La Liga

မိဘ ၂ ပါးစလုံးကို ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းကလေးငယ်အတွက် လေးစားစရာအပြုအမူကို ပြသခဲ့တဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် လူကာ မိုဒရစ်ဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် မိဘ ၂ ပါးစလုံးကို ဆုံးရှုံးခဲ့ရတဲ့ အသက် ၆ နှစ်အရွယ် ယူကရိန်း ကလေးငယ်ကို FaceTime ကနေ တဆင့် ရုပ်သံဗီဒီယိုဖုန်းခေါ်မှုပြုလုပ်ပြီး လေးစားဖွယ် အပြုအမူကို ပြသခဲ့ပါတယ်။

ရှက်တာဒိုးနတ်အသင်းရဲ့ အမာခံပရိသတ်ဖြစ်တဲ့ အီလာ ကိုစတုရှက်ဗစ်ချ်ဟာ မာရီပိုလ်မြို့ကို ရုရှားက လေကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း မိခင်ရော ဖခင်ကိုပါ ဆုံးရှုံးခဲ့ရပြီးနောက် လောကအလယ် မိဘမဲ့ကလေးငယ်တစ်ဦးအဖြစ် နာကျင်စွာနဲ့ ရှင်သန်နေထိုင်နေရသူဖြစ်ပါတယ်။ ကြေကွဲဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြောင့် မိဘတွေမရှိတော့ပေမယ့် ယူကရိန်းကလေးငယ်ဟာ ဘဝကို အရှုံးမပေးစတမ်း ရဲရင့်စွာနဲ့ ဆက်လက်ရှင်သန်နေတာဖြစ်ပါတယ်။

ကိုစတုရှက်ဗစ်ချ်ဟာ ယခုအပတ်မှာ အံ့အားသင့်ဖွယ် အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး လက်ရှိမှာ အသင်းဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ရှက်တာဒိုးနတ်ဂန္တဝင် ဒါဗီအို ဆအားက အီလာနဲ့အတူ အချိန်ကုန်ဆုံးပေးခဲ့တာဖြစ်ပါတယ်။ ဆအားဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဘလွန်ဒေါဆုရှင် တစ်နိုင်ငံတည်းသား လူကာ မိုဒရစ်ဆီကနေ ဖုန်းခေါ်လာအောင် စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ အီလာနဲ့ FaceTime ကနေ ဖုန်းပြောပေးခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်ကို တင်ခဲ့ရာမှာ မယုံနိုင်လောက်စရာ ကောင်းခဲ့တာဖြစ်ပါတယ်။ အီလာဟာ ဆလိုဗီယန့်စ်ကနေ ထွက်ပြေးလာတဲ့ ဗိုလိုဒီမျာ၊ မာရီယာ ဘက်စ်ပါလီတို့နဲ့အတူ နေထိုင်နေခဲ့တာဖြစ်ပြီး သံယောဇဉ်တွေ ကြီးထွားလာခဲ့ပြီးနောက် သားအဖြစ်နဲ့ မွေးစားဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

“ကျွန်မသူ့ကို ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကြီး ဖြစ်နေတယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ အရာအားလုံးက ဒီလိုဖြစ်လာခဲ့တယ်။ ကျွန်မ သူ့ကို ‘သား တစ်ယောက်တည်းမဟုတ်ပါဘူး။ အန်တီတို့ သားကို ခေါ်ထားပြီး စောင့်ရှောက်ပေးပါမယ်။ အန်တီတို့ သားကို ချစ်ပေးမှာဖြစ်ပြီး သားသာ ဆန္ဒရှိရင် အန်တီတို့က သားရဲ့မိသားစုအဖြစ် ရှိနေပေးမှာပါ။ အန်တီတို့က သားရဲ့ အမေနဲ့ အဖေ ဖြစ်ပေးပါ့မယ်။ သားရဲ့ အဖေနဲ့ အမေက အခုဆိုရင် ကောင်းကင်ဘုံမှာ ရှိနေကြပြီ။ သူတို့က သားကို လှမ်းကြည့်နေပြီး ပျော်ရွှင်နေကြတယ်’လို့ ပြောခဲ့တယ်”လို့ မာရီယာက ပြောကြားခဲ့ပါတယ်။

လူကာ မိုဒရစ်ဟာ အီလာရဲ့ ဘဝပေးအခြေအနေကို ကောင်းကောင်း ကိုယ်ချင်းစာနားလည်ပေးနိုင်ပြီး ခရိုအေးရှားကြယ်ပွင့်ဟာ ယူကရိန်းကလေးငယ်အရွယ်တုန်းက ၎င်းရဲ့ အဖိုးဖြစ်သူဟာ အခြားပြည်သူ ၆ ဦးနဲ့အတူ အိမ်ရှေ့မှာပဲ ဆားဘီးယားသူပုန်တွေရဲ့ ပစ်သတ်ခြင်းခံခဲ့ရတာကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ကိုပါ မီးရှို့ခံခဲ့ရတာကြောင့် လူကာ မိုဒရစ်ဟာ မိဘတွေနဲ့အတူ ဇာဒါမြို့က ကိုလိုဗာဟဲဟိုတယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ဒုက္ခသည်တွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စစ်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေခဲ့ဆဲဖြစ်ပြီး ကလေးအရွယ်သာရှိသေးတဲ့ မိုဒရစ်ဟာ စစ်ပွဲဇုန်မှာ ဗုံးသံတွေကို နားထောင်ရင်း လူလားမြောက်ခဲ့ရတာဖြစ်ပါတယ်။

“စစ်ပွဲက ဘယ်သူ့အတွက်မဆို ဘယ်တော့မှ ကောင်းမွန်တဲ့အရာတွေကို ယူဆောင်ပေးမှာမဟုတ်ပါဘူး။ ကျွန်တော် အဲဒီအချိန်တုန်းက အဲဒီစာကို ရေးခဲ့တယ်။ အဲဒီလို ရေးပြီးတော့ ဘယ်သူ့ကိုမှ ကျွန်တော့်ဆီမှာ အမုန်းတရားတွေ မရှိခဲ့ပါဘူး။ အဲဒါပါပဲ။ ဖြစ်တာတွေက ဖြစ်ပြီးသွားပြီ။ ကျွန်တော့်အဖိုး ကျွန်တော်တို့နဲ့အတူ မရှိနိုင်တော့တာ ကြေကွဲစရာပါပဲ။ စစ်ပွဲဆိုတာက ကောင်းမွန်တဲ့အရာတွေ ဖြစ်ပျက်စေတဲ့အရာမဟုတ်ပါဘူး”

“ကျွန်တော့်မှာ အမုန်းတရားမရှိခဲ့သလို ဘာမှမသိခဲ့ဘူး။ ဘယ်သူ့အပေါ်မှလည်း ဘာခံစားချက်မှ မရှိခဲ့ပါဘူး။ အဲဒါက ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါပဲ။ ဒီလိုအရာတွေက ခင်ဗျားကို ပိုပြီးတော့ ခက်ထန်လာနိုင်စေသလို ခင်ဗျားကိုလည်း လဲပြိုသွားစေနိုင်တယ်။ ကျွန်တော်ကတော့ တခြားလမ်းကို ရွေးချယ်ခဲ့ပြီး ကျွန်တော့်ရဲ့ စရိုက်လက္ခဏာကို ဖန်တီးနိုင်ဖို့အတွက် ပိုပြီး မာကျောခက်ထန်လာဖို့ ရွေးချယ်ခဲ့တယ်”လို့ မိုဒရစ်က The Guardian သတင်းစာကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ လူကာ မိုဒရစ္ဟာ ႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ မိဘ ၂ ပါးစလုံးကို ဆုံးရႈံးခဲ့ရတဲ့ အသက္ ၆ ႏွစ္အ႐ြယ္ ယူကရိန္း ကေလးငယ္ကို FaceTime ကေန တဆင့္ ႐ုပ္သံဗီဒီယိုဖုန္းေခၚမႈျပဳလုပ္ၿပီး ေလးစားဖြယ္ အျပဳအမူကို ျပသခဲ့ပါတယ္။

ရွက္တာဒိုးနတ္အသင္းရဲ႕ အမာခံပရိသတ္ျဖစ္တဲ့ အီလာ ကိုစတုရွက္ဗစ္ခ်္ဟာ မာရီပိုလ္ၿမိဳ႕ကို ႐ုရွားက ေလေၾကာင္းနဲ႔ ထိုးစစ္ဆင္ တိုက္ခိုက္မႈအတြင္း မိခင္ေရာ ဖခင္ကိုပါ ဆုံးရႈံးခဲ့ရၿပီးေနာက္ ေလာကအလယ္ မိဘမဲ့ကေလးငယ္တစ္ဦးအျဖစ္ နာက်င္စြာနဲ႔ ရွင္သန္ေနထိုင္ေနရသူျဖစ္ပါတယ္။ ေၾကကြဲဝမ္းနည္းဖြယ္ရာျဖစ္ရပ္ေၾကာင့္ မိဘေတြမရွိေတာ့ေပမယ့္ ယူကရိန္းကေလးငယ္ဟာ ဘဝကို အရႈံးမေပးစတမ္း ရဲရင့္စြာနဲ႔ ဆက္လက္ရွင္သန္ေနတာျဖစ္ပါတယ္။

ကိုစတုရွက္ဗစ္ခ်္ဟာ ယခုအပတ္မွာ အံ့အားသင့္ဖြယ္ အခိုက္အတန႔္တစ္ခုကို ပိုင္ဆိုင္ခဲ့ၿပီး လက္ရွိမွာ အသင္းဒါ႐ိုက္တာအျဖစ္ ေဆာင္႐ြက္ေနတဲ့ ရွက္တာဒိုးနတ္ဂႏၲဝင္ ဒါဗီအို ဆအားက အီလာနဲ႔အတူ အခ်ိန္ကုန္ဆုံးေပးခဲ့တာျဖစ္ပါတယ္။ ဆအားဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ၂၀၁၈ ခုႏွစ္ ဘလြန္ေဒါဆုရွင္ တစ္ႏိုင္ငံတည္းသား လူကာ မိုဒရစ္ဆီကေန ဖုန္းေခၚလာေအာင္ စီစဥ္ေပးခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဟာ အီလာနဲ႔ FaceTime ကေန ဖုန္းေျပာေပးခဲ့ၿပီး အဲဒီဗီဒီယိုဖိုင္ကို လူမႈကြန္ရက္ေပၚကို တင္ခဲ့ရာမွာ မယုံႏိုင္ေလာက္စရာ ေကာင္းခဲ့တာျဖစ္ပါတယ္။ အီလာဟာ ဆလိုဗီယန႔္စ္ကေန ထြက္ေျပးလာတဲ့ ဗိုလိုဒီမ်ာ၊ မာရီယာ ဘက္စ္ပါလီတို႔နဲ႔အတူ ေနထိုင္ေနခဲ့တာျဖစ္ၿပီး သံေယာဇဥ္ေတြ ႀကီးထြားလာခဲ့ၿပီးေနာက္ သားအျဖစ္နဲ႔ ေမြးစားဖို႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

“ကြၽန္မသူ႔ကို ရက္စက္ၾကမ္းၾကဳတ္တဲ့စစ္ပြဲႀကီး ျဖစ္ေနတယ္ဆိုတာ ရွင္းျပခဲ့ပါတယ္။ ကံဆိုးစြာနဲ႔ပဲ အရာအားလုံးက ဒီလိုျဖစ္လာခဲ့တယ္။ ကြၽန္မ သူ႔ကို ‘သား တစ္ေယာက္တည္းမဟုတ္ပါဘူး။ အန္တီတို႔ သားကို ေခၚထားၿပီး ေစာင့္ေရွာက္ေပးပါမယ္။ အန္တီတို႔ သားကို ခ်စ္ေပးမွာျဖစ္ၿပီး သားသာ ဆႏၵရွိရင္ အန္တီတို႔က သားရဲ႕မိသားစုအျဖစ္ ရွိေနေပးမွာပါ။ အန္တီတို႔က သားရဲ႕ အေမနဲ႔ အေဖ ျဖစ္ေပးပါ့မယ္။ သားရဲ႕ အေဖနဲ႔ အေမက အခုဆိုရင္ ေကာင္းကင္ဘုံမွာ ရွိေနၾကၿပီ။ သူတို႔က သားကို လွမ္းၾကည့္ေနၿပီး ေပ်ာ္႐ႊင္ေနၾကတယ္’လို႔ ေျပာခဲ့တယ္”လို႔ မာရီယာက ေျပာၾကားခဲ့ပါတယ္။

လူကာ မိုဒရစ္ဟာ အီလာရဲ႕ ဘဝေပးအေျခအေနကို ေကာင္းေကာင္း ကိုယ္ခ်င္းစာနားလည္ေပးႏိုင္ၿပီး ခ႐ိုေအးရွားၾကယ္ပြင့္ဟာ ယူကရိန္းကေလးငယ္အ႐ြယ္တုန္းက ၎ရဲ႕ အဖိုးျဖစ္သူဟာ အျခားျပည္သူ ၆ ဦးနဲ႔အတူ အိမ္ေရွ႕မွာပဲ ဆားဘီးယားသူပုန္ေတြရဲ႕ ပစ္သတ္ျခင္းခံခဲ့ရတာကို ႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္ကိုပါ မီးရႈိ႕ခံခဲ့ရတာေၾကာင့္ လူကာ မိုဒရစ္ဟာ မိဘေတြနဲ႔အတူ ဇာဒါၿမိဳ႕က ကိုလိုဗာဟဲဟိုတယ္ကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ရၿပီး ဒုကၡသည္ေတြ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စစ္ပြဲကေတာ့ ဆက္လက္ ျဖစ္ပြားေနခဲ့ဆဲျဖစ္ၿပီး ကေလးအ႐ြယ္သာရွိေသးတဲ့ မိုဒရစ္ဟာ စစ္ပြဲဇုန္မွာ ဗုံးသံေတြကို နားေထာင္ရင္း လူလားေျမာက္ခဲ့ရတာျဖစ္ပါတယ္။

“စစ္ပြဲက ဘယ္သူ႔အတြက္မဆို ဘယ္ေတာ့မွ ေကာင္းမြန္တဲ့အရာေတြကို ယူေဆာင္ေပးမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ အဲဒီအခ်ိန္တုန္းက အဲဒီစာကို ေရးခဲ့တယ္။ အဲဒီလို ေရးၿပီးေတာ့ ဘယ္သူ႔ကိုမွ ကြၽန္ေတာ့္ဆီမွာ အမုန္းတရားေတြ မရွိခဲ့ပါဘူး။ အဲဒါပါပဲ။ ျဖစ္တာေတြက ျဖစ္ၿပီးသြားၿပီ။ ကြၽန္ေတာ့္အဖိုး ကြၽန္ေတာ္တို႔နဲ႔အတူ မရွိႏိုင္ေတာ့တာ ေၾကကြဲစရာပါပဲ။ စစ္ပြဲဆိုတာက ေကာင္းမြန္တဲ့အရာေတြ ျဖစ္ပ်က္ေစတဲ့အရာမဟုတ္ပါဘူး”

“ကြၽန္ေတာ့္မွာ အမုန္းတရားမရွိခဲ့သလို ဘာမွမသိခဲ့ဘူး။ ဘယ္သူ႔အေပၚမွလည္း ဘာခံစားခ်က္မွ မရွိခဲ့ပါဘူး။ အဲဒါက ကြၽန္ေတာ္ ျဖတ္သန္းခဲ့ရတဲ့ ဘဝအစိတ္အပိုင္းတစ္ခုပါပဲ။ ဒီလိုအရာေတြက ခင္ဗ်ားကို ပိုၿပီးေတာ့ ခက္ထန္လာႏိုင္ေစသလို ခင္ဗ်ားကိုလည္း လဲၿပိဳသြားေစႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ တျခားလမ္းကို ေ႐ြးခ်ယ္ခဲ့ၿပီး ကြၽန္ေတာ့္ရဲ႕ စ႐ိုက္လကၡဏာကို ဖန္တီးႏိုင္ဖို႔အတြက္ ပိုၿပီး မာေက်ာခက္ထန္လာဖို႔ ေ႐ြးခ်ယ္ခဲ့တယ္”လို႔ မိုဒရစ္က The Guardian သတင္းစာကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.