Premier League UCL&UEL

အနေအထိုင်မတတ်တဲ့ ယူရိုပါလိဂ်ကြောင့် အရှက်ကွဲနေရတဲ့ မန်ယူနိုက်တက်

ယူရိုပါလိဂ်ရဲ့ တရားဝင် တွစ်တာအကောင့်ဟာ ရာသီကြိုကာလအတွက် ပရိသတ်တွေကို သတင်းပို့ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို မရည်ရွယ်ဘဲ လှောင်ပြောင်သလို ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ပထမအသင်း ကစားသမားအများအပြားဟာ တနင်္လာနေ့မှာ အသင်းကို ပြန်လည် ရောက်ရှိလာခဲ့ကြပြီး ဟာရီ မက်ဂွိုင်းယားနဲ့ ဘရူနို ဖာနန်ဒက်စ်တို့လို ကစားသမားတွေဟာ အသင်းနဲ့ ရာသီကြိုလေ့ကျင့်ရေးကို စတင်နေကြပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေ ပြန်လည်ရောက်ရှိလာတဲ့ ဓာတ်ပုံအများအပြားကို လူမှုကွန်ရက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ ယူရိုပါလိဂ်ရဲ့ တရားဝင် တွစ်တာအကောင့်က ဘရူနို ဖာနန်ဒက်စ်ရဲ့ ဓာတ်ပုံကို ၎င်းတို့ရဲ့ ပရိသတ် ၉.၇ သန်းအတွက် ပြန်လည် မျှဝေခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်က မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ရဲ့ဓာတ်ပုံကို ‘အခု ရာသီကြိုကာလ စတင်ပါပြီ’ဆိုတဲ့ စာသားနဲ့အတူ မျှဝေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို လှောင်ပြောင်ဖို့ မရည်ရွယ်ခဲ့ပေမယ့် အွန်လိုင်းပေါ်က ပရိသတ်တွေကတော့ အရှက်လိုက်ခွဲခံနေရတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

“အက်မင်က သူ ဒီမှာ ဘာလုပ်နေလဲဆိုတာကို သိမှာပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ဒီအကောင့်က အကောင့်တုကြီးလို့ ငါ ထင်ခဲ့တယ်။ ဒါပေမယ့် မဟုတ်ဘူးဖြစ်နေတယ်”လို့ နောက်ထပ် မန်ချက်စတာယူနိုက်တက်ပရိသတ်လို့ ယူဆရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ အသင်းကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီး အင်္ဂါနေ့မှာ ဖီယင်နုဘယ်နောက်ခံလူ တိုင်ရဲလ် မာလာစီယာကို ယခုနွေရာသီ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ပေါင် ၁၄.၇ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယူ႐ိုပါလိဂ္ရဲ႕ တရားဝင္ တြစ္တာအေကာင့္ဟာ ရာသီႀကိဳကာလအတြက္ ပရိသတ္ေတြကို သတင္းပို႔ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို မရည္႐ြယ္ဘဲ ေလွာင္ေျပာင္သလို ျဖစ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပထမအသင္း ကစားသမားအမ်ားအျပားဟာ တနလၤာေန႔မွာ အသင္းကို ျပန္လည္ ေရာက္ရွိလာခဲ့ၾကၿပီး ဟာရီ မက္ဂြိဳင္းယားနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔လို ကစားသမားေတြဟာ အသင္းနဲ႔ ရာသီႀကိဳေလ့က်င့္ေရးကို စတင္ေနၾကၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားေတြ ျပန္လည္ေရာက္ရွိလာတဲ့ ဓာတ္ပုံအမ်ားအျပားကို လူမႈကြန္ရက္မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာပဲ ယူ႐ိုပါလိဂ္ရဲ႕ တရားဝင္ တြစ္တာအေကာင့္က ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဓာတ္ပုံကို ၎တို႔ရဲ႕ ပရိသတ္ ၉.၇ သန္းအတြက္ ျပန္လည္ မွ်ေဝခဲ့တာျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္က မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ဓာတ္ပုံကို ‘အခု ရာသီႀကိဳကာလ စတင္ပါၿပီ’ဆိုတဲ့ စာသားနဲ႔အတူ မွ်ေဝခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေလွာင္ေျပာင္ဖို႔ မရည္႐ြယ္ခဲ့ေပမယ့္ အြန္လိုင္းေပၚက ပရိသတ္ေတြကေတာ့ အရွက္လိုက္ခြဲခံေနရတယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

“အက္မင္က သူ ဒီမွာ ဘာလုပ္ေနလဲဆိုတာကို သိမွာပဲ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “ဒီအေကာင့္က အေကာင့္တုႀကီးလို႔ ငါ ထင္ခဲ့တယ္။ ဒါေပမယ့္ မဟုတ္ဘူးျဖစ္ေနတယ္”လို႔ ေနာက္ထပ္ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္လို႔ ယူဆရတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ အမွတ္ေပးဇယားအဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ၿပီး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာသာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ဟာ အသင္းကို ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ေနၿပီး အဂၤါေန႔မွာ ဖီယင္ႏုဘယ္ေနာက္ခံလူ တိုင္ရဲလ္ မာလာစီယာကို ယခုေႏြရာသီ ပထမဆုံးကစားသမားေခၚယူမႈအျဖစ္ ေပါင္ ၁၄.၇ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.