La Liga

ရော်နယ်လ်ဒိုက မက်ဆီကို ခြေရာတိုင်းလို့မရဘူးလို့ ပြောခဲ့တဲ့ ဇာဗီ

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ လက်ရှိအချိန်အထိ ဘောလုံးလောကကို ဆယ်စုနှစ် ၂ ခုနီးပါး လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ မရေမတွက်နိုင်တဲ့ စံချိန်တွေကို ရိုက်ချိုးခဲ့ကြပြီး ယခုမျိုးဆက်ရဲ့ အကောင်းဆုံးဘောလုံးသမား ၂ ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးထဲမှာ ဘယ်သူက အကောင်းဆုံးလဲဆိုတာ အငြင်းအခုံဟာ အဖြေမထွက်သေးဘဲ ဘောလုံးလောက က လူသိများကျော်ကြားတဲ့ ကြယ်ပွင့်ကစားသမားအများအပြားကလည်း ၎င်းတို့ရဲ့ ထင်မြင်ချက်တွေကို ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ လီယွန်နယ် မက်ဆီရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ဘာစီလိုနည်းပြ ဇာဗီက အာဂျင်တီးနားကြယ်ပွင့်ဟာ ပွဲစဉ်တွေကို လွှမ်းမိုးတဲ့အပိုင်းမှာ ရော်နယ်လ်ဒိုထက် အပြတ်အသာ သာတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ဇာဗီရဲ့ ၂၀၁၇ ခုနှစ်တုန်းက မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို နှိုင်းယှဉ်ခဲ့တဲ့ မှတ်ချက်စကားဟာ ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဘာစီလိုနာနည်းပြက ဘာကြောင့် ဘလွန်ဒေါ ၇ ဆုရှင်က ပိုမိုကောင်းမွန်တဲ့ကစားသမားအဖြစ် ယူဆထားလဲဆိုတာကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

” မက်ဆီက ခရစ္စတီယာနိုနဲ့ နှိုင်းယှဉ်လိုက်ရင် အရာတော်တော်များများကို ပိုလုပ်နိုင်တယ်။ ခရစ္စတီယာနိုက သူ့ကိုယ်သူ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားလို့ ယူဆတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် မက်ဆီ လေ့ကျင့်တာကို မြင်တွေ့ခဲ့ရတဲ့ ကျွန်တော်တို့တွေထဲက လူတွေအတွက်တော့ ဘာမှ နှိုင်းယှဉ်စရာကို မလိုပါဘူး”

“မက်ဆီက သမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ပြီး ဘယ်လိုနည်းနဲ့မှ အဲဒါကို ကျွန်တော်တို့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ မက်ဆီက ကွဲပြားခြားနားမှုတွေကို လုပ်ဆောင်သူဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေကို ဟန်ချက်ပျက်အောင် လုပ်ဖို့ အချိန်နဲ့ တပြေးညီ သူ့ကို ဘောလုံးပေးပို့နိုင်အောင် ကျွန်တော်တို့ အမြဲတမ်း ကြိုးပမ်းခဲ့တယ်”

“မက်ဆီက ကမ္ဘာပေါ်မှာ ကွဲပြားခြားနားတာတွေကို အလုပ်နိုင်ဆုံး ကစားသမားပါ။ အဲဒါက သိသာထင်ရှားတာထက်တောင် လွန်ပါသေးတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဇာဗီဟာ ဘာစီလိုနာအသင်းမှာ လီယွန်နယ် မက်ဆီနဲ့တူ တွဲကစားခဲ့ပြီး ဆုဖလားတွေ အများအပြား ကိုင်မြှောက်နိုင်ခဲ့တာကြောင့် စပိန်ဂန္တဝင်ကွင်းလယ်ကစားသမားအနေနဲ့ ခရစ္စတီယာနိုနဲ့ နှိုင်းယှဉ်ရာမှာ အာဂျင်တီးနားကြယ်ပွင့်ကို ရွေးချယ်ခဲ့တာ အံ့အားသင့်စရာတော့မဟုတ်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ဟာ လက္ရွိအခ်ိန္အထိ ေဘာလုံးေလာကကို ဆယ္စုႏွစ္ ၂ ခုနီးပါး လႊမ္းမိုးခ်ဳပ္ကိုင္ထားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ မေရမတြက္ႏိုင္တဲ့ စံခ်ိန္ေတြကို ႐ိုက္ခ်ိဳးခဲ့ၾကၿပီး ယခုမ်ိဳးဆက္ရဲ႕ အေကာင္းဆုံးေဘာလုံးသမား ၂ ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ သတ္မွတ္ျခင္းခံထားရတာျဖစ္ပါတယ္။ ဒီကစားသမား ၂ ဦးထဲမွာ ဘယ္သူက အေကာင္းဆုံးလဲဆိုတာ အျငင္းအခုံဟာ အေျဖမထြက္ေသးဘဲ ေဘာလုံးေလာက က လူသိမ်ားေက်ာ္ၾကားတဲ့ ၾကယ္ပြင့္ကစားသမားအမ်ားအျပားကလည္း ၎တို႔ရဲ႕ ထင္ျမင္ခ်က္ေတြကို ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လီယြန္နယ္ မက္ဆီရဲ႕ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဘာစီလိုနည္းျပ ဇာဗီက အာဂ်င္တီးနားၾကယ္ပြင့္ဟာ ပြဲစဥ္ေတြကို လႊမ္းမိုးတဲ့အပိုင္းမွာ ေရာ္နယ္လ္ဒိုထက္ အျပတ္အသာ သာတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ဇာဗီရဲ႕ ၂၀၁၇ ခုႏွစ္တုန္းက မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ႏႈိင္းယွဥ္ခဲ့တဲ့ မွတ္ခ်က္စကားဟာ ျပန္လည္ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ဘာစီလိုနာနည္းျပက ဘာေၾကာင့္ ဘလြန္ေဒါ ၇ ဆုရွင္က ပိုမိုေကာင္းမြန္တဲ့ကစားသမားအျဖစ္ ယူဆထားလဲဆိုတာကို ရွင္းျပခဲ့တာျဖစ္ပါတယ္။

” မက္ဆီက ခရစၥတီယာႏိုနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ အရာေတာ္ေတာ္မ်ားမ်ားကို ပိုလုပ္ႏိုင္တယ္။ ခရစၥတီယာႏိုက သူ႔ကိုယ္သူ ေဘာလုံးသမိုင္းမွာ အေကာင္းဆုံးကစားသမားလို႔ ယူဆတယ္ဆိုရင္လည္း ကိစၥမရွိပါဘူး။ ဒါေပမယ့္ မက္ဆီ ေလ့က်င့္တာကို ျမင္ေတြ႕ခဲ့ရတဲ့ ကြၽန္ေတာ္တို႔ေတြထဲက လူေတြအတြက္ေတာ့ ဘာမွ ႏႈိင္းယွဥ္စရာကို မလိုပါဘူး”

“မက္ဆီက သမိုင္းမွာ အေကာင္းဆုံးကစားသမားျဖစ္ၿပီး ဘယ္လိုနည္းနဲ႔မွ အဲဒါကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ရမွာမဟုတ္ပါဘူး။ မက္ဆီက ကြဲျပားျခားနားမႈေတြကို လုပ္ေဆာင္သူျဖစ္ၿပီး ၿပိဳင္ဘက္ကစားသမားေတြကို ဟန္ခ်က္ပ်က္ေအာင္ လုပ္ဖို႔ အခ်ိန္နဲ႔ တေျပးညီ သူ႔ကို ေဘာလုံးေပးပို႔ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ အၿမဲတမ္း ႀကိဳးပမ္းခဲ့တယ္”

“မက္ဆီက ကမာၻေပၚမွာ ကြဲျပားျခားနားတာေတြကို အလုပ္ႏိုင္ဆုံး ကစားသမားပါ။ အဲဒါက သိသာထင္ရွားတာထက္ေတာင္ လြန္ပါေသးတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဇာဗီဟာ ဘာစီလိုနာအသင္းမွာ လီယြန္နယ္ မက္ဆီနဲ႔တူ တြဲကစားခဲ့ၿပီး ဆုဖလားေတြ အမ်ားအျပား ကိုင္ေျမႇာက္ႏိုင္ခဲ့တာေၾကာင့္ စပိန္ဂႏၲဝင္ကြင္းလယ္ကစားသမားအေနနဲ႔ ခရစၥတီယာႏိုနဲ႔ ႏႈိင္းယွဥ္ရာမွာ အာဂ်င္တီးနားၾကယ္ပြင့္ကို ေ႐ြးခ်ယ္ခဲ့တာ အံ့အားသင့္စရာေတာ့မဟုတ္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.