Premier League Transfer News

အီဒူးနဲ့တွေ့ဆုံခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေကို သတင်းကောင်းပါးခဲ့တဲ့ ပေါလ် မာဆန်

အာဆင်နယ်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ အာဆင်နယ် နည်းစနစ်ဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ပြီးနောက် စိတ်ဝင်စားစရာအချက်အလက်အချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပေါလ် မာဆန်က ယမန်နေ့မှာ အာဆင်နယ်နဲ့ပတ်သက်ပြီး Sky Sports ကို ပြောဆိုခဲ့ရာမှာ “သူတို့တွေ အဆင်ပြေနေပုံပဲ။ ကျွန်တော် တနင်္ဂနွေနေ့မှာ အီဒူးနဲ့ တွေ့ခဲ့ပြီး စကားနည်းနည်းပါးပါး ပြောဖြစ်ခဲ့တယ်။ သူတို့တွေ ကစားသမားတွေကို ကောင်းကောင်း ဝယ်ယူနိုင်ခဲ့တယ်လို့ ထင်တယ်။ သူတို့တွေ နောက်ထပ် ကစားသမားတွေ ထပ်ခေါ်နိုင်အောင် ကြိုးပမ်းနေတယ်”

ထပ်ခေါ်မယ့် ကစားသမား ၂ ဦးက ဘယ်သူတွေလဲလို့ မေးမြန်းခံခဲ့ရာမှာတော့ ပေါလ် မာဆန်က “ကျွန်တော် အဲဒါကိုတော့ မပြောနိုင်ပါဘူး။ သူက ကျွန်တော့်ကို ယုံကြည်ချက်ရှိရှိနဲ့ကို ပြောခဲ့တာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဂါဘရီယယ်လ် ဂျေဆူး၊ ဖေဘီယို ဗီယာရာ၊ မတ် တန်နာ၊ မာကင်ညို့စ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့် ပေါလ် မာဆန်က နောက်ထပ် ကစားသမားခေါ်ယူမှုတွေ မျှော်မှန်းနိုင်တယ်လို့ အတည်ပြုပြောကြားခဲ့ပုံပေါ်ပါတယ်။

အဲဒီလိုသာဆိုရင် ထပ်ခေါ်မယ့် ကစားသမားတွေက ဘယ်သူတွေလဲဆိုတာ စဉ်းစားစရာဖြစ်လာပြီဖြစ်ပြီး လက်ရှိ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ လီဆန်ဒရို မာတီနက်ဇ်ဟာ အဲဒီကစားသမားတွေထဲက တစ်ဦးဖြစ်မယ်ဆိုရင် အံ့အားသင့်စရာဖြစ်လာမှာမဟုတ်တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို အိုင်းယက်စ်က ငြင်းပယ်ထားပြီးဖြစ်တယ်ဆိုတာကို မြင်တွေ့ခဲ့ရပေမယ့်လည်း ယခုအပတ်မှာ ပြောဆိုဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ စီစဉ်ထားတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်တောင်ပံကြယ်ပွင့် ရာဖင်ညာကလည်း အာဆင်နယ်အသင်း ထပ်မံခေါ်ယူနိုင်တဲ့ကစားသမားတွေထဲမှာ ပါဝင်နိုင်ပေမယ့် ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားမှုကို တစ်ဆင့်တက်ပြီးကတည်းက မြောက်လန်ဒန်ကလပ်အသင်းနဲ့ သတင်းတွေက တိတ်ဆိတ်သွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရဆိုရင် အာဆင်နယ်အသင်းဆီက ကမ်းလှမ်းမှုတွေ ငြင်းပယ်ခဲ့တာက ဘရာဇီးလ်ကြယ်ပွင့်ရဲ့ ဆန္ဒကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ရာဖင်ညာဟာ လက်ရှိအချိန်မှာ အာတီတာနဲ့ အီဒူးအတွက် ပစ်မှတ်အဖြစ် ရှိနေသေးလားဆိုတာ မသိရပေမယ့် တကယ်လို့ လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမားသာ မဟုတ်ဘူးဆိုရင် ပေါလ် မာဆန်ရဲ့ မှတ်ချက်နဲ့ ကိုက်ညီမယ့် နောက်ထပ်ကစားသမားတစ်ယောက်ရှိနေသေးတာဖြစ်ပါတယ်။ အဲဒီကစားသမားကတော့ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ယူရီ တီလီမန်းစ်ဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။

ကစားသမားနဲ့ ၎င်းရဲ့အေးဂျင့်ကို အာဆင်နယ်အသင်းက ပြောဆိုဆွေးနွေးမှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်ရပေမယ့်လည်း တရားဝင်ကမ်းလှမ်းမှုမျိုး အခုအချိန်အထိ ပြုလုပ်ထားခြင်းမရှိသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ၾကယ္ပြင့္ေဟာင္းျဖစ္တဲ့ ေဘာလုံးေဝဖန္သုံးသပ္သူ ေပါလ္ မာဆန္က ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ အာဆင္နယ္ နည္းစနစ္ဒါ႐ိုက္တာနဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ စိတ္ဝင္စားစရာအခ်က္အလက္အခ်ိဳ႕ကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ေပါလ္ မာဆန္က ယမန္ေန႔မွာ အာဆင္နယ္နဲ႔ပတ္သက္ၿပီး Sky Sports ကို ေျပာဆိုခဲ့ရာမွာ “သူတို႔ေတြ အဆင္ေျပေနပုံပဲ။ ကြၽန္ေတာ္ တနဂၤေႏြေန႔မွာ အီဒူးနဲ႔ ေတြ႕ခဲ့ၿပီး စကားနည္းနည္းပါးပါး ေျပာျဖစ္ခဲ့တယ္။ သူတို႔ေတြ ကစားသမားေတြကို ေကာင္းေကာင္း ဝယ္ယူႏိုင္ခဲ့တယ္လို႔ ထင္တယ္။ သူတို႔ေတြ ေနာက္ထပ္ ကစားသမားေတြ ထပ္ေခၚႏိုင္ေအာင္ ႀကိဳးပမ္းေနတယ္”

ထပ္ေခၚမယ့္ ကစားသမား ၂ ဦးက ဘယ္သူေတြလဲလို႔ ေမးျမန္းခံခဲ့ရာမွာေတာ့ ေပါလ္ မာဆန္က “ကြၽန္ေတာ္ အဲဒါကိုေတာ့ မေျပာႏိုင္ပါဘူး။ သူက ကြၽန္ေတာ့္ကို ယုံၾကည္ခ်က္ရွိရွိနဲ႔ကို ေျပာခဲ့တာပါ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ဂါဘရီယယ္လ္ ေဂ်ဆူး၊ ေဖဘီယို ဗီယာရာ၊ မတ္ တန္နာ၊ မာကင္ညိဳ႕စ္တို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္ ေပါလ္ မာဆန္က ေနာက္ထပ္ ကစားသမားေခၚယူမႈေတြ ေမွ်ာ္မွန္းႏိုင္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပုံေပၚပါတယ္။

အဲဒီလိုသာဆိုရင္ ထပ္ေခၚမယ့္ ကစားသမားေတြက ဘယ္သူေတြလဲဆိုတာ စဥ္းစားစရာျဖစ္လာၿပီျဖစ္ၿပီး လက္ရွိ ထြက္ေပၚေနတဲ့သတင္းေတြအရေတာ့ လီဆန္ဒ႐ို မာတီနက္ဇ္ဟာ အဲဒီကစားသမားေတြထဲက တစ္ဦးျဖစ္မယ္ဆိုရင္ အံ့အားသင့္စရာျဖစ္လာမွာမဟုတ္တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမႈကို အိုင္းယက္စ္က ျငင္းပယ္ထားၿပီးျဖစ္တယ္ဆိုတာကို ျမင္ေတြ႕ခဲ့ရေပမယ့္လည္း ယခုအပတ္မွာ ေျပာဆိုေဆြးေႏြးမႈေတြ ထပ္လုပ္ဖို႔ စီစဥ္ထားတယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

လိဒ္စ္ယူႏိုက္တက္ေတာင္ပံၾကယ္ပြင့္ ရာဖင္ညာကလည္း အာဆင္နယ္အသင္း ထပ္မံေခၚယူႏိုင္တဲ့ကစားသမားေတြထဲမွာ ပါဝင္ႏိုင္ေပမယ့္ ခ်ဲလ္ဆီးနဲ႔ ဘာစီလိုနာတို႔က စိတ္ဝင္စားမႈကို တစ္ဆင့္တက္ၿပီးကတည္းက ေျမာက္လန္ဒန္ကလပ္အသင္းနဲ႔ သတင္းေတြက တိတ္ဆိတ္သြားခဲ့တာျဖစ္ပါတယ္။ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ အာဆင္နယ္အသင္းဆီက ကမ္းလွမ္းမႈေတြ ျငင္းပယ္ခဲ့တာက ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ ဆႏၵေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

ရာဖင္ညာဟာ လက္ရွိအခ်ိန္မွာ အာတီတာနဲ႔ အီဒူးအတြက္ ပစ္မွတ္အျဖစ္ ရွိေနေသးလားဆိုတာ မသိရေပမယ့္ တကယ္လို႔ လိဒ္စ္ယူႏိုက္တက္ေတာင္ပံကစားသမားသာ မဟုတ္ဘူးဆိုရင္ ေပါလ္ မာဆန္ရဲ႕ မွတ္ခ်က္နဲ႔ ကိုက္ညီမယ့္ ေနာက္ထပ္ကစားသမားတစ္ေယာက္ရွိေနေသးတာျဖစ္ပါတယ္။ အဲဒီကစားသမားကေတာ့ လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ယူရီ တီလီမန္းစ္ျဖစ္ၿပီး ၿပီးခဲ့တဲ့လအနည္းငယ္ကတည္းက အာဆင္နယ္အသင္းရဲ႕ စိတ္ဝင္စားမႈကို ခံေနခဲ့ရတဲ့ ကစားသမားျဖစ္ပါတယ္။

ကစားသမားနဲ႔ ၎ရဲ႕ေအးဂ်င့္ကို အာဆင္နယ္အသင္းက ေျပာဆိုေဆြးေႏြးမႈေတြ အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ ယုံၾကည္ရေပမယ့္လည္း တရားဝင္ကမ္းလွမ္းမႈမ်ိဳး အခုအခ်ိန္အထိ ျပဳလုပ္ထားျခင္းမရွိေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.