La Liga Premier League Transfer News

လီဗာပူးလ်ကို ပြောင်းချင်လို့ လစာလျှော့ယူမယ့် ချန်ပီယံလိဂ် ၃ ကြိမ်ချန်ပီယံ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် မာကို အဆန်စီယိုဟာ ဘာနေဗျူးကနေ ထွက်ခွာပြီး လီဗာပူးလ်အသင်းကို ပြောင်းရွှေ့နိုင်ဖို့အတွက် လစာပမာဏကို လျှော့ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စပိန်သတင်းစာ Sport ရဲ့ ဖော်ပြချက်အရ စပိန်လက်ရွေးစင်ကြယ်ပွင့်ဟာ လီဗာပူးလ်ကို အလွန်ပြောင်းရွှေ့ချင်နေပြီး ၎င်းရဲ့အပြောင်းအရွှေ့အတွက် လီဗာပူးလ်ရဲ့ သတ်မှတ်ထားတဲ့စံနှုန်းအတိုင်း လက်ခံပေးသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ အန်းဖီးက တိုက်စစ်ကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ဖို့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့အတွက် တောင်းဆိုခံခဲ့ရတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး လီဗာပူးလ်ဟာ တိုက်စစ်ပိုင်းအတွက် ယခုနွေရာသီမှာ ဒါဝင် နူးညက်ဇ်နဲ့ ဖေဘီယို ကာဗယ်လ်ဟိုတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆန်စီယိုဟာ လီဗာပူးလ်ကို ပြောင်းရွှေ့နိုင်ဖို့အတွက် လစာပမာဏကို လျှော့ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး စပိန်ကွင်းလယ်ကြယ်ပွင့်ဟာ ပွဲထွက် ၁၁ ဦးစာရင်းမှာ တစ်နေရာ ရရှိဖို့ အာမခံချက်ပေးနိုင်တဲ့အသင်းကိုသာ ပြောင်းရွှေ့မယ်လို့ မကြာသေးမီက သတင်းတွေက ဖော်ပြခဲ့တာကြောင့် ရုတ်တရက် စိတ်ပြောင်းလဲသွားတာက အံ့အားသင့်စရာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆန်စီယိုရဲ့ လိုက်လျောမှုက ယခုနွေရာသီမှာ တိုက်စစ်အင်အားကို ဖြည့်တင်းပြီးသားဖြစ်နေတဲ့ လီဗာပူးလ်အသင်းအတွက်တော့ သိပ်စိတ်ဝင်စားစရာဖြစ်လာမှာမဟုတ်ဘဲ စပိန်ကြယ်ပွင့်ဟာ လာမယ့်နှစ်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ကတ်တလန် သတင်းဌာနရဲ့ ပြောကြားချက်အရ လက်ရှိမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀ ရရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ တစ်ပတ်ကို ပေါင် ၁၁၅၀၀၀ တောင်းဆိုခဲ့ပေမယ့် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ရမယ်ဆိုရင် အဲဒီပမာဏထက်တောင် လျှော့ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အဲဒါက လီဗာပူးလ်အသင်းလိုမျိုး တင်းကြပ်တဲ့ လစာပေးချေမှု ပုံစံရှိတဲ့ ကလပ်အသင်းအတွက်တော့ အပြောင်းအရွှေ့ ပြုလုပ်ဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီး လာလီဂါချန်ပီယံတွေဟာ အဆန်စီယိုရဲ့ ခံယူချက်ကို စိတ်ပျက်မှုတွေ ကြီးထွားလာတာကြောင့် ပြောင်းရွှေ့ကြေးကို ပေါင် ၄၃ သန်းကနေ ပေါင် ၂၆ သန်းအထိ လျှော့ချခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အေစီမီလန်၊ အာဆင်နယ်တို့ကလည်း ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်ကိုင်မြှောက်နိုင်ခဲ့တဲ့ အဆန်စီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် စပိန်လက်ရွေးစင်ကြယ်ပွင့်က အန်းဖီးကိုသာ ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ထားပုံ ပေါ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ မာကို အဆန္စီယိုဟာ ဘာေနဗ်ဴးကေန ထြက္ခြာၿပီး လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔အတြက္ လစာပမာဏကို ေလွ်ာ့ယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

စပိန္သတင္းစာ Sport ရဲ႕ ေဖာ္ျပခ်က္အရ စပိန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ လီဗာပူးလ္ကို အလြန္ေျပာင္းေ႐ႊ႕ခ်င္ေနၿပီး ၎ရဲ႕အေျပာင္းအေ႐ႊ႕အတြက္ လီဗာပူးလ္ရဲ႕ သတ္မွတ္ထားတဲ့စံႏႈန္းအတိုင္း လက္ခံေပးသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ဟာ အန္းဖီးက တိုက္စစ္ကို အင္အားေတာင့္တင္းေအာင္ လုပ္ေဆာင္ဖို႔ ကစားသမားေခၚယူမႈေတြ ျပဳလုပ္ဖို႔အတြက္ ေတာင္းဆိုခံခဲ့ရတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး လီဗာပူးလ္ဟာ တိုက္စစ္ပိုင္းအတြက္ ယခုေႏြရာသီမွာ ဒါဝင္ ႏူးညက္ဇ္နဲ႔ ေဖဘီယို ကာဗယ္လ္ဟိုတို႔ကို ေခၚယူထားခဲ့ၿပီးျဖစ္ပါတယ္။

ဒါေၾကာင့္ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အဆန္စီယိုဟာ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔အတြက္ လစာပမာဏကို ေလွ်ာ့ယူသြားဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး စပိန္ကြင္းလယ္ၾကယ္ပြင့္ဟာ ပြဲထြက္ ၁၁ ဦးစာရင္းမွာ တစ္ေနရာ ရရွိဖို႔ အာမခံခ်က္ေပးႏိုင္တဲ့အသင္းကိုသာ ေျပာင္းေ႐ႊ႕မယ္လို႔ မၾကာေသးမီက သတင္းေတြက ေဖာ္ျပခဲ့တာေၾကာင့္ ႐ုတ္တရက္ စိတ္ေျပာင္းလဲသြားတာက အံ့အားသင့္စရာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဆန္စီယိုရဲ႕ လိုက္ေလ်ာမႈက ယခုေႏြရာသီမွာ တိုက္စစ္အင္အားကို ျဖည့္တင္းၿပီးသားျဖစ္ေနတဲ့ လီဗာပူးလ္အသင္းအတြက္ေတာ့ သိပ္စိတ္ဝင္စားစရာျဖစ္လာမွာမဟုတ္ဘဲ စပိန္ၾကယ္ပြင့္ဟာ လာမယ့္ႏွစ္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

ကတ္တလန္ သတင္းဌာနရဲ႕ ေျပာၾကားခ်က္အရ လက္ရွိမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၅၀၀၀၀ ရရွိေနတဲ့ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ တစ္ပတ္ကို ေပါင္ ၁၁၅၀၀၀ ေတာင္းဆိုခဲ့ေပမယ့္ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ရမယ္ဆိုရင္ အဲဒီပမာဏထက္ေတာင္ ေလွ်ာ့ယူသြားဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

အဲဒါက လီဗာပူးလ္အသင္းလိုမ်ိဳး တင္းၾကပ္တဲ့ လစာေပးေခ်မႈ ပုံစံရွိတဲ့ ကလပ္အသင္းအတြက္ေတာ့ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ဖို႔အတြက္ အေရးႀကီးတဲ့အစိတ္အပိုင္းျဖစ္ၿပီး လာလီဂါခ်န္ပီယံေတြဟာ အဆန္စီယိုရဲ႕ ခံယူခ်က္ကို စိတ္ပ်က္မႈေတြ ႀကီးထြားလာတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၄၃ သန္းကေန ေပါင္ ၂၆ သန္းအထိ ေလွ်ာ့ခ်ခဲ့တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေအစီမီလန္၊ အာဆင္နယ္တို႔ကလည္း ခ်န္ပီယံလိဂ္ဖလားကို ၃ ႀကိမ္ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ အဆန္စီယိုကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကေပမယ့္ စပိန္လက္ေ႐ြးစင္ၾကယ္ပြင့္က အန္းဖီးကိုသာ ေျပာင္းေ႐ႊ႕ဖို႔အတြက္ ဆုံးျဖတ္ထားပုံ ေပၚေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.