Premier League Transfer News

ချဲလ်ဆီးရဲ့ပစ်မှတ်ကို ဘာကြောင့် ခေါ်ယူသင့်လဲဆိုတာ အဖြေပေးခဲ့ပြီးဖြစ်တဲ့ ဂွါဒီယိုလ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ချဲလ်ဆီးအသင်းနဲ့ သတင်းတွေထွက်ပေါ်နေတဲ့ စပို့တင်း လစ္စဘွန်းကြယ်ပွင့် မားသီးယပ်စ် နူနက်စ်ကို ဘာကြောင့် ခေါ်ယူသင့်လဲဆိုတာကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီဟာ သောမတ်စ် တူဟယ်ရဲ့လူစာရင်းကို သွေးသစ်လောင်းပေးဖို့ ကြိုးပမ်းနေတာကြောင့် အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းရဲ့ ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းခြင်းကို ခံရတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ အရင်တုန်းက နူနက်စ်ကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာကို စောင့်ဆိုင်းနေခဲ့တာလို့ သတင်းတွေအရ သိရပြီး လက်ရှိမှာတော့ ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပို့တင်း လစ္စဘွန်းနဲ့ ၂ ကျော့ တွေ့ဆုံခဲ့တဲ့အချိန်မှာ ပေါ်တူဂီကွင်းလယ်ကစားသမားကို အနီးကပ် သေချာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ၂ ကျော့ပေါင်း ၅-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့်လည်း ဂွါဒီယိုလာက စပို့တင်း လစ္စဘွန်းအသင်းထဲက မားသီးယပ်စ် နူနက်စ်တစ်ဦးတည်းကို ရွေးပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“စပို့တင်းလစ္စလွန်းက ထူးခြားဆန်းကြယ်တဲ့အသင်းပါ။ သူတို့တွေက ပေါ်တို၊ ဘင်ဖီကာတို့နဲ့အတူ အရမ်းကို အားကောင်းတဲ့လိဂ်ဖြစ်တဲ့ ပေါ်တူဂီရဲ့ ချန်ပီယံတွေပါ။ သူတို့တွေက ဘောလုံးကို ကောင်းကောင်း အပြောင်းအလဲ လုပ်နိုင်ကြတယ်”

“သူတို့တွေက လျင်မြန်ပြီး ထက်မြက်တဲ့ ကစားသမားတွေပါ။ မားသီးယပ်စ် နူနက်စ်ကတော့ ဒီနေ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ကျွန်တော် ပြောရပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ ခ်ဲလ္ဆီးအသင္းနဲ႔ သတင္းေတြထြက္ေပၚေနတဲ့ စပို႔တင္း လစၥဘြန္းၾကယ္ပြင့္ မားသီးယပ္စ္ ႏူနက္စ္ကို ဘာေၾကာင့္ ေခၚယူသင့္လဲဆိုတာကို ေျပာၾကားခဲ့ၿပီးျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီဟာ ေသာမတ္စ္ တူဟယ္ရဲ႕လူစာရင္းကို ေသြးသစ္ေလာင္းေပးဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ေပါင္ ၄၃ သန္းနဲ႔ ကမ္းလွမ္းျခင္းကို ခံရေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဝုလ္ဗ္စ္အသင္းဟာ အရင္တုန္းက ႏူနက္စ္ကို ေခၚယူခ်င္ခဲ့ေပမယ့္လည္း ေပၚတူဂီကြင္းလယ္ကစားသမားဟာ ပိုမိုေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာကို ေစာင့္ဆိုင္းေနခဲ့တာလို႔ သတင္းေတြအရ သိရၿပီး လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ ႀကိဳးပမ္းလာတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာက ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ စပို႔တင္း လစၥဘြန္းနဲ႔ ၂ ေက်ာ့ ေတြ႕ဆုံခဲ့တဲ့အခ်ိန္မွာ ေပၚတူဂီကြင္းလယ္ကစားသမားကို အနီးကပ္ ေသခ်ာေစာင့္ၾကည့္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းက ၂ ေက်ာ့ေပါင္း ၅-၀ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့ေပမယ့္လည္း ဂြါဒီယိုလာက စပို႔တင္း လစၥဘြန္းအသင္းထဲက မားသီးယပ္စ္ ႏူနက္စ္တစ္ဦးတည္းကို ေ႐ြးၿပီး ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

“စပို႔တင္းလစၥလြန္းက ထူးျခားဆန္းၾကယ္တဲ့အသင္းပါ။ သူတို႔ေတြက ေပၚတို၊ ဘင္ဖီကာတို႔နဲ႔အတူ အရမ္းကို အားေကာင္းတဲ့လိဂ္ျဖစ္တဲ့ ေပၚတူဂီရဲ႕ ခ်န္ပီယံေတြပါ။ သူတို႔ေတြက ေဘာလုံးကို ေကာင္းေကာင္း အေျပာင္းအလဲ လုပ္ႏိုင္ၾကတယ္”

“သူတို႔ေတြက လ်င္ျမန္ၿပီး ထက္ျမက္တဲ့ ကစားသမားေတြပါ။ မားသီးယပ္စ္ ႏူနက္စ္ကေတာ့ ဒီေန႔ ကမာၻေပၚမွာ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးလို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.