Premier League Serie A Transfer News

ကွင်းလယ်တစ်ဦး ထပ်ရဖို့ နီးစပ်နေပြီး နောက်တစ်ဦး ထပ်မံကမ်းလှမ်းနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ သေသေချာချာ ပုံမပေါ်သေးတဲ့ ကွင်းလယ်ပိုင်းအတွက် ဆက်လက်ပြင်ဆင်နေရာမှာ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို ခေါ်ယူပြီး ရက်ပိုင်းအတွင်းမှာ ထိပ်တန်းကစားသမားတစ်ဦးကို ထပ်မံရရှိဖို့ ရာခိုင်နှုန်းများပြားနေပြီး ပြောင်းရွှေ့ကြေးအားဖြင့် သဘောတူညီနိုင်ဖို့ ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက သတင်းထွက်နေခဲ့တဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို အာဆင်နယ်တို့ ရရှိနိုင်တော့မယ်လို့ ဗြိတိန် သတင်း ဌာနတွေမှာ ဖော်ပြခဲ့ကြတာဖြစ်ပြီး နောက်ဆုံး Update တွေအရတော့ လက်စတာစီးတီးဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၂.၅ သန်းကို ၂.၅ သန်း လျှော့ချပြီး သဘောတူညီခဲ့ပြီလို့ ဆိုနေကြတာလည်းဖြစ်ပါတယ်။

မြောက်လန်ဒန်သား ဂန်းနားတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ပြီးပြတ်ထားခဲ့ပြီး ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေတဲ့ အသက် ၂၅ နှစ် အရွယ် ဘယ်လ်ဂျီယမ်ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ပေးချေဖို့ မူအားဖြင့် သဘောတူညီခဲ့ပြီလို့ ဆိုနေကြပြီး အသင်းနှစ်သင်းကြား အသေးစိတ် ပေးချေမှုအတွက် ဆွေးနွေးနေကြတယ်လို့လည်း ယူဆရတာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ စပါးစ်အသင်းတွေကို ငြင်းပယ်ထားခဲ့တဲ့ တီးလီးမန်းစ်ဟာ လာမယ့် ရာသီမှာ အာဆင်နယ်တို့ရဲ့ ကွင်းလယ်မှာ ကစားသမားသစ် ဖာဘီယို ဗီယာရာနဲ့အတူ အဓိကကျလာမယ့် ကစားသမားလို့လည်း ထင်ကြေးပေးနေကြပြီး ကွင်းလယ်နဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့ ပေါ်တူဂီသားနဲ့ အသွင်သစ်ကို မြင်ရစေလိမ့်မယ်လို့လည်း သုံးသပ်ထားကြပါတယ်။

နောက်ထပ်ကြိုးစားမှုတစ်ခုအနေနဲ့တော့ ကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို အာဆင်နယ်တို့ရဲ့ ယူရို ၅၅ သန်း (ပေါင် ၄၇ သန်း)နဲ့ ကမ်းလှမ်းခဲ့တဲ့ အဖွင့်ဈေးနှုန်းက လာဇီယိုဘက်က ပယ်ချခံလိုက်ရတယ်လို့ အီတလီအခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီး နှစ်သင်းကြား သဘောတူညီဖို့ကတော့ အနည်းငယ် အလှမ်းကွာနေသေးတယ်လို့လည်း သိရပါတယ်။

ရောမအခြေစိုက် လာဇီယိုအသင်းအနေနဲ့ အသက် ၂၇ နှစ်အရွယ် ဆားဘီးယားလက်ရွေးစင်ကို ရောင်းထုတ်ဖို့ ယူရို ၆၅ သန်း (ပေါင် ၅၅.၈ သန်း) အလိုရှိနေပြီး အာဆင်နယ်တို့အနေနဲ့ ကစားသမားနဲ့ တစ်စုံတစ်ရာ သဘောတူညီမှု မရှိသေးချိန်မှာ နှစ်သင်းကြား ကွာဟမှု ယူရို ၁၀ သန်းကို ညှိနှိုင်းဖို့ပဲ ဦးစားပေး ကြိုးစားရတော့မှာပါ။

မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ဟာ လာဇီယိုအသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တာကြောင့် နည်းပြ မော်ရီဇီယို ဆာရီအနေနဲ့ တတ်နိုင်သလောက် လက်မလွှတ်ရဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပေမယ့် ဈေးကောင်းရရင် ရောင်းချလိုတဲ့ တာဝန်ရှိသူတွေကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်နေချိန်မှာ ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို စိန်ခေါ်ပြီး ယူရိုပါလိဂ် ယှဉ်ပြိုင်ရမယ့် ဂန်းနားတွေအတွက်တော့ အလိုအပ်ဆုံး ခေါ်ယူမှုတစ်ခုလည်း ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေသေသခ်ာခ်ာ ပုံမေပၚေသးတဲ့ ကြင္းလယ္ပိုင္းအတြက္ ဆက္လက္ျပင္ဆင္ေနရာမွာ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ေခၚယူၿပီး ရက္ပိုင္းအတြင္းမွာ ထိပ္တန္းကစားသမားတစ္ဦးကို ထပ္မံရရွိဖို႔ ရာခိုင္ႏႈန္းမ်ားျပားေနၿပီး ေျပာင္းေ႐ႊ႕ေၾကးအားျဖင့္ သေဘာတူညီႏိုင္ဖို႔ ရွိေနၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီကုန္ကတည္းက သတင္းထြက္ေနခဲ့တဲ့ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို အာဆင္နယ္တို႔ ရရွိႏိုင္ေတာ့မယ္လို႔ ၿဗိတိန္ သတင္း ဌာနေတြမွာ ေဖာ္ျပခဲ့ၾကတာျဖစ္ၿပီး ေနာက္ဆုံး Update ေတြအရေတာ့ လက္စတာစီးတီးဘက္က ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၂.၅ သန္းကို ၂.၅ သန္း ေလွ်ာ့ခ်ၿပီး သေဘာတူညီခဲ့ၿပီလို႔ ဆိုေနၾကတာလည္းျဖစ္ပါတယ္။

ေျမာက္လန္ဒန္သား ဂန္းနားေတြနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈေတြ ၿပီးျပတ္ထားခဲ့ၿပီး ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵျပင္းျပေနတဲ့ အသက္ ၂၅ ႏွစ္ အ႐ြယ္ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၃၀ ေပးေခ်ဖို႔ မူအားျဖင့္ သေဘာတူညီခဲ့ၿပီလို႔ ဆိုေနၾကၿပီး အသင္းႏွစ္သင္းၾကား အေသးစိတ္ ေပးေခ်မႈအတြက္ ေဆြးေႏြးေနၾကတယ္လို႔လည္း ယူဆရတာပါ။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ စပါးစ္အသင္းေတြကို ျငင္းပယ္ထားခဲ့တဲ့ တီးလီးမန္းစ္ဟာ လာမယ့္ ရာသီမွာ အာဆင္နယ္တို႔ရဲ႕ ကြင္းလယ္မွာ ကစားသမားသစ္ ဖာဘီယို ဗီယာရာနဲ႔အတူ အဓိကက်လာမယ့္ ကစားသမားလို႔လည္း ထင္ေၾကးေပးေနၾကၿပီး ကြင္းလယ္နဲ႔ ေတာင္ပံေတြမွာ ကစားႏိုင္တဲ့ ေပၚတူဂီသားနဲ႔ အသြင္သစ္ကို ျမင္ရေစလိမ့္မယ္လို႔လည္း သုံးသပ္ထားၾကပါတယ္။

ေနာက္ထပ္ႀကိဳးစားမႈတစ္ခုအေနနဲ႔ေတာ့ ကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို အာဆင္နယ္တို႔ရဲ႕ ယူ႐ို ၅၅ သန္း (ေပါင္ ၄၇ သန္း)နဲ႔ ကမ္းလွမ္းခဲ့တဲ့ အဖြင့္ေဈးႏႈန္းက လာဇီယိုဘက္က ပယ္ခ်ခံလိုက္ရတယ္လို႔ အီတလီအေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကၿပီး ႏွစ္သင္းၾကား သေဘာတူညီဖို႔ကေတာ့ အနည္းငယ္ အလွမ္းကြာေနေသးတယ္လို႔လည္း သိရပါတယ္။

ေရာမအေျခစိုက္ လာဇီယိုအသင္းအေနနဲ႔ အသက္ ၂၇ ႏွစ္အ႐ြယ္ ဆားဘီးယားလက္ေ႐ြးစင္ကို ေရာင္းထုတ္ဖို႔ ယူ႐ို ၆၅ သန္း (ေပါင္ ၅၅.၈ သန္း) အလိုရွိေနၿပီး အာဆင္နယ္တို႔အေနနဲ႔ ကစားသမားနဲ႔ တစ္စုံတစ္ရာ သေဘာတူညီမႈ မရွိေသးခ်ိန္မွာ ႏွစ္သင္းၾကား ကြာဟမႈ ယူ႐ို ၁၀ သန္းကို ညႇိႏႈိင္းဖို႔ပဲ ဦးစားေပး ႀကိဳးစားရေတာ့မွာပါ။

မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ဟာ လာဇီယိုအသင္းရဲ႕ အေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ နည္းျပ ေမာ္ရီဇီယို ဆာရီအေနနဲ႔ တတ္ႏိုင္သေလာက္ လက္မလႊတ္ရဖို႔ ဆႏၵရွိေနတာလည္းျဖစ္ေပမယ့္ ေဈးေကာင္းရရင္ ေရာင္းခ်လိုတဲ့ တာဝန္ရွိသူေတြေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္ဖို႔ နီးစပ္ေနခ်ိန္မွာ ရာသီသစ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို စိန္ေခၚၿပီး ယူ႐ိုပါလိဂ္ ယွဥ္ၿပိဳင္ရမယ့္ ဂန္းနားေတြအတြက္ေတာ့ အလိုအပ္ဆုံး ေခၚယူမႈတစ္ခုလည္း ျဖစ္ေနတယ္လို႔ ကြၽမ္းက်င္သူေတြက မွတ္ခ်က္ေပးထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.