတာင္ပံသမား မူဆာ ဒီယာဘီနဲ႔ လီလ္ေတာင္ပံသမား အီဒြန္ ဇီဂ႐ိုဗာတို႔ကို ေစာင့္ၾကည့္ေနၿပီး ျပင္သစ္လက္ေ႐ြးစင္ ဒီယာဘီအတြက္ ေပါင္သန္း ၅၀ ေလာက္ ကုန္က်ႏိုင္ေပမယ့္ ကိုဆိုဗိုသား ဇီဂ႐ိုဗာကိုေတာ့ ေပါင္ ၅ သန္းေလာက္နဲ႔ ရရွိႏိုင္မွာျဖစ္သလို ကမ္းလွမ္းထားတယ္လို႔ပါ သတင္းထြက္ေနပါတယ္။

နည္းျပ အာတီတာအေနနဲ႔ ဘယ္ေနာက္ခံလူတစ္ဦးကိုလည္း အလိုရွိေနတဲ့အတြက္ ေခၚယူသြားဖို႔ နီးစပ္ေနၿပီး လာမယ့္ ရက္ပိုင္းအတြင္းမွာ ဘင္ဖီကာရဲ႕ စပိန္သား အဲလက္စ္ ဂရီမယ္လ္ဒိုကို ကမ္းလွမ္းဖို႔ ရွိေနသလို လက္စတာကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကိုလည္း အၿပီးသတ္ ေဆာင္႐ြက္ဖို႔ ရွိေနတာပါ။

အသင္းကေန ပိုလွ်ံကစားသမားေတြကိုေတာ့ ၇ ဦးအထိ ေရာင္းထုတ္သြားမယ္လို႔ သိရၿပီး ေတာင္ပံသမား နီကိုလာ ေပေပနဲ႔ ရီးစ္ နယ္လ္ဆန္၊ ဂိုးသမား ဘန္းဒ္ လီႏို၊ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားနဲ႔ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္၊ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္နဲ႔ ပါဘလို မာရီတို႔ကို ေငြေဖာ္သြားဖို႔ လုပ္ေဆာင္ေနပါတယ္။

ကြၽမ္းက်င္သူေတြရဲ႕ ရႈျမင္သုံးသပ္ထားခ်က္ေတြအရေတာ့ အာဆင္နယ္တို႔အေနနဲ႔ ဘယ္ညာေနာက္ခံလူတစ္ဦးစီ၊ ကြင္းလယ္လူ အနည္းဆုံး တစ္ဦး၊ ညာေတာင္ပံတိုက္စစ္မႉးတစ္ဦး လိုအပ္ေနေသးၿပီး အသင္းႀကီးတစ္သင္းအျဖစ္ ေတာင့္တင္းတဲ့ အင္အားကို ျပသႏိုင္ဖို႔ လိုအပ္ေနတာေၾကာင့္ လာမယ့္ ရက္ပိုင္းအတြင္းမွာ ထူးျခားလာႏိုင္တဲ့ အေျပာင္းအေ႐ႊ႕ေတြကို စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.