Premier League Transfer News

ရော်နယ်လ်ဒိုက ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူလို့ ဝေဖန်လိုက်တဲ့ အဘွန်လဟော

အက်စတန် ဗီလာကြယ်ပွင့်ဟောင်း ဂါဘရီယယ်လ် အဘွန်လဟောက မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းကို ဂရုမစိုက်ဘဲ ကိုယ့်အတွက်ပဲ ကိုယ်ဂရုစိုက်တတ်တဲ့သူလို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုက ယခုနွေရာသီမှာ ၎င်းအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိလာခဲ့မယ်ဆိုရင် ထွက်ခွာခွင့်ပေးဖို့ မန်ချက်စတာယူနိုက်တက်အသင်းကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၆ နေရာနဲ့သာ ရာသီပြီးဆုံးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်နေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်က ၎င်းရဲ့ ကစားသမားအတွက် အပြောင်းအရွှေ့ ပြုလုပ်ဖို့ ကလပ်အသင်းအများအပြားနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီအသင်းတို့ဟာ ဘလွန်ဒေါ ၅ ဆုရှင်ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်လို့ ESPN က ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ပေါ်တူဂီကြယ်ပွင့်အတွက် ယူရို ၁၄ သန်းရရှိမယ်ဆိုရင် ရောင်းထုတ်သွားဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းတွေက ဖော်ပြနေကြတာဖြစ်ပါတယ်။

အက်စတန် ဗီလာကြယ်ပွင့်ဟောင်း အဘွန်လဟောက ပေါ်တူဂီဂန္တဝင် တိုက်စစ်မှူးရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအရွှေ့ဇာတ်လမ်းနဲ့ပတ်သက်ပြီး talkSPORT ကို ပြောကြားခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရဲ့ ခံယူချက်ကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် နည်းနည်းလေးမှ မအံ့သြမိပါဘူး။ သူက ယူရိုပါလိဂ်မှာ မကစားချင်ပါဘူး။ သူ့ကစားသမားဘဝ နောက်ဆုံးနှစ်အနည်းငယ်ကို သူ ချန်ပီယံလိဂ်မှာ ဆက်ကစားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သာ မန်ချက်စတာယူနိုက်တက်ပရိသတ်ဆိုရင် သူက မန်ချက်စတာယူနိုက်တက်ကို ဂရုမစိုက်ဘဲ ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်တာက အကြီးမားဆုံး စိတ်ပျက်စရာဖြစ်ပါလိမ့်မယ်”

“သူက ချန်ပီယံလိဂ်မှာ ကစားချင်တယ်။ သူက ချန်ပီယံလိဂ်သွင်းဂိုးတွေ ပိုသွင်းယူချင်တယ်။ ဆုဖလားတွေကို ပိုပြီးတော့ ရရှိချင်တယ်။ ယူနိုက်တက်က အဲဒီလို လုပ်နိုင်တဲ့အနေအထားကနေ တော်တော်လေး အလှမ်းဝေးနေတယ်။ သူက သူ့ကိုယ်သူပဲ ဂရုစိုက်တာ။ ယူနိုက်တက်ကို ဂရုစိုက်တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ အခုအချိန်မှာ သူ့ကို လိုအပ်နေပြီး သူကတော့ သာကူးလုပ်ဖို့ ချောင်းနေတယ်။ သူက အဲဒီမှာ ရှိမနေချင်ဘဲ အဲဒါက ရော်နယ်လ်ဒိုရဲ့ ရှိုးသာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ရှိုးမဟုတ်ဘူးဆိုတာကို ပြသနေတာပဲ”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ရာသီကို ၎င်းတို့ရဲ့အသင်းသမိုင်းတလျှောက် ပရီးမီယားလိဂ်ရမှတ်အနိမ့်ဆုံး(၅၈ မှတ်)စံချိန်နဲ့အတူ ဖလားလက်မဲ့ရာသီအဖြစ် အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္း ဂါဘရီယယ္လ္ အဘြန္လေဟာက မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အသင္းကို ဂ႐ုမစိုက္ဘဲ ကိုယ့္အတြက္ပဲ ကိုယ္ဂ႐ုစိုက္တတ္တဲ့သူလို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုက ယခုေႏြရာသီမွာ ၎အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ ရရွိလာခဲ့မယ္ဆိုရင္ ထြက္ခြာခြင့္ေပးဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္က ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၆ ေနရာနဲ႔သာ ရာသီၿပီးဆုံးႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္ေနတာျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ ေရာ္နယ္လ္ဒိုရဲ႕ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္က ၎ရဲ႕ ကစားသမားအတြက္ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ဖို႔ ကလပ္အသင္းအမ်ားအျပားနဲ႔ ေျပာဆိုေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီအသင္းတို႔ဟာ ဘလြန္ေဒါ ၅ ဆုရွင္ကို ေခၚယူႏိုင္ဖို႔အတြက္ ႀကိဳးပမ္းေနၾကတယ္လို႔ ESPN က ေဖာ္ျပခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က ေပၚတူဂီၾကယ္ပြင့္အတြက္ ယူ႐ို ၁၄ သန္းရရွိမယ္ဆိုရင္ ေရာင္းထုတ္သြားဖို႔ ဆုံးျဖတ္လိုက္ၿပီလို႔ သတင္းေတြက ေဖာ္ျပေနၾကတာျဖစ္ပါတယ္။

အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္း အဘြန္လေဟာက ေပၚတူဂီဂႏၲဝင္ တိုက္စစ္မႉးရဲ႕ လက္ရွိ ျဖစ္ေပၚေနတဲ့ အေျပာင္းအေ႐ႊ႕ဇာတ္လမ္းနဲ႔ပတ္သက္ၿပီး talkSPORT ကို ေျပာၾကားခဲ့ရာမွာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးရဲ႕ ခံယူခ်က္ကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ နည္းနည္းေလးမွ မအံ့ၾသမိပါဘူး။ သူက ယူ႐ိုပါလိဂ္မွာ မကစားခ်င္ပါဘူး။ သူ႔ကစားသမားဘဝ ေနာက္ဆုံးႏွစ္အနည္းငယ္ကို သူ ခ်န္ပီယံလိဂ္မွာ ဆက္ကစားခ်င္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္သာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ဆိုရင္ သူက မန္ခ်က္စတာယူႏိုက္တက္ကို ဂ႐ုမစိုက္ဘဲ ကိုယ့္ဘာသာကိုယ္ပဲ ဂ႐ုစိုက္တာက အႀကီးမားဆုံး စိတ္ပ်က္စရာျဖစ္ပါလိမ့္မယ္”

“သူက ခ်န္ပီယံလိဂ္မွာ ကစားခ်င္တယ္။ သူက ခ်န္ပီယံလိဂ္သြင္းဂိုးေတြ ပိုသြင္းယူခ်င္တယ္။ ဆုဖလားေတြကို ပိုၿပီးေတာ့ ရရွိခ်င္တယ္။ ယူႏိုက္တက္က အဲဒီလို လုပ္ႏိုင္တဲ့အေနအထားကေန ေတာ္ေတာ္ေလး အလွမ္းေဝးေနတယ္။ သူက သူ႔ကိုယ္သူပဲ ဂ႐ုစိုက္တာ။ ယူႏိုက္တက္ကို ဂ႐ုစိုက္တာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ အခုအခ်ိန္မွာ သူ႔ကို လိုအပ္ေနၿပီး သူကေတာ့ သာကူးလုပ္ဖို႔ ေခ်ာင္းေနတယ္။ သူက အဲဒီမွာ ရွိမေနခ်င္ဘဲ အဲဒါက ေရာ္နယ္လ္ဒိုရဲ႕ ရႈိးသာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရႈိးမဟုတ္ဘူးဆိုတာကို ျပသေနတာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗင္တပ္အသင္းကေန အိုးထရက္ဖို႔ဒ္ကို အံ့အားသင့္ဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ၿပိဳင္ပြဲစုံ ၃၈ ပြဲမွာ ၂၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က ၿပီးခဲ့တဲ့ရာသီကို ၎တို႔ရဲ႕အသင္းသမိုင္းတေလွ်ာက္ ပရီးမီယားလိဂ္ရမွတ္အနိမ့္ဆုံး(၅၈ မွတ္)စံခ်ိန္နဲ႔အတူ ဖလားလက္မဲ့ရာသီအျဖစ္ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.