La Liga Premier League Transfer News

နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းကို သတ်မှတ်လိုက်တဲ့ ရာဖင်ညာ

အာဆင်နယ်၊ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်တောင်ပံကြယ်ပွင့် ရာဖင်ညာဟာ ဘာစီလိုနာအသင်းကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ကောလာဟလသတင်းတွေများစွာ ထွက်ပေါ်နေခဲ့တဲ့ကစားသမားဖြစ်ပြီး လိဒ်စ်ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် ကလပ်အသင်းအများအပြားက စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

ရာဖင်ညာဟာ လိဒ်စ်ယူနိုက်တက်အသင်းအတွက် ၆၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၇ ဂိုးသွင်းယူပေးခဲ့ပြီး 90 Min ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာနဲ့ လိဒ်စ်ယူနိုက်တက်တို့ကြား သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

လိဒ်စ်ယူနိုက်တက်တောင်ပံကြယ်ပွင့်ဟာ စပိန်ကိုတောင် ရောက်ရှိနေခဲ့ပြီးဖြစ်ပြီး ဆေးစစ်မှုခံယူဖို့အတွက် ဘာစီလိုနာကို ထွက်ခွာဖို့ မီးစိမ်းပြတာကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ကတ်တလန် ထိပ်သီးအသင်းကြီးဟာ အရင်တုန်းက ဘရာဇီးလ်တောင်ပံကစားသမားအတွက် ကြီးမားတဲ့ငွေကြေး သုံးစွဲလိုခြင်းမရှိတဲ့ အရိပ်အယောင်မျိုးပြသခဲ့ပေမယ့်လည်း ကစားသမားရဲ့အေးဂျင့်ဖြစ်တဲ့ ဘာစီလိုနာကြယ်ပွင့်ဟောင်း ဒေကိုက ကတ်တလန်ထိပ်သီးအသင်းကြီးနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒေကိုဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ကြိုးပမ်းမှုမှာ ကြီးမားတဲ့ အစိတ်အပိုင်းမှာ ပါဝင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိတာဖြစ်ပါတယ်။ ဒီသတင်းဟာ ရာဖင်ညာကို ခေါ်ယူဖို့ အမှန်တကယ် စိတ်ဝင်စားကြောင်း ပြသခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းတွေအတွက်တော့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အထူးသဖြင့် ယခုနွေရာသီမှာ မာနေးကို ဆုံးရှုံးခဲ့ရတဲ့ လီဗာပူးလ်အတွက် ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကတော့ လီဗာပူးလ်ထက်စာရင် ဘရာဇီးလ်ကြယ်ပွင့်ကို ဆုံးရှုံးရတာက သိပ်တော့ ကြီးကြီးမားမား ခံစားရမှာမဟုတ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် မာကို အဆန်စီယိုက အန်းဖီးကို ပြောင်းရွှေ့ချင်နေတာကြောင့် ကလော့ပ်ရဲ့အသင်းအတွက်လည်း သတင်းဆိုးမဟုတ်တော့ဘူးလို့ မျှော်လင့်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္၊ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္တဲ့ လိဒ္စ္ယူႏိုက္တက္ေတာင္ပံၾကယ္ပြင့္ ရာဖင္ညာဟာ ဘာစီလိုနာအသင္းကိုပဲ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလတစ္ေလွ်ာက္လုံး ေကာလာဟလသတင္းေတြမ်ားစြာ ထြက္ေပၚေနခဲ့တဲ့ကစားသမားျဖစ္ၿပီး လိဒ္စ္ယူႏိုက္တက္ကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတာေၾကာင့္ ကလပ္အသင္းအမ်ားအျပားက စိတ္ဝင္စားခဲ့ၾကတာျဖစ္ပါတယ္။

ရာဖင္ညာဟာ လိဒ္စ္ယူႏိုက္တက္အသင္းအတြက္ ၆၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၇ ဂိုးသြင္းယူေပးခဲ့ၿပီး 90 Min ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာနဲ႔ လိဒ္စ္ယူႏိုက္တက္တို႔ၾကား သေဘာတူညီမႈ ရရွိဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။

လိဒ္စ္ယူႏိုက္တက္ေတာင္ပံၾကယ္ပြင့္ဟာ စပိန္ကိုေတာင္ ေရာက္ရွိေနခဲ့ၿပီးျဖစ္ၿပီး ေဆးစစ္မႈခံယူဖို႔အတြက္ ဘာစီလိုနာကို ထြက္ခြာဖို႔ မီးစိမ္းျပတာကို ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

ကတ္တလန္ ထိပ္သီးအသင္းႀကီးဟာ အရင္တုန္းက ဘရာဇီးလ္ေတာင္ပံကစားသမားအတြက္ ႀကီးမားတဲ့ေငြေၾကး သုံးစြဲလိုျခင္းမရွိတဲ့ အရိပ္အေယာင္မ်ိဳးျပသခဲ့ေပမယ့္လည္း ကစားသမားရဲ႕ေအးဂ်င့္ျဖစ္တဲ့ ဘာစီလိုနာၾကယ္ပြင့္ေဟာင္း ေဒကိုက ကတ္တလန္ထိပ္သီးအသင္းႀကီးနဲ႔ အလြန္ေကာင္းမြန္တဲ့ ဆက္ဆံေရး ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ေဒကိုဟာ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ သေဘာတူညီမႈ ရရွိဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕ ႀကိဳးပမ္းမႈမွာ ႀကီးမားတဲ့ အစိတ္အပိုင္းမွာ ပါဝင္ခဲ့တယ္ဆိုတာ သံသယျဖစ္စရာ မရွိတာျဖစ္ပါတယ္။ ဒီသတင္းဟာ ရာဖင္ညာကို ေခၚယူဖို႔ အမွန္တကယ္ စိတ္ဝင္စားေၾကာင္း ျပသခဲ့တဲ့ ပရီးမီးယားလိဂ္အသင္းေတြအတြက္ေတာ့ ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး အထူးသျဖင့္ ယခုေႏြရာသီမွာ မာေနးကို ဆုံးရႈံးခဲ့ရတဲ့ လီဗာပူးလ္အတြက္ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ကေတာ့ လီဗာပူးလ္ထက္စာရင္ ဘရာဇီးလ္ၾကယ္ပြင့္ကို ဆုံးရႈံးရတာက သိပ္ေတာ့ ႀကီးႀကီးမားမား ခံစားရမွာမဟုတ္ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ မာကို အဆန္စီယိုက အန္းဖီးကို ေျပာင္းေ႐ႊ႕ခ်င္ေနတာေၾကာင့္ ကေလာ့ပ္ရဲ႕အသင္းအတြက္လည္း သတင္းဆိုးမဟုတ္ေတာ့ဘူးလို႔ ေမွ်ာ္လင့္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.