Premier League Serie A

ဆာအဲလက်စ်ဖာဂူဆန်ကတောင် အလေးပြုခဲ့ရတဲ့ တကယ့်ဂန္ထဝင် ဒဲလ်ပီယာရို

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က သူ့ရဲ့ နည်းပြဘဝမှာ လက်တွဲခဲ့ချင်ပေမယ့် ဘယ်တုန်းကမှ အကောင်အထည် ပေါ်မလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အီတလီတိုက်စစ်မှူး အလက်ဆန်ဒရို ဒဲလ်ပီယာရိုကို သူ့အနေနဲ့ လေးစားခဲ့ရပုံကို ခုလိုမျိုး မှတ်ချက်ပေး ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဆာအဲလက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နည်းပြဖြစ်ခဲ့ချိန်မှာ ဒဲလ်ပီယာရိုကတော့ တူရင်ကလပ် ဂျူဗင်တပ်စ် အသင်းမှာ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့တာဖြစ်ပြီး စကော့တလန်ဂုရုကြီးက သူ့အနေနဲ့ အီတလီသားကို ခေါ်ယူဖို့ အကြိမ်ကြိမ် အခွင့်အရေး ရှာဖွေခဲ့ပေမယ့် မအောင်မြင်ခဲ့ပုံကို ဖွင့်ဟသွားခဲ့တာပါ။

“ကျွန်တော့်နည်းပြဘဝမှာ ဒဲလ်ပီယာရိုကို မန်ချက်စတာယူနိုက်တက်ဆီ ခေါ်ယူဖို့ ကြိုးစားခဲ့တာ အကြိမ်ရေ မနည်းပါဘူး။ ဒါပေမယ့် သူက ပြောခဲ့တယ်… ဂျူဗင်တပ်စ်ဟာ သူ့ရဲ့ အိမ်ဖြစ်ပြီး ဒီကနေ ဘယ်တော့မှ ထွက်ခွာမှာ မဟုတ်ပါဘူးဆိုလို့ ကျွန်တော်လည်း လက်လျှော့ခဲ့ရတယ်လေ”

“ဒီလိုနဲ့ ဂျူဗင်တပ်စ်တို့ ဒုတိယတန်း (စီးရီဘီ)ကို တန်းဆင်းရောဗျ။ ဒါနဲ့ ကျွန်တော်လည်း ပိုင်ပြီပေါ့ဆိုပြီး သူ့ဆီကို လှမ်းဖုန်းဆက်လိုက်တယ်။ မန်ချက်စတာ ယူနိုက်တက်မှာ ကစားဖို့ အဆင်သင့်ဖြစ်ပြီလားပေါ့။ ဒါပေမယ့် လွဲပြန်ရောဗျာ”လို့ အသက် ၈၀ အရွယ် နည်းပြဟောင်းကြီးက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“သူက ဘာပြန်ပြောသလဲဆိုတော့ ဆရာကြီး… ခင်ဗျားကို ကျွန်တော် အရမ်းလေးစားပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီအသင်းရဲ့ ကပ္ပတိန်ပါ။ အခုလိုမျိုး အသင်းက ခက်ခဲနေချိန်မျိုးမှာ ကျွန်တော် ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ပါဘူး။ အသင်းက တတိယတန်း (စီးရီးစီ)မှာဖြစ်နေရင်တောင်မှပေါ့တဲ့”လို့ ဒဲလ်ပီယာရိုရဲ့ ဂျူဗီတို့အပေါ် အဆုံးအထိ သစ္စာရှိခဲ့ပုံကို ထုတ်ဖော်ချီးကျူးသွားခဲ့တာပါ။

ဒဲလ်ပီယာရိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ပြိုင်ပွဲစုံ ၇၀၅ ပွဲကစား၊ ကလပ်စံချိန်တင် ဂိုးပေါင်း ၂၉၀ သွင်းယူပေးခဲ့သူဖြစ်ပြီး အသင်းရဲ့ လုပ်ပွဲအရှုပ်တော်ပုံကြောင့် တန်းဆင်းခဲ့ရမှုမှာ စွန့်ခွာသွားခဲ့တဲ့ ကစားသမားအများစုထဲမှာ မပါဝင်ဘဲ သစ္စာရှိရှိ ကစားပေးခဲ့သလို အသက်အရွယ်ထောက်လာတဲ့ ၃၈ နှစ်အရွယ်မှာမှ ဩစတေးလျ A-လိဂ်ရဲ့ ဆစ်ဒနီ FC နဲ့ အိန္ဒိယပရီးမီးယားလိဂ်ရဲ့ ဒေလီ ဒိုင်နမိုအသင်းတွေဆီ အပျော်သဘော ပြောင်းရွှေ့ကစားခဲ့သူလည်းဖြစ်ပါတယ်။

အီတလီလက်ရွေးစင်အသင်းနဲ့ ၉၁ ပွဲကစား ၂၇ ဂိုးသွင်းပေးခဲ့တဲ့ ဒဲလ်ပီယာရိုဟာ တိုက်စစ်မှာ နေရာစုံ ကစားနိုင်ပြီး တွဲဖက်ကစားသမားတွေကို ဖန်တီးပေးပို့မှုလည်း ကောင်းမွန်သူဖြစ်တာကြောင့် နည်းပြကြီး ဖာဂူဆန်က အလိုရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟောင်းဟာ အီတလီအခြေစိုက် Sky Sports ဌာနခွဲရဲ့ ဘောလုံးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္က သူ႔ရဲ႕ နည္းျပဘဝမွာ လက္တြဲခဲ့ခ်င္ေပမယ့္ ဘယ္တုန္းကမွ အေကာင္အထည္ ေပၚမလာခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ အီတလီတိုက္စစ္မႉး အလက္ဆန္ဒ႐ို ဒဲလ္ပီယာ႐ိုကို သူ႔အေနနဲ႔ ေလးစားခဲ့ရပုံကို ခုလိုမ်ိဳး မွတ္ခ်က္ေပး ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ဆာအဲလက္စ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၁၉၈၆ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အထိ နည္းျပျဖစ္ခဲ့ခ်ိန္မွာ ဒဲလ္ပီယာ႐ိုကေတာ့ တူရင္ကလပ္ ဂ်ဴဗင္တပ္စ္ အသင္းမွာ ၁၉၉၃ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အထိ ကစားခဲ့တာျဖစ္ၿပီး စေကာ့တလန္ဂု႐ုႀကီးက သူ႔အေနနဲ႔ အီတလီသားကို ေခၚယူဖို႔ အႀကိမ္ႀကိမ္ အခြင့္အေရး ရွာေဖြခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပုံကို ဖြင့္ဟသြားခဲ့တာပါ။

“ကြၽန္ေတာ့္နည္းျပဘဝမွာ ဒဲလ္ပီယာ႐ိုကို မန္ခ်က္စတာယူႏိုက္တက္ဆီ ေခၚယူဖို႔ ႀကိဳးစားခဲ့တာ အႀကိမ္ေရ မနည္းပါဘူး။ ဒါေပမယ့္ သူက ေျပာခဲ့တယ္… ဂ်ဴဗင္တပ္စ္ဟာ သူ႔ရဲ႕ အိမ္ျဖစ္ၿပီး ဒီကေန ဘယ္ေတာ့မွ ထြက္ခြာမွာ မဟုတ္ပါဘူးဆိုလို႔ ကြၽန္ေတာ္လည္း လက္ေလွ်ာ့ခဲ့ရတယ္ေလ”

“ဒီလိုနဲ႔ ဂ်ဴဗင္တပ္စ္တို႔ ဒုတိယတန္း (စီးရီဘီ)ကို တန္းဆင္းေရာဗ်။ ဒါနဲ႔ ကြၽန္ေတာ္လည္း ပိုင္ၿပီေပါ့ဆိုၿပီး သူ႔ဆီကို လွမ္းဖုန္းဆက္လိုက္တယ္။ မန္ခ်က္စတာ ယူႏိုက္တက္မွာ ကစားဖို႔ အဆင္သင့္ျဖစ္ၿပီလားေပါ့။ ဒါေပမယ့္ လြဲျပန္ေရာဗ်ာ”လို႔ အသက္ ၈၀ အ႐ြယ္ နည္းျပေဟာင္းႀကီးက ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။

“သူက ဘာျပန္ေျပာသလဲဆိုေတာ့ ဆရာႀကီး… ခင္ဗ်ားကို ကြၽန္ေတာ္ အရမ္းေလးစားပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ဒီအသင္းရဲ႕ ကပၸတိန္ပါ။ အခုလိုမ်ိဳး အသင္းက ခက္ခဲေနခ်ိန္မ်ိဳးမွာ ကြၽန္ေတာ္ ဘယ္ေတာ့မွ စြန႔္ခြာမွာ မဟုတ္ပါဘူး။ အသင္းက တတိယတန္း (စီးရီးစီ)မွာျဖစ္ေနရင္ေတာင္မွေပါ့တဲ့”လို႔ ဒဲလ္ပီယာ႐ိုရဲ႕ ဂ်ဴဗီတို႔အေပၚ အဆုံးအထိ သစၥာရွိခဲ့ပုံကို ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့တာပါ။

ဒဲလ္ပီယာ႐ိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ၿပိဳင္ပြဲစုံ ၇၀၅ ပြဲကစား၊ ကလပ္စံခ်ိန္တင္ ဂိုးေပါင္း ၂၉၀ သြင္းယူေပးခဲ့သူျဖစ္ၿပီး အသင္းရဲ႕ လုပ္ပြဲအရႈပ္ေတာ္ပုံေၾကာင့္ တန္းဆင္းခဲ့ရမႈမွာ စြန႔္ခြာသြားခဲ့တဲ့ ကစားသမားအမ်ားစုထဲမွာ မပါဝင္ဘဲ သစၥာရွိရွိ ကစားေပးခဲ့သလို အသက္အ႐ြယ္ေထာက္လာတဲ့ ၃၈ ႏွစ္အ႐ြယ္မွာမွ ဩစေတးလ် A-လိဂ္ရဲ႕ ဆစ္ဒနီ FC နဲ႔ အိႏၵိယပရီးမီးယားလိဂ္ရဲ႕ ေဒလီ ဒိုင္နမိုအသင္းေတြဆီ အေပ်ာ္သေဘာ ေျပာင္းေ႐ႊ႕ကစားခဲ့သူလည္းျဖစ္ပါတယ္။

အီတလီလက္ေ႐ြးစင္အသင္းနဲ႔ ၉၁ ပြဲကစား ၂၇ ဂိုးသြင္းေပးခဲ့တဲ့ ဒဲလ္ပီယာ႐ိုဟာ တိုက္စစ္မွာ ေနရာစုံ ကစားႏိုင္ၿပီး တြဲဖက္ကစားသမားေတြကို ဖန္တီးေပးပို႔မႈလည္း ေကာင္းမြန္သူျဖစ္တာေၾကာင့္ နည္းျပႀကီး ဖာဂူဆန္က အလိုရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အသက္ ၄၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တိုက္စစ္မႉးေဟာင္းဟာ အီတလီအေျခစိုက္ Sky Sports ဌာနခြဲရဲ႕ ေဘာလုံးကြၽမ္းက်င္သူအျဖစ္ ေဆာင္႐ြက္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.