La Liga Premier League Transfer News

လူသစ်နှစ်ဦးခေါ်အပြီး ဒီယုံးကို ပိုက်ဆံမပေးနိုင်လို့ ချရောင်းရတော့မယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ကစားသမားသစ် နှစ်ဦးဖြစ်ကြတဲ့ ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီယေးနဲ့ နောက်ခံလူ အန်ဒရီးယက်စ် ခရစ္စတင်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူမှတ်ပုံတင်နိုင်ခဲ့အပြီးမှာ ကြယ်ပွင့်ကွင်းလယ်လူ ဖရင်ကီ ဒီယုံးကိုတော့ နွေရာသီမှာပဲ ရောင်းချရဖို့ ဖြစ်လာခဲ့ပါတယ်။

အေစီမီလန်ကစားသမားဟောင်း ကက်ဆီယေးနဲ့ ချဲလ်ဆီးကစားသမားဟောင်း ခရစ္စတင်ဆန်တို့ကို စာချုပ်လျော်ကြေးအဖြစ် ပေါင်သန်း ၄၃၀ ထည့်သွင်းထားခဲ့ပြီး လေးနှစ်စာချုပ်တွေကို အသီးသီး ပေးအပ်သွားခဲ့သလို အသင်းရဲ့ ကျောရိုးကစားသမားတွေအဖြစ် နည်းပြ ဇာဗီက အားကိုးသွားဖို့ ရှိနေခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးစလုံးကို ဘာစီလိုနာတို့အနေနဲ့ တစ်နှစ်လုပ်ခ ယူရို ၆ သန်းကျော် ပေးချေရနိုင်တယ်လို့ သိရပြီး အသင်းရဲ့ တစ်နှစ်တာ ဘဏ္ဏာရေး ရှင်းတမ်းမှာတော့ လစာအသုံးစရိတ် ယူရို ၁၃ သန်းနီးပါး ပိုမိုလာမှာဖြစ်တဲ့အတွက် ယူအီးအက်ဖ်အေရဲ့ Financial Fair Play Rule မှာ လူကျွံဘော မမိစေဖို့ ကွင်းလယ်လူ ဒီယုံးကို ရောင်းချရဖို့ ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် ဒီယုံးကို အိုင်းယက်စ်အသင်းကနေ ခေါ်ယူစာချုပ်ခဲ့စဉ်က လက်ရှိကျန်နေသေးတဲ့ လေးနှစ်စာအတွက် ဆုကြေးခံစားခွင့်တွေအပါအဝင် ယူရို ၈၈.၅၈ သန်း (ပေါင် ၇၆ သန်း) ပေးချေသွားရမှာဖြစ်ပြီး တခြားပွဲကစားခွင့်ဆုကြေးက ယူရို ၈ သန်းအထိ ထပ်ပေးရနိုင်သလို ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်ရှိခဲ့ရင် ယူရို ၁၂.၈ သန်း ထပ်ပေးရဦးမှာဖြစ်လို့ ဆက်ထားဖို့ထက် ရောင်းမှပဲ ဘာစီလိုနာတို့အတွက် ကိုက်တော့မှာဖြစ်ပါတယ်။

အသင်းမှာ ဆက်ရှိနေရင် ယူရိုသန်း ၁၀၀ ကျော် ထပ်မံကုန်ကျနိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ဒတ်ချ်ကွင်းလယ်လူကို မန်ချက်စတာယူနိုက်တက်အသင်းက အသည်းအသန် အလိုရှိနေတာကြောင့် ရောင်းချဖို့ မခက်ပေမယ့် သူတို့တွေ တောင်းဆိုထားတဲ့ ယူရိုသန်း ၈၀ (ပေါင် ၆၈.၈ သန်း) ပမာဏကို ရရှိဖို့တော့ အထာနပ်သွားတဲ့ အပြောင်းအရွှေ့လုပ်ဆောင်သူတွေဆီမှ ရဖို့ မဖြစ်နိုင်တော့တာပါ။

နောက်ဆုံးသတင်းတွေအရတော့ မန်ယူနိုက်တက်ဘက်က ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းကို သဘောတူညီခဲ့ပြီလို့ သိရပြီး အနာဂတ် ခံစားခွင့်ကိုတော့ ပေါင် ၁၇ သန်းနဲ့ သဘောတူညီနိုင်ဖို့ ဆွေးနွေးနေကြသလို ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုတွေမှာတော့ လက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲကနေ လျှော့ယူဖို့ တောင်းဆိုရာမှာ မအောင်မြင်သေးဘူးလို့ ဆိုနေကြပါတယ်။

တကယ်တမ်းမှာတော့ ဘာစီလိုနာတို့ဘက်က ဒီယုံးကို ဆက်လက်ထိန်းသိမ်းထားဖို့ မဖြစ်နိုင်တော့တာကြောင့် ရောင်းချရတော့မှာဖြစ်ပြီး ကစားသမားအနေနဲ့ လစာကို လျှော့မလိုချင်ဘူးဆိုရင် နောက်ဆုံးခေါ်ယူထားတဲ့ ကက်ဆီယေးနဲ့ ခရစ္စတင်ဆန်တို့ရဲ့ လုပ်ခတွေနဲ့ ပိုက်ဘောပိုမိလာတော့မှာ ဖြစ်တာကြောင့် မန်ယူနိုက်တက်တို့ကတော့ အပေါ်စီးရောက်လာခဲ့သလို ကာတာလန်သားတွေ အောက်စီးက ညှိရဖို့သာ ဖြစ်လာနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ကစားသမားသစ္ ႏွစ္ဦးျဖစ္ၾကတဲ့ ကြင္းလယ္လူ ဖရန႔္ခ္ ကက္ဆီေယးနဲ႔ ေနာက္ခံလူ အန္ဒရီးယက္စ္ ခရစၥတင္ဆန္တို႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေခၚယူမွတ္ပုံတင္ႏိုင္ခဲ့အၿပီးမွာ ၾကယ္ပြင့္ကြင္းလယ္လူ ဖရင္ကီ ဒီယုံးကိုေတာ့ ေႏြရာသီမွာပဲ ေရာင္းခ်ရဖို႔ ျဖစ္လာခဲ့ပါတယ္။

ေအစီမီလန္ကစားသမားေဟာင္း ကက္ဆီေယးနဲ႔ ခ်ဲလ္ဆီးကစားသမားေဟာင္း ခရစၥတင္ဆန္တို႔ကို စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ေပါင္သန္း ၄၃၀ ထည့္သြင္းထားခဲ့ၿပီး ေလးႏွစ္စာခ်ဳပ္ေတြကို အသီးသီး ေပးအပ္သြားခဲ့သလို အသင္းရဲ႕ ေက်ာ႐ိုးကစားသမားေတြအျဖစ္ နည္းျပ ဇာဗီက အားကိုးသြားဖို႔ ရွိေနခဲ့ပါတယ္။

ဒီကစားသမားႏွစ္ဦးစလုံးကို ဘာစီလိုနာတို႔အေနနဲ႔ တစ္ႏွစ္လုပ္ခ ယူ႐ို ၆ သန္းေက်ာ္ ေပးေခ်ရႏိုင္တယ္လို႔ သိရၿပီး အသင္းရဲ႕ တစ္ႏွစ္တာ ဘဏၰာေရး ရွင္းတမ္းမွာေတာ့ လစာအသုံးစရိတ္ ယူ႐ို ၁၃ သန္းနီးပါး ပိုမိုလာမွာျဖစ္တဲ့အတြက္ ယူအီးအက္ဖ္ေအရဲ႕ Financial Fair Play Rule မွာ လူကြၽံေဘာ မမိေစဖို႔ ကြင္းလယ္လူ ဒီယုံးကို ေရာင္းခ်ရဖို႔ ျဖစ္လာခဲ့တာပါ။

ဒါ့အျပင္ ဒီယုံးကို အိုင္းယက္စ္အသင္းကေန ေခၚယူစာခ်ဳပ္ခဲ့စဥ္က လက္ရွိက်န္ေနေသးတဲ့ ေလးႏွစ္စာအတြက္ ဆုေၾကးခံစားခြင့္ေတြအပါအဝင္ ယူ႐ို ၈၈.၅၈ သန္း (ေပါင္ ၇၆ သန္း) ေပးေခ်သြားရမွာျဖစ္ၿပီး တျခားပြဲကစားခြင့္ဆုေၾကးက ယူ႐ို ၈ သန္းအထိ ထပ္ေပးရႏိုင္သလို ခ်န္ပီယံလိဂ္ဖိုင္နယ္အထိ ေရာက္ရွိခဲ့ရင္ ယူ႐ို ၁၂.၈ သန္း ထပ္ေပးရဦးမွာျဖစ္လို႔ ဆက္ထားဖို႔ထက္ ေရာင္းမွပဲ ဘာစီလိုနာတို႔အတြက္ ကိုက္ေတာ့မွာျဖစ္ပါတယ္။

အသင္းမွာ ဆက္ရွိေနရင္ ယူ႐ိုသန္း ၁၀၀ ေက်ာ္ ထပ္မံကုန္က်ႏိုင္တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ဒတ္ခ်္ကြင္းလယ္လူကို မန္ခ်က္စတာယူႏိုက္တက္အသင္းက အသည္းအသန္ အလိုရွိေနတာေၾကာင့္ ေရာင္းခ်ဖို႔ မခက္ေပမယ့္ သူတို႔ေတြ ေတာင္းဆိုထားတဲ့ ယူ႐ိုသန္း ၈၀ (ေပါင္ ၆၈.၈ သန္း) ပမာဏကို ရရွိဖို႔ေတာ့ အထာနပ္သြားတဲ့ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္သူေတြဆီမွ ရဖို႔ မျဖစ္ႏိုင္ေတာ့တာပါ။

ေနာက္ဆုံးသတင္းေတြအရေတာ့ မန္ယူႏိုက္တက္ဘက္က ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၆ သန္းကို သေဘာတူညီခဲ့ၿပီလို႔ သိရၿပီး အနာဂတ္ ခံစားခြင့္ကိုေတာ့ ေပါင္ ၁၇ သန္းနဲ႔ သေဘာတူညီႏိုင္ဖို႔ ေဆြးေႏြးေနၾကသလို ကစားသမားနဲ႔ ပုဂၢိဳလ္ေရး ေဆြးေႏြးမႈေတြမွာေတာ့ လက္ရွိရေနတဲ့ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲကေန ေလွ်ာ့ယူဖို႔ ေတာင္းဆိုရာမွာ မေအာင္ျမင္ေသးဘူးလို႔ ဆိုေနၾကပါတယ္။

တကယ္တမ္းမွာေတာ့ ဘာစီလိုနာတို႔ဘက္က ဒီယုံးကို ဆက္လက္ထိန္းသိမ္းထားဖို႔ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ ေရာင္းခ်ရေတာ့မွာျဖစ္ၿပီး ကစားသမားအေနနဲ႔ လစာကို ေလွ်ာ့မလိုခ်င္ဘူးဆိုရင္ ေနာက္ဆုံးေခၚယူထားတဲ့ ကက္ဆီေယးနဲ႔ ခရစၥတင္ဆန္တို႔ရဲ႕ လုပ္ခေတြနဲ႔ ပိုက္ေဘာပိုမိလာေတာ့မွာ ျဖစ္တာေၾကာင့္ မန္ယူႏိုက္တက္တို႔ကေတာ့ အေပၚစီးေရာက္လာခဲ့သလို ကာတာလန္သားေတြ ေအာက္စီးက ညႇိရဖို႔သာ ျဖစ္လာႏိုင္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.