La Liga Transfer News

အသင်းရဲ့အကောင်းဆုံးကစားသမားကို ယူရို ၂၅ သန်းတည်းနဲ့ ရောင်းထုတ်မယ့် ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ ယခုနွေရာသီမှာ မန်းဖစ် ဒီပိုင်းအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် ရောင်းထုတ်ဖို့ အသင်းကို မီးစိမ်းပြသလိုက်ပြီလို့ သိရပါတယ်။

နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဘာစီလိုနာကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ အသင်းရဲ့ ပူးတွဲထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း နူးကမ့်က အနာဂတ်အတွက် ဇာဗီရဲ့ အစီအစဉ်ထဲမှာ မပါဝင်တော့ဘူးလို့ Diario AS က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုအပတ်အစောပိုင်းက အသင်း အစည်းအဝေးမှာ မန်းဖစ် ဒီပိုင်းရဲ့အေးဂျင့်ကို ခေါ်ယူပြီး ဒတ်ချ်ကြယ်ပွင့်ကို ယူရို ၂၅ သန်းတည်းနဲ့ ထွက်ခွာခွင့်ပေးသွားမှာဖြစ်တယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။

ဇာဗီဟာ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့် ရာဖင်ညာကို လာမယ့်ရာသီ ၎င်းရဲ့ လူစာရင်းထဲမှာ ထည့်သွင်းနိုင်ဖို့ မျှော်လင့်နေတာကြောင့် မန်းဖစ် ဒီပိုင်းမပါဝင်ဘဲ ရှေ့ဆက်သွားချင်နေတာဖြစ်ပြီး အူ့စ်မန် ဒမ်ဘီလီကလည်း ထွက်ခွာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ တိုက်စစ် တောင်ပံနေရာအတွက် ရွေးချယ်စရာအဖြစ် ဖာရန် တောရက်စ်နဲ့ အန်ဆူ ဖာတီတို့ ရှိနေပြီး အက်ဇ်ဇာဘဒါနဲ့ အဲလက်စ် ကော်ယာဒိုတို့ကလည်း နည်းပြဇာဗီကို အထင်ကြီးအောင်လုပ်ပြနိုင်ရင် ပထမအသင်းမှာ နေရာရနိုင်တဲ့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

မန်းဖစ်က ယခုအပတ် လူမှုကွန်ရက်မှာ အသင်းရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်နာနေတာကြောင့်လို့ ယုံကြည်ရတဲ့ နားလည်ရခက်ခဲတဲ့ပို့စ်တွေကို တင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ရာသီကြိုလေ့ကျင့်ရေးအတွက် အသင်းကို ပြန်လာပြီး အမေရိကား ရာသီကြိုခရီးစဉ်ကိုတောင် လိုက်ပါနိုင်မယ်လို့ မျှော်မှန်းနေဆဲဖြစ်ပေမယ့်လည်း ဘာစီလိုနာအသင်းက ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်တာကြောင့် နူးကမ့်ကို ပြန်လာနိုင်စရာအကြောင်းမရှိတော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာနည္းျပ ဇာဗီဟာ ယခုေႏြရာသီမွာ မန္းဖစ္ ဒီပိုင္းအတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ရွိလာခဲ့ရင္ ေရာင္းထုတ္ဖို႔ အသင္းကို မီးစိမ္းျပသလိုက္ၿပီလို႔ သိရပါတယ္။

နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဘာစီလိုနာကစားသမားဘဝ ပြဲဦးထြက္ရာသီမွာ အသင္းရဲ႕ ပူးတြဲထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့ေပမယ့္လည္း ႏူးကမ့္က အနာဂတ္အတြက္ ဇာဗီရဲ႕ အစီအစဥ္ထဲမွာ မပါဝင္ေတာ့ဘူးလို႔ Diario AS က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုအပတ္အေစာပိုင္းက အသင္း အစည္းအေဝးမွာ မန္းဖစ္ ဒီပိုင္းရဲ႕ေအးဂ်င့္ကို ေခၚယူၿပီး ဒတ္ခ်္ၾကယ္ပြင့္ကို ယူ႐ို ၂၅ သန္းတည္းနဲ႔ ထြက္ခြာခြင့္ေပးသြားမွာျဖစ္တယ္လို႔ အသိေပးခဲ့တာျဖစ္ပါတယ္။

ဇာဗီဟာ လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ ရာဖင္ညာကို လာမယ့္ရာသီ ၎ရဲ႕ လူစာရင္းထဲမွာ ထည့္သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ မန္းဖစ္ ဒီပိုင္းမပါဝင္ဘဲ ေရွ႕ဆက္သြားခ်င္ေနတာျဖစ္ၿပီး အူ႔စ္မန္ ဒမ္ဘီလီကလည္း ထြက္ခြာႏိုင္ေျခရွိေနတာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ တိုက္စစ္ ေတာင္ပံေနရာအတြက္ ေ႐ြးခ်ယ္စရာအျဖစ္ ဖာရန္ ေတာရက္စ္နဲ႔ အန္ဆူ ဖာတီတို႔ ရွိေနၿပီး အက္ဇ္ဇာဘဒါနဲ႔ အဲလက္စ္ ေကာ္ယာဒိုတို႔ကလည္း နည္းျပဇာဗီကို အထင္ႀကီးေအာင္လုပ္ျပႏိုင္ရင္ ပထမအသင္းမွာ ေနရာရႏိုင္တဲ့အခြင့္အေရးရွိေနတာျဖစ္ပါတယ္။

မန္းဖစ္က ယခုအပတ္ လူမႈကြန္ရက္မွာ အသင္းရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး စိတ္နာေနတာေၾကာင့္လို႔ ယုံၾကည္ရတဲ့ နားလည္ရခက္ခဲတဲ့ပို႔စ္ေတြကို တင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ရာသီႀကိဳေလ့က်င့္ေရးအတြက္ အသင္းကို ျပန္လာၿပီး အေမရိကား ရာသီႀကိဳခရီးစဥ္ကိုေတာင္ လိုက္ပါႏိုင္မယ္လို႔ ေမွ်ာ္မွန္းေနဆဲျဖစ္ေပမယ့္လည္း ဘာစီလိုနာအသင္းက ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီျဖစ္တာေၾကာင့္ ႏူးကမ့္ကို ျပန္လာႏိုင္စရာအေၾကာင္းမရွိေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.