Premier League Transfer News

မက်ဆီရဲ့ လက်ရွေးစင်အသင်းဖော်ကို ခေါ်ယူဖို့ အေးဂျင့်ကို ချဉ်းကပ်ခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဒီဘားလားရဲ့ အေးဂျင့်ကို ချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့မှာ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက လာမယ့်ရာသီမတိုင်ခင် အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ အသင်းရဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်း လှုပ်ရှားမှု မရှိတာကို စိတ်ပျက်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက်ပိုင်း နည်းပြ ၃ ဦးအထိ ဆက်တိုက် ခန့်အပ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သဘောမတူဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၁၉ ရာသီဆက်တိုက် ပုံမှန်ပါဝင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားချင်နေတာကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်နေတာဖြစ်ပါတယ်။

နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ ဖရန်ကီ ဒီ ယုံးနဲ့ တိုင်ရဲလ် မာလာစီယာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့်လည်း လက်ရှိအချိန်အထိ ကစားသမားခေါ်ယူမှုတစ်ခုမှ အပြီးသတ် လုပ်ဆောင်နိုင်ခြင်းမရှိသေးတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ ရော်နယ်လ်ဒိုအတွက် သင့်တော်တဲ့ကမ်းလှမ်းမှု ရှိလာရင် ကျေကျေနပ်နပ်နဲ့ လမ်းခွဲသွားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

အိုးထရက်ဖို့ဒ်က တာဝန်ရှိသူတွေဟာ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဒီဘားလားရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောဆိုခဲ့ပြီး အာဆင်နယ်အသင်းကလည်း ဆက်သွယ်ခဲ့တယ်လို့ La Repubblica က ဖော်ပြခဲ့ပါတယ်။

အီတလီသတင်းဌာနက အင်တာမီလန်၊ တော့တင်ဟမ်ဟော့စပါးနဲ့ နာပိုလီတို့ကလည်း အာဂျင်တီးနားတိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပေမယ့်လည်း ဒီဘားလားရဲ့အေးဂျင့် ဂျော့ဂျ် အန်တွန်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတည်ပြုနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးလို့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဘားလားဟာ စီးရီးအေထိပ်သီးအသင်းကြီးအတွက် ၂၉၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၁၅ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ ဒီဘားလားရဲ႕ ေအးဂ်င့္ကို ခ်ဥ္းကပ္ခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ စေနေန႔မွာ ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက လာမယ့္ရာသီမတိုင္ခင္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္တဲ့ ဆႏၵကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ အံ့အားသင့္ခဲ့ရတာျဖစ္ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း လႈပ္ရွားမႈ မရွိတာကို စိတ္ပ်က္ေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ နည္းျပ ဆိုးလ္ရွားကို ထုတ္ပယ္ၿပီးေနာက္ပိုင္း နည္းျပ ၃ ဦးအထိ ဆက္တိုက္ ခန႔္အပ္မႈေတြ ျပဳလုပ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး သေဘာမတူျဖစ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ ၁၉ ရာသီဆက္တိုက္ ပုံမွန္ပါဝင္ကစားခဲ့ရတဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားခ်င္ေနတာေၾကာင့္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္ေနတာျဖစ္ပါတယ္။

နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ဟာ ဖရန္ကီ ဒီ ယုံးနဲ႔ တိုင္ရဲလ္ မာလာစီယာတို႔ကို ေခၚယူဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း လက္ရွိအခ်ိန္အထိ ကစားသမားေခၚယူမႈတစ္ခုမွ အၿပီးသတ္ လုပ္ေဆာင္ႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ေရာ္နယ္လ္ဒိုအတြက္ သင့္ေတာ္တဲ့ကမ္းလွမ္းမႈ ရွိလာရင္ ေက်ေက်နပ္နပ္နဲ႔ လမ္းခြဲသြားလိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။

အိုးထရက္ဖို႔ဒ္က တာဝန္ရွိသူေတြဟာ အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ ဒီဘားလားရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ စကားေျပာဆိုခဲ့ၿပီး အာဆင္နယ္အသင္းကလည္း ဆက္သြယ္ခဲ့တယ္လို႔ La Repubblica က ေဖာ္ျပခဲ့ပါတယ္။

အီတလီသတင္းဌာနက အင္တာမီလန္၊ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ နာပိုလီတို႔ကလည္း အာဂ်င္တီးနားတိုက္စစ္မႉးကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ေဖာ္ျပခဲ့ေပမယ့္လည္း ဒီဘားလားရဲ႕ေအးဂ်င့္ ေဂ်ာ့ဂ်္ အန္တြန္နဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ အတည္ျပဳႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးလို႔ လမ္းခြဲၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ ဒီဘားလားဟာ စီးရီးေအထိပ္သီးအသင္းႀကီးအတြက္ ၂၉၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၁၅ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.