La Liga Premier League Transfer News

စတားလင်းအပြင် နောက်ထပ်အဓိက ကစားသမားကို ဆုံးရှုံးရဦးမယ့် မန်စီးတီး

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားဟာ ယခုနွေရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် ၎င်းရဲ့ အေးဂျင့်ကို မီးစိမ်းပြလိုက်ပြီလို့ သိရပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ၂၀၂၅ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပေမယ့်လည်း ၎င်းရဲ့ ကစားသမားဘဝ စာမျက်နှာအသစ် စတင်ဖို့ အပြောင်းအရွှေ့ပြုလုပ်ချင်ကြောင်း နည်းပြ ဂွါဒီယိုလာကို အသိပေးခဲ့တယ်လို့ Sport က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ကတ်တလန် ထိပ်သီးအသင်းကြီးဟာ မန်ချက်စတာစီးတီးအသင်းကို ဘာနာဒို ဆေးလ်ဗားအတွက် အနည်းဆုံး ပေါင် ၈၆ သန်းပေးချေသွားရမှာဖြစ်ပြီး ဘာစီလိုနာအသင်းရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးအကြပ်အတည်းကို ပိုမို ဆိုးရွားစေနိုင်တဲ့ ပမာဏဖြစ်နိုင်ပါတယ်။

ဇာဗီရဲ့အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ တန်ကြေးသတ်မှတ်ထားမှုအတိုင်း ပေးချေနိုင်တယ်ဆိုရင်တောင်မှ ဂွါဒီယိုလာဟာ ဘာနာဒို ဆေးလ်ဗားနဲ့ လမ်းခွဲဖို့ တွန့်ဆုတ်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ပြီလို့ တစ်ထစ်ချမှတ်ယူလို့ မရနိုင်သေးတာဖြစ်ပါတယ်။

ဂွါဒီယိုလာက ဆေးလ်ဗားအနေနဲ့ အစ်တီဟတ်ကို စွန့်ခွာချင်နေကြောင်းကို “ဒီနေ့ ကျွန်တော် ထင်တာက ဘာနာဒို ဆေးလ်ဗားက ဆက်ပြီးရှိနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အမြဲတမ်းပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော် ဘာစီလိုနာမှာ ရှိခဲ့တဲ့အချိန်ကတည်းက အသင်းမှာမရှိချင်တဲ့ကစားသမားတွေကို မလိုချင်ခဲ့ပါဘူး”

“ကျွန်တော် ပြောနိုင်တာကတော့ ဘာနာဒို ဆေးလ်ဗားက ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဆိုတာပါပဲ”လို့ ပြောကြားပြီး ဝန်ခံခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်မှာ မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ဂွါဒီယိုလာရဲ့အသင်းအတွက် အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပြီး ၎င်းရဲ့ အရည်အသွေးတွေကို နေရာအများအပြားမှာ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမားဟာ မန်ချက်စတာစီးတီးအသင်းအတွက် ၂၄၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၈ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၅၀ ပြုလုပ်ပေးနိုင်ခဲ့ပြီး ၅ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ဘာနာဒို ေဆးလ္ဗားဟာ ယခုေႏြရာသီမွာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ၎ရဲ႕ ေအးဂ်င့္ကို မီးစိမ္းျပလိုက္ၿပီလို႔ သိရပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၂၀၂၅ ခုႏွစ္ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးသူျဖစ္ေပမယ့္လည္း ၎ရဲ႕ ကစားသမားဘဝ စာမ်က္ႏွာအသစ္ စတင္ဖို႔ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခ်င္ေၾကာင္း နည္းျပ ဂြါဒီယိုလာကို အသိေပးခဲ့တယ္လို႔ Sport က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ကတ္တလန္ ထိပ္သီးအသင္းႀကီးဟာ မန္ခ်က္စတာစီးတီးအသင္းကို ဘာနာဒို ေဆးလ္ဗားအတြက္ အနည္းဆုံး ေပါင္ ၈၆ သန္းေပးေခ်သြားရမွာျဖစ္ၿပီး ဘာစီလိုနာအသင္းရင္ဆိုင္ေနရတဲ့ ဘ႑ာေရးအၾကပ္အတည္းကို ပိုမို ဆိုး႐ြားေစႏိုင္တဲ့ ပမာဏျဖစ္ႏိုင္ပါတယ္။

ဇာဗီရဲ႕အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ တန္ေၾကးသတ္မွတ္ထားမႈအတိုင္း ေပးေခ်ႏိုင္တယ္ဆိုရင္ေတာင္မွ ဂြါဒီယိုလာဟာ ဘာနာဒို ေဆးလ္ဗားနဲ႔ လမ္းခြဲဖို႔ တြန႔္ဆုတ္ေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ၿပီလို႔ တစ္ထစ္ခ်မွတ္ယူလို႔ မရႏိုင္ေသးတာျဖစ္ပါတယ္။

ဂြါဒီယိုလာက ေဆးလ္ဗားအေနနဲ႔ အစ္တီဟတ္ကို စြန႔္ခြာခ်င္ေနေၾကာင္းကို “ဒီေန႔ ကြၽန္ေတာ္ ထင္တာက ဘာနာဒို ေဆးလ္ဗားက ဆက္ၿပီးရွိေနပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အၿမဲတမ္းေျပာခဲ့တဲ့အတိုင္းပဲ ကြၽန္ေတာ္ ဘာစီလိုနာမွာ ရွိခဲ့တဲ့အခ်ိန္ကတည္းက အသင္းမွာမရွိခ်င္တဲ့ကစားသမားေတြကို မလိုခ်င္ခဲ့ပါဘူး”

“ကြၽန္ေတာ္ ေျပာႏိုင္တာကေတာ့ ဘာနာဒို ေဆးလ္ဗားက ကြၽန္ေတာ္တို႔အသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ေယာက္ဆိုတာပါပဲ”လို႔ ေျပာၾကားၿပီး ဝန္ခံခဲ့ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ ၂၀၁၇ ခုႏွစ္မွာ မိုနာကိုအသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဂြါဒီယိုလာရဲ႕အသင္းအတြက္ အေရးအပါဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့တာျဖစ္ၿပီး ၎ရဲ႕ အရည္အေသြးေတြကို ေနရာအမ်ားအျပားမွာ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ ကြင္းလယ္ကစားသမားဟာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ၂၄၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ အႀကိမ္ ၅၀ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ၅ ရာသီအတြင္း ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.